Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 30, 2014

ဆွေးနွေး ညှိနှိုင်းမှု Negotiation

ဆွေးနွေး ညှိနှိုင်းမှု Negotiation
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဖွင့်လှစ်သင်ကြားခဲ့တဲ့ နိုင်ငံရေးသိပ္ပံ သင်တန်းမှာ Human Security လို့ ခေါ်တဲ့ လူသားတွေရဲ့ လုံခြုံ ရေးနှင့် Human Development လို့ ခေါ်တဲ့ လူသားတွေရဲ့ ဖွံ့ ဖြိုးတိုးတက်မှုတွေနဲ့  National Security နိုင်ငံလုံခြုံရေးနှင့် National Development နိုင်ငံဖွံ့ ဖြိုးတိုးတက်မှု အဆက်အစပ် ကိုပြောပြဆွေးနွေးသွားတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
နိုင်ငံလုံခြုံရေးကိုပိုမိုအာရုံထားပြီး ဂရုစိုက်ရာမှာ နိုင်ငံသားတစ်ဦးချင်း လုံခြုံရေး ဂရုမစိုက်မိတဲ့ အတွက် နိုင်ငံသားတွေဟာ မလုံခြုံမှုကိုခံစားရရင် နိုင်ငံရဲ့ လုံခြုံရေးကို ဖျက်စီးနိုင်တယ်ဆိုတဲ့ အချက်ဟာ ဂရုစိုက်စရာပါ။
ပရော်ဖက်ဆာ(၂) ယောက်ဆွေးနွေးသွားတဲ့ ကိစ္စရပ်တွေဟာ စိတ်ဝင်စားစရာပါ။ နိုင်ငံတကာ ဆက်ဆံရေးအကြောင်းတွေ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနှင့် နိုင်ငံတကာ ဥပဒေကြား ပြိုင်နေမှု၊ ပဋိပက္ခ အသွင်ဆောင်နေမှုဟာလည်း စိတ်ဝင်စားစရာပါ။

