ပထမမြန်မာနိုင်ငံတည် အနော်ရထာမင်းကြီး
========================== ====
ခမည်းတော် ကြောင်ဖြူမင်းနှင့် မယ်တော်မြောက်နန်းမိဖုရားတို့မှ မြန်မာသက္ကရာဇ် ၃၇၆-ခုနှစ်တွင် ဖွားမြင်သည်။ ခမည်းတော်ကို နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော်စုက္ကတေးမင်းနှင့် အနော်ရထာ သည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွားပြီး ခမည်းတော်အား မင်းပြန်ပြုရန် တောင်းပန်သည်၊ ခမည်းတော်က "ငါ အသက်ကြီးပြီ၊ အမောင်သာ မင်းပြုတော့"ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆-ခုနှစ်တွင် မင်းပြုသည်။
နိုင်ငံတော်ကြီးကို ကျယ်ပြန့်ပြီး ဖွံ့ဖြိုးတိုးတက်အောင် စည်းလုံးညီညွတ်အောင် ဆောင်ရွက်ခဲ့သလို တိုင်းသူပြည်သားတို့ ကိုးကွယ်မှုမှန်ကန်အောင်လည်း ဗြာဟ္မာ.ဗိဿနိုး.ပရမေသွာ.နတ် .နဂါး.အရည်းကြီး
ကိုးကွယ်မှုများကို တော်လှန်တိုက်ဖျက်ခဲ့သည်။ သထုံပြည်မှ ကြွလာသောဓမ္မဒဿီခေါ် အရှင်အရဟံနှင့် လက်တွဲ၍ ဗုဒ္ဓသာသနာတော်ကိုလည်း ထွန်းလင်းတောက်ပအောင် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။
၄၃၉-ခုနှစ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လှည့်လည်လုပ်ဆောင်ပြီး ၍ နေပြည်တော်သို့ အပြန် သရပါတံခါးမှ ၀င်ခါနီး အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတစ်ကောင်သည် လူသူမသွားလာနိုင် လောက်အောင် အန္တရာယ်ပြုနေပါသည်-ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ အောင်သာမြစ်ခြေသို့ ချီတက်သည်။ ရောက်၍ ကျွဲရိုင်းကို မြင်လျှင် ဆင်တော် သန်မြန်စွာကို ချွန်းဖွင့်လွှတ်၍ တိုက်ခိုက်သည်။ လှံပစ်ကျွမ်းကျင်သော အနော်ရထာမင်းသည် ကျွဲရိုင်းကို လှံဖြင့် ထုတ်ချင်းပေါက်အောင် ပစ်ခတ်နိုင်သော်လည်း အသက်ပြင်းသော ကျွဲရိုင်းက ပြန်လည်ရန်ပြုသဖြင့် ဆင်ပေါ်၌ပင် ကျွဲခတ်မိပြီး နတ်ရွာ စံရလေသည်။
(တချိန်က မိမိကို ကြိမ်စကြာဖြင့် ရိုက်နှက်ထားသည်ကို မကျေနပ်သောထိန်ပင်စောင့်နတ် က ကျွဲရိုင်းတွင် ၀င်ပူး၍ ခတ်ခြင်းဖြစ်သည်-ဟုလည်း ဆိုကြသည်။)
The Express Times
==========================
ခမည်းတော် ကြောင်ဖြူမင်းနှင့် မယ်တော်မြောက်နန်းမိဖုရားတု
နိုင်ငံတော်ကြီးကို ကျယ်ပြန့်ပြီး ဖွံ့ဖြိုးတိုးတက်အောင် စည်းလုံးညီညွတ်အောင် ဆောင်ရွက်ခဲ့သလို တိုင်းသူပြည်သားတို့ ကိုးကွယ်မှုမှန်ကန်အောင်လည်း
ကိုးကွယ်မှုများကို တော်လှန်တိုက်ဖျက်ခဲ့သည်။ သထုံပြည်မှ ကြွလာသောဓမ္မဒဿီခေါ် အရှင်အရဟံနှင့် လက်တွဲ၍ ဗုဒ္ဓသာသနာတော်ကိုလည်း ထွန်းလင်းတောက်ပအောင် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။
၄၃၉-ခုနှစ်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက
(တချိန်က မိမိကို ကြိမ်စကြာဖြင့် ရိုက်နှက်ထားသည်ကို မကျေနပ်သောထိန်ပင်စောင့်နတ်
The Express Times
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။