ရန်ကုန်မှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးမယ်လည်း ဆိုလိုက်ကြရော ဆူကြ၊ ညံကြ၊ ဆန္ဒပြမယ်လုပ်ကြ စသည်ဖြင့် ဖြစ်ကုန်ကြတော့တာပါပဲ။ ယနေ့အချိန်မှာ လျှပ်စစ်ဆိုတာ အရာရာနဲ့သက်ဆိုင်နေပြီလို့ ပြောရမလိုလိုပါပဲ။ မီးဖြတ်လိုက်တာဟာ (စကားအကြီးကြီးနဲ့ပြောရရင်) ကမ္ဘာနဲ့အဆက်ဖြတ်လိုက်တာပါပဲ။
စက်ရုံတွေမှာ မီးမလာတော့ မီးစက်နဲ့လည်ပတ်ပါမယ်။ ဒီအတွက် ဒီဇယ်၊ ဓါတ်ဆီ ကုန်ကျစရိတ်တွေအပိုဖြစ်လာပြန်တယ်။ လျှပ်စစ်နဲ့လည်ပတ်ရတဲ့ လုပ်ငန်းမှန်သမျှမှာ လောင်စာအတွက်ကုန်ကျစရိတ်တွေဖြစ်လာတယ်။ ဒီတော့ ဘာဖြစ်မလဲ။
ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာတယ်။ မြင့်တက်သွားတဲ့ လောင်စာစရိတ်ကို လုပ်ငန်းရှင်တွေ၊ ထုတ်လုပ်သူတွေက စိုက်ထုတ်ကုန်ကျရပေမဲ့ တကယ်တမ်း တန်ဖိုးကြီးပေးပြီး သုံးစွဲရတာ ပြည်သူလူထုပါပဲ။စက်ရုံတွေမှာ မီးမလာတော့ မီးစက်နဲ့လည်ပတ်ပါမယ်။ ဒီအတွက် ဒီဇယ်၊ ဓါတ်ဆီ ကုန်ကျစရိတ်တွေအပိုဖြစ်လာပြန်တယ်။ လျှပ်စစ်နဲ့လည်ပတ်ရတဲ့ လုပ်ငန်းမှန်သမျှမှာ လောင်စာအတွက်ကုန်ကျစရိတ်တွေဖြစ်လာတယ်။ ဒီတော့ ဘာဖြစ်မလဲ။
နောက်ဆက်တွဲက ဘာဖြစ်လာမလဲ။ မသုံးမဖြစ်သုံးစွဲရတဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်နေရတဲ့ကြားထဲမှာ လျှပ်စစ်မီးမမှန်လို့၊ လျှပ်စစ်မီးအားမပြည့်လို့ ထပ်မံကုန်ကျရတဲ့ အပိုဝန်ထုပ်ဝန်ပိုး ဈေးနှုန်းတက်မှုက ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုဖြစ်နေပါတယ်။
သိကြတဲ့အတိုင်း ကုန်ဈေးနှုန်းဆိုတာကလည်း တက်ပြီးရင် ပြန်မှမကျတော့တာ (ခဲယဉ်း)။ ဒီအတွက် ကုန်ဈေးနှုန်းတက်မှုကို လည်စင်းပေးနေရတဲ့ ပြည်သူလူထုထဲက နိုင်ငံဝန်ထမ်းတွေဟာ အကျင့်ပျက်ပြီး၊ လာဘ်စားရတော့တာပါပဲ။ အဓိကအကြောင်းအရင်းက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမတိုးတက်ရခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကို တားဆီးနိုင်မည့် နည်းလမ်းဖြစ်တဲ့ နိုင်ငံတွင်းသုံးစွဲနေရတဲ့ ထုတ်ကုန်တွေလုံလောက်မှုမရှိခြင်း (မထုတ်လုပ်နိုင်ခြင်း) စတဲ့အကြောင်းအရာတွေဖြစ်လာတော့တာပါပဲ။
*** ယနေ့ကမ္ဘာရဲ့ စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းရဲ့ ကျောရိုးထဲမှာ လျှပ်စစ်စွမ်းအင်လုံလောက်ခြင်း ဆိုတာရှိတယ် ***
KZ
Kanaung.NET
Kanaung.NET
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။