Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 30, 2014

ဒေါ်စုကိုတံဆိပ်ကပ်နေသူများအတွက်.. ဒေါ်စုရဲ့ ကမ္ဘာသို့ထိရောက်စွာပြောကြားချက်များ..

ဒေါ်စုကိုတံဆိပ်ကပ်နေသူများအတွက်..
ဒေါ်စုရဲ့ ကမ္ဘာသို့ထိရောက်စွာပြောကြားချက်များ..
===================
(၁)
ILO ဆွေးနွေးပွဲ အပြီး၊ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ - ၁၄-၆-၂၀၁၂
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ?
(AFP သတင်းထောက်တစ်ဦးမှမေး)
” အဆင်း ရဲ ဆုံး ဒေသ ဖြစ်တဲ့ အတွက်
ပြဿနာ တွေ အတော် များ ” အဆင်း ရဲ ဆုံး ဒေသ ဖြစ်တဲ့ အတွက်
ပြဿနာ တွေ အတော် များပါတယ်...။

နယ်စပ် လုံခြုံရေး နဲ့  နိုင်ငံ တွင်း ရွှေ့ ပြောင်း ၀င်ရောက် နေထိုင်
သူ တွေ အခြေချရေး ကိစ္စတွေ မှာ သက် ဆိုင်ရာ အာဏာ ပိုင် တွေ အနေနဲ့ 
လာဘ်စား မှု ကင်းပြီး ၊မဟုတ်တာ မလုပ် တဲ့ အခြေအနေ မျိုး ရှိ သင့် ပါတယ်။ "

------------------------
ရိုဟင်ဂျာ တွေ မှာ နိုင်ငံ သား ဖြစ်ဖို့  အခွင့် အရေး ရှိသလား ?
( သတင်းထောက်တစ်ဦးမှမေး)
“ ဘယ်လိုလူတွေ နိုင်ငံ သား ဖြစ်ဖို့  အရည် အချင်း ပြည့်မှီ
သလဲ ၊ နိုင်ငံ သား အခွင့် အရေး က ဘာ တွေ လဲ ဆိုတာ နဲ့  ပတ်သက် ပြီး ..
ရှင်းလင်း တိကျ တဲ့ ဥပဒေတစ်ရပ် လို အပ် တယ် “
---------------------------
ရိုဟင်ဂျာ တွေ နိုင်ငံသား ဖြစ်ခွင့် ရှိသလား ?
( သတင်းထောက်တစ်ဦးမှ ထပ်မံမေးမြန်း)
" တိကျရှင်းလင်း ပြတ်သား တဲ့..
နိုင်ငံ သား ဖြစ်မှု ဆိုင်ရာ ဥပဒေ တစ်ရပ် လိုအပ် ပါတယ် "
---------------------------------
***သတင်း ထောက်များ က ရိုဟင်ဂျာ ဟု အမည် နာမ မှည့် ခေါ် ပြီး
မေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် က
နယ်စပ် က ၀င်ရောက် လာသူ.. ဟုသာပြောခဲသလို..
ရိုဟင်ဂျာအရေးဟု မပြောပဲ ရခိုင်ပြည်နယ်စပ်အရေးဟုသာ
ပြောဆိုခဲ့သည်ကို ထူးခြားစွာတွေ့ရပါသည်။
မည်သူတွေအနီးတွင် ခပ်တည်တည်နှင့်ရဲရဲဝံ့ဝံ့ပြောနေသည်ကို..
ဓာတ်ပုံကိုကြည့်ရင်တွေ့နိုင်ပေသည်..။
______________________________
(၂)
အော်စလိုဖိုရမ်အပြီးသတင်းစာရှင်းလင်းပွဲ ၊နော်ဝေးနိုင်ငံအော်စလိုမြို့ ၊ ၁၆-၂-၂၀၁၂..
ရိုဟင်ဂျာဟာ တွေကို မြန်မာနိုင်ငံသားတွေ အဖြစ် ခင်ဗျားလက်ခံသလား?
