Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 27, 2014

စတုတ္ထမြန်မာနိုင်ငံတည် ဗိုလ်ချုပ်အောင်ဆန်း

စတုတ္ထမြန်မာနိုင်ငံတည် ဗိုလ်ချုပ်အောင်ဆန်း
================================
ရှေ့နေဦးဖာနှင့် ဒေါ်စုတို့မှ ၁၂၇၆-ခုနှစ် တပေါင်းလဆန်း ၁-ရက် (၁၃-၂-၁၉၁၅) စနေနေ့တွင် ဖွားမြင်သည်၊ ငယ်မည်မှာ မောင်ထိန်လင်း ဖြစ်၏၊ သို့ရာတွင် သူ့အထက်အကိုမှာ မောင်အောင်သန်းဖြစ် သဖြင့် "သူ အောင်သန်းဆိုရင် ကျနော် အောင်ဆန်းပေါ့" ဟု ဗိုလ်ချုပ်ကိုယ်တိုင် နာမည်ခံယူလိုက် မှုကြောင့် မောင်အောင်ဆန်း-ဟုသာ ခေါ်ခဲ့ကြသည်။
နိုင်ငံလွတ်လပ်ရေးအတွက် ငယ်စဉ်မှစ၍ အခန်းကဏ္ဍမျိုးစုံမှ ပါဝင်ပြီး နယ်ချဲ့ကို တော်လှန်ခဲ့သည်။ ၁၉၄၁-ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင်များကို ဦးဆောင်ကာ ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ သွားရောက်၍ စစ်ပညာများ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် ဂျပန်တပ်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံသို့ ချီတက်ကာ အင်္ဂလိပ်ကို တိုက်ခိုက်သည်၊ ဂျပန်ခေတ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိချုပ်အဖြစ် တာဝန်ယူကွပ်ကဲ ဆောင်ရွက်ခဲ့သည်။
၁၉၄၅-ခုနှစ် မတ် ၁၇-ရက်နေ့တွင် ရန်သူကို တိုက်ခိုက်ရန် မြန်မာ့တပ်မတော်ကြီးကို ဖွဲ့စည်း တည်ထောင်ကာ ဦးဆောင်၍ စစ်မြေပြင်သို့ ထွက်ခဲ့ပြီး မတ်လ ၂၇-ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို စတင် တော်လှန်တိုက်ခိုက်သည်၊ ဖက်ဆစ်တော်လှန်ရေးအပြီး (၁၈-၈-၄၅)နေ့၌ နေသူရိန်အစည်း အဝေးကြီး ကျင်းပကာ သဘာပတိအဖြစ် ဆောင်ရွက်၍ ဗမာ့လွတ်လပ်ရေးကို တောင်းဆိုသည်။
အင်္ဂလိပ်ခေတ် ၁၉၄၆-ခုနှစ်တွင် အင်္ဂလိပ်ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိယသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်၊ ၁၉၄၇-ခုနှစ် ဇန်န၀ါရီလတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ "အောင်ဆန်း-အက်တလီစာချုပ်"ကို လက်မှတ်ရေးထိုး ချုပ်ဆိုသည်။ ဖေဖော်ဝါရီ ၁၂-ရက်နေ့ တွင် တိုင်းရင်းသားသွေးစည်းရေးဖြစ်သော " ပင်လုံညီလာခံကြီး" ကို ဦးစီးကျင်းပခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံးကို စည်းလုံးညီညွတ်အောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်သည်၊ သူ၏ အထူးခြား အထင်ရှားဆုံးသောဂုဏ်ရည်မှာ---" တည်ကြည် ရိုးသား ဖြောင့်မတ်မှု " ဖြစ်ရာ ထိုအချက်ဖြင့်ပင် တိုင်းသူပြည်သားအားလုံးတို့သည် ဗိုလ်ချုပ်၏ ဦးဆောင်မှု ကို ခြွင်းချက်မရှိ ယုံကြည်လက်ခံ ခဲ့ကြလေသည်။