ကျွန်တော်စိတ်အ၀င်စားဆုံး အပိုင်းက ဆွေးနွေး ညှိနှိုင်းမှု Negotiation ပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ မျက်မှောက် နိုင်ငံရေးအနေအထားဟာလည်း ဆွေးနွေးညှိနှိုင်း အဖြေရှာမှုအပေါ် လုံးဝမူတည်နေတဲ့အတွက် ကျွန်တော်ပိုမို စိတ်ဝင်စားခဲ့ခြင်းဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် အကြောင်းအရာတစ်ခု အပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာတော့မယ်ဆိုရင် ရပ်တည်ချက်(၂)ခု ကိုညှိနှိုင်းရတာပါ။ ဥပမာ ကျောင်းဆရာတစ်ယောက်အနေနဲ့  လစာတိုးလိုချင်တယ်။ ကျောင်းအုပ်ဆရာတစ်ယောက်အနေနဲ့ လစာတိုးမပေးချင်တဲ့ အခြေအနေမျိုးမှာ ကျောင်းဆရာအနေနဲ့  လစာတိုးရမှ ဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ကျောင်းအုပ်အနေနဲ့ လစာတိုးမပေးနိုင်ဘူး ဆိုတဲ့ရပ်တည်ချက် (၂) ခု ပဋိပက္ခ ဖြစ်ပါပြီ။
ရပ်တည်ချက်တွေကိုမလျော့ပေးကြဘူး ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးအတွက်စိတ်မကောင်းပါဘူး။ ဒီနေရာမှာ ပါမောက္ခ Brendan က ရပ်တည်ချက် Position နှင့် Interest လိုလားမှု၊ အကျိုးစီးပွားမတူတာကို ထောက်ပြသွားပါတယ်။ ဆရာက လစာတိုးတောင်းတဲ့ကိစ္စမှာ သူ့ ရဲ့ လခ တိုးတောင်းရခြင်း အကြောင်းအရင်းက သူ့ အတွက် အခန်းဌားခ လိုအပ်နေလို့ ပါ။ သူ့ ရဲ့ ရပ်တည်ချက်က လစာပိုမိုတောင်းဆိုမှုဖြစ်ပေမယ့် သူ့ ရဲ့ တကယ့်ပြဿနာ က သူ့ ရဲ့ လိုလားမှု က အိမ်ဌားချင်တာပါ။ ကျောင်းအုပ်ဖြစ်သူက သူ့ ရဲ့ ရပ်တည်မှုအရ သူ့ ရဲ့ လိုလားမှု Interest ကိုရအောင် ရှာဖွေရပါမယ်။ ကျောင်းအုပ်က ကျောင်းဆရာလခ ပိုမိုတောင်းခံခြင်းဟာ သူ့ အတွက် အခန်းဌားခလိုတယ်လို့ သိခဲ့ ရင် ကျောင်းအုပ်က ဆရာတွေနေတဲ့တိုက်ခန်းတွေမှာ အားလပ်နေတဲ့အခန်းတစ်ခုကို လစာတိုးတောင်းမယ့်ဆရာကို နေခွင့် ပေးလိုက်ခြင်းဖြင့် အောင်မြင်တဲ့ ညှိနှိုင်းဆွေးနွေးမှု တစ်ခုကို ရရှိနိုင်မှာပါ။
ဒါဟာ ရိုးစင်းတဲ့ ဥပမာတစ်ခုပါ။ ဒီနေရာမှာ ပါမောက္ခ Brendan ထပ်ပြီးဆွေးနွေးခဲ့တာက သူ့ ရဲ့ လိုလားမှု အကျိုးစီးပွားဟာ ကိုယ့်ရဲ့ အကျိုးစီးပွားပဲဖြစ်တယ်ဆိုတာပါ။ ကျောင်းဆရာရဲ့ လိုလားမှုကိုမဖြေရှင်းနိုင်ရင် ကျောင်းအုပ်အတွက် ဆရာတစ်ယောက်ဆုံးရှုံးရပါလိမ့်မယ်။ ကျောင်းအုပ်ရဲ့ လိုလားမှုကလည်း လစာတိုးပေးဖို့ ၊ ပိုက်ဆံမရှိခြင်းဖြစ်တဲ့အတွက် လစာတိုးမပေးလိုမှုပါ။
ကျောင်းအနေနဲ့ ကျောင်းဆရာရဲ့ ရပ်တည်ချက်ကိုဘဲ သိပြီး၊ သူ့ ရဲ့ အမှန်တကယ်လိုလားမှုဖြစ်တဲ့အိမ်ခန်းဌားလိုမှုကို မသိရှိခဲ့ရင် ပြဿနာ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ပြဿနာ တစ်ခုကို ညှိနှိုင်းအဖြေရှာရာမှာ တစ်ဖက်လူရဲ့  ရပ်တည်ချက် ထက်သူ့ ရဲ့ လိုလားမှု၊ အကျိုးစီးပွားကို သိရှိအောင် ရှာဖွေရပါမယ်။
မြန်မာနိုင်ငံမှာ လက်တွေ့ ဖြစ်နေတဲ့ ပဋိပက္ခကို တစ်ဖက်နှင့်တစ်ဖက် ရပ်တည်ချက်တွေကိုလည်း မကြည့်ဘဲ သူ့ ရဲ့ လိုလားမှုတွေကို ကြည့်ဖို့ လိုပါတယ်။ ဒါမှသာ အောင်မြင်တဲ့ တွေ့ ဆုံဆွေးနွေးအဖြေရှာမှု ဖြစ်လာပြီး ပြဿနာ ပြေလည်သွားမှာပါ။ ပေါမောက္ခ Brendan ဆွေးနွေးသွားတဲ့အချက်တွေထဲမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက ပြဿနာ တစ်ခုကိုဖြေရှင်းရင် ပြဿနာကိုမကြည့်ဘဲ ပြဿနာဖြစ်ရခြင်း အကြောင်းအရင်းကို ဖြေရှင်းဖို့ လိုပါတယ်။ ဒါကို ပြဿနာကို ပြဿနာမဖြစ်အောင် လုပ်ရခြင်းလို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို Conflict Transformation ပါ။
တရုတ်နိုင်ငံကို ဥပမာထားပြောမယ်ဆိုရင် တရုတ်နိုင်ငံအစိုးရဟာ သူ့ ကိုဆန့် ကျင်ဆန္ဒပြမှုတွေကို ဖြေရှင်းတဲ့နေရာမှာ ဆန့် ကျင်ဆန္ဒပြမှုတွေထက် ဘာကြောင့်ဆန့် ကျင်ဆန္ဒပြမှုပြုလုပ်သလဲ ဆိုတဲ့ အကြောင်းအရင်းကို ရှာပါတယ်။ အဲဒီ့အကြောင်းအရင်းကို ဖြေရှင်းပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံမဟုတ်ပေမယ့် တရုတ်အစိုးရဟာ ပြည်သူတွေရဲ့ ထောက်ခံမှုအထိုက်အလျောက်ရရှိနေခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကတည်းက စစ်အစိုးရဟာ သူ့ ကိုဆန့် ကျင်တဲ့ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းပြီး ဘာကြောင့်ဆန့် ကျင်ဆန္ဒပြရတယ်ဆိုတဲ့ အကြောင်းအရင်းကိုမရှာဖွေခဲ့ပါဘူး။
မြန်မာနိုင်ငံစစ်အစိုးရဟာ သူအုပ်ချုပ်နေစဉ်အတွင်း အမှားတွေအများကြီးပြုလုပ်ခဲ့ပါတယ်။ စစ်အစိုးရကို ပြည်သူတစ်ရပ်လုံး ဘာကြောင့်မနှစ်မြို့  ရသလဲဆိုရင် ပြည်သူတွေရဲ့ အကျိုးစီးပွားလိုလားမှုကို သိအောင် မကြိုးစားပဲ ကိုယ့်ဘာသာတည်မြဲရေးနှင့် ကိုယ့်စစ်တပ်အသိုင်းအ၀ိုင်း၊ ကိုယ့်မိသားစု ကောင်းစားရေးဦးတည်ခဲ့လို့ ပါ။
ဒါတွေအားလုံးကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသားရင်ကြားစေ့ရေး အတွက်လက်ရှိအစိုးရ အနေနဲ့  ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပြည်သူတွေရဲ့ လိုလားမှုကို ရှေးရှုဖို့ လိုအပ်နေပါပြီ။ စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုအတွက် တာဝန်ရှိသူတွေအနေနဲ့  မိမိရဲ့ ရပ်တည်ချက်ထက် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုဖို့ လိုပါပြီ။
အရေးအကြီးဆုံးက လူငယ်တွေပါ။ လူငယ်တွေရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ပက်သတ်မှု အားကောင်းပြီး တာဝန်ရှိသူတွေကို ဖိအားပေးပြောဆိုနိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တွေ့ ဆုံဆွေးနွေးအဖြေရှာမှုပေါ်ထွန်းလာမှာပါ။
Ref: မျိုးရန်နောင်သိန်း - နိုင်ငံရေး နှင့် ယနေ့လူငယ်ကဏ္ဍ- 4/8/2011

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။