( သတင်းထောက်တစ်ဦး၏ ချောင်ပိတ်မေးခွန်း)
ပြသာနာတွေရဲ့ အရင်းမြစ်ဟာ တရားဥပဒေ စိုးမိုးရေးကင်းမဲ့လို့  ပဲဖြစ်တယ်။
မြန်မာနိုင်ငံသားဖြစ်ဖို့ ဘယ်လို အချက်အလက်တွေ နဲ့ သတ်မှတ်ထားသလဲ
ဆိုတာ ကို တိတိကျကျ ပြည့်စုံတဲ့  ဥပဒေ မရှိသေးတဲ့ အချိန်မှာ
ပြောရတာခက်ပါတယ်။ ဥပမာတစ်ခု ပြောပြရရင်၊
ရွေးကောက်ပွဲ အတွင်း ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ 
စည်းကမ်းချက်မှာ မြန်မာနိုင်ငံသားဖြစ်ရမယ်လို့  သတ်မှတ်ထားတယ်။
ကိုယ်စားလှယ် တစ်ယောက်က မြန်မာပြည်မှာမွေးတယ်၊
သူ့ မိဘတွေ က မြန်မာတွေ ဖြစ်တယ်၊
ဒါပေမယ့် နောက်ပိုင်း သူ့ ဖခင်က တခြားနိုင်ငံတစ်ခု မှာ နိုင်ငံသားအဖြစ်
ခံယူလိုက်လို့ 
သူ့ ကို သတ်မှတ်ချက်နဲ့  မကိုက်ညီဘူး ဆိုပြီး ပယ်လိုက်တယ်။
ဒါကြောင့် ကျွန်မတို့ ဆီမှာ မြန်မာနိုင်ငံသားဖြစ်ဖို့  ဘယ်လို ဥပဒေအချက်တွေ
သတ်မှတ်ထားသလဲ ဆိုတာတောင် ကျွန်မ တို့ ရှင်းရှင်းလင်းလင်း မသိဘူး။
ရိုဟင်ဂျာတွေ ကို ဘင်္ဂလားဒေ့ရှ်ကလဲ သူတို့ နိုင်ငံသားမဟုတ်ဘူးလို့  ပြောတယ်၊
ကျွန်မတို့ ဘက်ကလည်း ကိုယ့်နိုင်ငံသား မဟုတ်ဘူးလို့ ပြောတယ်၊
ဒါဆို သူတို့ တွေ ဘယ်က ရောက်လာကြတာလဲ။
-------------------
ရိုဟင်ဂျာတွေ ကို မြန်မာနိုင်ငံသားအဖြစ် လက်ခံမှာလား၊ ငြင်းပယ်မှာလား ?
( ထပ်မံ ချောင်ပိတ်သောမေးခွန်း)
" I don't know ..ကျွန်မ မသိပါဘူး။
ရှင်က ရိုဟင်ဂျာလို့ ပြောတဲ့နေရာမှာ၊ ဘယ်သူတွေကို ရည်ညွန်းတာလဲ?
မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက နေထိုင်လာတဲ့သူတွေ လား၊
ဒါမှမဟုတ် သိပ်မကြာသေးခင်က မှ နယ်စပ်ကို ဖြတ်ကျော်လာတဲ့ သူတွေ ကို
ပြောတာလား..
တချို့ ကလည်း အခု မြန်မာနိုင်ငံသား ဖြစ်ဖို့ ပြောဆိုနေတဲ့ ရိုဟင်ဂျာတွေ ဟာ
မြန်မာပြည်တွင်း နှစ်အတော်ကြာ နေထို်င်နေတဲ့ သူတွေ မဟုတ်ပဲ၊
လတ်တလောက မှ ဘဂ်လားဒေ့ရှ် နိုင်ငံက နေ ကူးလာတဲ့ သူတွေ ဖြစ်တယ်လို့ 
ပြောကြတယ်။
တချိန်တည်းမှာပဲ ဘဂ်လားဒေ့ရှ် ကလဲ သူတို့ ကို မြန်မာနိုင်ငံက
ကူးလာတဲ့သူတွေ လို့ ပြောတယ်။ ဥပဒေစိုးမိုးရေးမရှိပဲနဲ့ ဒီပြသာနာကို
မဖြေရှင်းနိုင်ဘူး။ အခု လတ်တလော မှာဖြစ်တဲ့ ပြသာနာကို ပဲ ကြည့်လို့ မရဘူး၊
မြန်မာနိုင်ငံသား ဖြစ်ရန် သတ်မှတ်ထားတဲ့ ဥပဒေ၊ တရားဥပဒေ စိုးမိုးမှု၊
လူဝင်မှု ကြီးကြပ်ရေး နဲ့  နိုင်ငံသားအဖြစ် သတ်မှတ်ဖို့ လိုအပ်ချက်
စတဲ့ ဥပဒေ အသေးစိပ်နဲ့  အခိုင်အမာရှိတော့မှ၊ အဲဒီ အချက်တွေ
ပေါ်မူတည်ပြီး ကျွန်မတို့  ဆုံးဖြတ်လို့ ရမှာဖြစ်တယ်။"
____________________________
(၃)
BBC အင်တာဗျူး၊ ခေတ္တ လန်ဒန်မြို့ ၊၂၀၁၃ အောက်တိုဘာလ ...