ဗိုလ်ချုပ် ထိုသို့ တည်ကြည်ရိုးသားဖြောင့်မတ်ရာ၌ သူ၏ ပင်ကိုယ်စိတ်ဓာတ် ဖြူစင်သန့်ရှင်းမှု. တိုင်းပြည်အပေါ်စေတနာထားမှုများအပြင် ဇနီး-ဖြစ်သူ ဒေါ်ခင်ကြည်၏ စိတ်ထားမြင့်မြတ်မှုများလည်းအကြောင်းတစ်ရပ်အနေဖြင့် ပါဝင်နေပေသည်၊ ဒေါ်ခင်ကြည်သည် အခြားအရာရှိကတော်များလို "မောင်ရယ်.. စိန်နားကပ်က သေးတယ်၊ အကြီးကြီး ၀ယ်ပေးကွယ်" ဆိုသော ကတော်မျိုးမဟုတ်ပေ၊ တိုင်းပြည်အတွက် စေတနာသန့်သန့်ဖြင့် ဆောင်ရွက်ရန် ဗိုလ်ချုပ်အား အမြဲတမ်း သတိပေးတိုက်တွန်းခဲ့ သလို ထိုသို့ ဆောင်ရွက်နိုင်အောင် နောက်ပိုင်းမှ အစွမ်းကုန် ကူညီပံ့ပိုးပေးခဲ့သူလည်း ဖြစ်ပေသည်။
ဗိုလ်ချုပ်ကလည်း ဇနီးသည်၏ အချိုပေါ် သကာလောင်းပေးမှုကို ကျေနပ်စွာ လက်ခံခဲ့သည်၊ ထို့ကြောင့်ပင် သူတည်ထောင်ခဲ့သည့် တပ်မတော်ကြီးအတွက် ဦးတည်ချက် ဆောင်ပုဒ် သတ်မှတ်သော အခါ "တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်စေရမည်၊ တိုင်းပြည်သည် တပ်မတော်အတွက် မဖြစ်စေရ" ဟု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ (တပ်မတော်သည် တိုင်းပြည်အတွက် လုပ်ပေးစရာရှိတာတွေကို အကုန်လုပ်ပေးမည်၊ သို့သော် တိုင်းပြည်အပေါ်မှ မည်သည့်အခွင့်အရေး မှ ပြန်မယူ-ဆိုသည့် သဘောဖြစ်သည်၊ ဗိုလ်ချုပ်၏ ထိုဆောင်ပုဒ်ကို ရှေးက စစ်တပ်အခမ်းအနားများတွင် ရွတ်ဆိုခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင်မူ မဆိုကြတော့၊ အချို့သော တပ်မတော်သားများဆိုလျှင် ထိုဆောင်ပုဒ်ကို မေ့၍ပင် နေကြလေပြီ။)
ဗိုလ်ချုပ်သည် ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၃-ရက်နေ့တွင် မြို့တော်ခန်းမ၌ အရေးကြီးဆုံးသောမိန့်ခွန်း (နောက်ဆုံးမိန့်ခွန်း)ကို မြွတ်ကြားခဲ့ပြီးနောက် တိုင်းပြည်လွတ်လပ်ရေးရရန် ၅-လကျော်အလို ၁၃၀၉-ခုနှစ် ၀ါခေါင်လဆန်း ၂-ရက် (၁၉-၇-၄၇) စနေနေ့ နံနက် (၁၀း၃၇)နာရီတွင် နယ်ချဲ့လက်ပါးစေ လူမသမာများ၏ လုပ်ကြံမှုကို ခံရ၍ ကွယ်လွန်ခဲ့လေသည်။
(ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသ၏
တိပိဋကဓရဘွဲ့ရ ၁၀-နှစ်ပြည့် အမှတ်တရ ဘ၀နှင့်မှတ်တမ်းများ စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။)

The Express Times

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။