ဓါးစာခံအများစုဟာ မွတ်ဆလင်တွေဆိုတာကို ဒေါ်စု လက်ခံပါသလား ။
မွတ်ဆလင်တွေကို စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတာ
အထောက်အထားလည်း ရှိနေပါတယ် ။
(ဘီဘီစီသတင်းထောက် Mishal Husain )
"ဟုတ်ပါတယ် ။ မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။
ဒါပေမယ့် အကြမ်းဖက်မှုကို ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။
နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။
ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။
အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေရဲ့
တုန့်ပြန်ခြင်းတွေကလည်း ကြောက်ရွံစိုးထိတ်မှုကို အခြေခံတယ် ဆိုတာပါဘဲ ။
တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား ( global Muslim power )
သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။
ကမ္ဘာ့နေရာတော်တော်များများမှာ ဒီအင်အားကို သိမြင်ကြသလို
ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။
ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့....။"
---------------
လွန်ခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အပြုသဘောပြောင်းလဲတိုးတက်မှု
တွေကြားထဲမှာသိပ်ပြီး စိတ်မချမ်းသာစရာကောင်းလှ ၊
မလွယ်လှတဲ့ အဖြစ်တွေကလည်း ရှိနေတယ်နော် ။
အထူးသဖြင့် မြန်မာမွတ်ဆလင်တွေကို ဦးတည်ထားတဲ့
အကြမ်းဖက်ပဋိပက္ခတွေပေါ့ ။
အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။
တချို့က ဒါကို မျိုးတုန်းသတ်ဖြတ်နေမှု ( ethnic cleansing ) လို့
ပြောနေကြတယ် ။
(ဘီဘီစီသတင်းထောက် Mishal Husain )
" မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။
ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့....၊
ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း
ပတ်သက်နေပါတယ် ။
ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့လူဘောင်အဖွဲ့အစည်းထဲမှာ
သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့
မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။
ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။
ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာ
စိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။
ဒီစိုးရွံထိတ်လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး ....
မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကို
အားလုံးသဘောပေါက်နားလည်ဖို့ လိုပါတယ် "
----------------
နှစ်ဖက်စလုံးမှာ ကြောက်လန့်မှုတွေ ရှိတယ် ဆိုရင်တောင်မှ
ခံစားရတဲ့အတိုင်းအတာ ပဏာမချင်း မညီဘူး ဆိုတာကို ဒေါ်စု လက်ခံမလား ။
မြန်မာမွတ်ဆလင် တစ်သိန်းလေးသောင်းလောက် အိုးအိမ်တွေ စွန့်ပြီး
ဒုက္ခသည်စခန်းတွေမှာ သွားနေကြရတယ်လေ ။
သူတို့က ဒီတိုက်ခိုက်အကြမ်းဖက်မှုတွေရဲ့ အဆိုးဆုံးဒုက္ခတွေကို
ခါးစည်းခံရသူတွေပါ ။
(ဘီဘီစီသတင်းထောက် Mishal Husain )
" ဗုဒ္ဓဘာသာတွေအများကြီးလည်း မြန်မာပြည်ကနေ
အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားခဲ့ကြရတာပါဘဲ ။
ဒုက္ခသည်စခန်းတွေမှာ အကြောင်းမျိုးစုံနဲ့ ရောက်နေတဲ့
ဗုဒ္ဓဘာသာတွေလည်း အများကြီးပါ ။
အများစုဟာ ထိုင်းမှာပါ ။
ကမ္ဘာအနှံ့မှာလည်း ပြန့်နေတာပါဘဲ ။
ဒါက အာဏာရှင်အစိုးရလက်အောက်မှာ ကျမတို့ ခံစားခဲ့ရတဲ့
ဒုက္ခတွေရဲ့ ရလာဒ်ပါ ။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေရင်
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့ပါဘူး ။
အာဏာရှင်အစိုးရတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ
တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုကို မွေးဖွားစေပါတယ် "
_____________
ဒေါ်စုရဲ့..ကမ္ဘာသို့ ပြောကြားချက်များကို..
လေ့လာနိုင်ပါရန် ပြန်လည်ပြုစုပေးလိုက်ပါတယ်
(ပုရစ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။