Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 25, 2014

“နိုင်ငံသားစိတ်ဓာတ်ကို အကာအကွယ်ယူပြီးတော့ နိုင်ငံရဲ့ရေရှည် တိုးတက်ရေးနဲ့ ရေရှည်ညီညွတ်ရေးကို လုပ်စေချင်တယ်ဆိုတဲ့ ဆရာမမသီတာ(စမ်းချောင်း)နှင့်တွေ့ဆုံခြင်း”

“Democratic Society ဖြစ်ဖို့”
Q. အခုလက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ Democratic Society ဖြစ်ဖို့အတွက်ဆိုရင် အစိုးရအနေနဲ့ရော နိုင်ငံသားတွေအနေနဲ့ပါ ဘာတွေလိုအပ်ချက်ရှိနေလဲဆိုတာ ဆွေးနွေးအကြံပြုပေးပါဆရာမ။
A. Democratic Society မှာ မဏ္ဍိုင်ကြီးငါးခုရှိတယ်။ အစိုးရလို့ ပြောရင် အုပ်ချုပ်ရေးမဏ္ဍိုင်က အဓိကပဲ။ အစိုးရက အာဏာရှင်စနစ် တစ်လျှောက်လုံးမှာ မဏ္ဍိုင်ကြီးသုံးခုစလုံးကို တစ်ခုတည်းအနေနဲ့ ကိုင်ထားတာ။ ဥပဒေပြုရေးလွှတ်တော်ဆိုတာ ရှိမှမရှိတာ။ တရားစီရင်ရေးကိုလည်း သူပဲကိုင်ထားတာ။ အဲဒီလို ကိုင်ထားတဲ့ အတွက်ကြောင့် အကျင့်ပါနေတာပေါ့။ Inertia လို့ တို့က သုံးလေ့ရှိတယ်။ Inertia ဖြစ်တဲ့အခါကျတော့ သူက ကျန်တဲ့မဏ္ဍိုင်တွေကို သြဇာညောင်းဖို့ ကြိုးစားတယ်။
အဲဒီဟာကို သူ့ဘက်က ဆင်ခြင်ဖို့လိုပြီ။ တန်းတူအခွင့်အရေးအတွက် လိုအပ်နေတဲ့ Infrastructure တွေ ကို ဖြည့်ဆည်းပေးဖို့ကိုပဲ အာရုံစိုက်စေချင်တယ်။ ကျန်တဲ့မဏ္ဍိုင်တွေပေါ်မှာ သြဇာညောင်းဖို့အတွက် မကြိုးစားစေချင်ဘူး။ သူ အဲဒီလို ကြိုးစားနေတာနဲ့ သူ့မဏ္ဍိုင်က သူ့အလုပ်တွေကို သူ ကောင်းကောင်း လုပ်နိုင်မှာမဟုတ်တော့ ဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်က လူတွေအနေနဲ့ ကိုယ့်ရဲ့စီမံခန့်ခွဲမှုတွေ၊ ကိုယ့်ရဲ့အလုပ်တွေကိုပဲ အာရုံစိုက်ပြီးတော့ ပိုပြီးကြိုးစားစေချင်တယ်။
လွှတ်တော်ဆိုတာက မဏ္ဍိုင်အသစ်။ ဥပဒေပြုရေးမဏ္ဍိုင်ဆိုတာ အရင်တုန်းက မရှိခဲ့ဘူး။ အရင်က ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာမျိုးနဲ့ ပြီးသွားတာဆိုတော့ ဒါမဏ္ဍိုင်အသစ်ဖြစ်လာတယ်။ အဲဒီတော့ လွှတ်တော်ကလူတွေကလည်း နိုင်ငံသားတွေကို အကာအကွယ်ပေး မယ့်ဥပဒေတွေ များများပေါ်ပေါက်ဖို့၊ တည်ဆဲဥပဒေတွေက နိုင်ငံသားတွေ အတွက် ထိခိုက်နစ်နာစေတယ်ဆိုရင်လည်း ဒါတွေကို လျော့သွားအောင် ဦးစားပေး အာရုံစိုက်ပြီးတော့ ထိထိရောက်ရောက် လုပ်စေချင်တယ်။ ဥပဒေပြုရေးမဏ္ဍိုင်ကနေ တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာ သွားပြီးတော့ သြဇာညောင်းဖို့ မကြိုးစားစေချင်ဘူး။ ဒီလိုမှပဲ Balance ဆိုတာ ရှိမှာလေ။ မဏ္ဍိုင်တစ်ခုခုက အဲဒီလိုမျိုး သြဇာညောင်းဖို့အတွက် လုပ်နေလို့ရှိရင် အာဏာရှင်စနစ်ကို ပြန်သွားမှာပဲ။ အဲဒီအတွက်ကြောင့် သူတို့ကလည်း သူတို့အလုပ်ကိုပဲ ဦးစားပေးပြီးတော့ ပီပီပြင်ပြင် လုပ်စေချင်တယ်။
တရားစီရင်ရေးမဏ္ဍိုင်ကလည်း ဒီအတိုင်းပဲ။ တရားစီရင်ရေး မဏ္ဍိုင်က အုပ်ချုပ်ရေးရဲ့လက်ဝေခံအနေနဲ့ တစ်သက်လုံးရပ်တည်ခဲ့ရာကနေ ခွဲထွက်စေချင်ပြီ။ လွတ်လွတ်လပ်လပ် ရပ်တည်စေချင်ပြီ။ ဥပဒေပြုရေး မဏ္ဍိုင်ကလူတွေ အဆင်မပြေရင် ထောက်ပြတဲ့သူ ဖြစ်စေချင်ပြီ။ အုပ်ချုပ်ရေးမဏ္ဍိုင်ကလူတွေ အဆင်မပြေရင် ထောက်ပြတဲ့ သူ ဖြစ်စေချင်ပြီ။ နိုင်ငံသားတွေကို ဖိနှိပ်တာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံသား အားလုံးကို ဥပဒေရဲ့အောက်မှာ အေးချမ်းလုံခြုံစွာ စောင့်ရှောက်နိုင် ဖို့အတွက်ဆိုရင် တရားစီရင်ရေးမဏ္ဍိုင်ကို မောင်းတင်တဲ့သူတွေက အရေးကြီးဆုံးပဲ။ ဒါတွေကို လုပ်စေချင်ပြီ။
မီဒီယာကလည်း ဒီအတိုင်းပဲ။ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ လုပ်ရမှာက အစိုးရနဲ့ ရန်ဖြစ်ဖို့လည်း မဟုတ်ဘူး။ နိုင်ငံသားတွေရဲ့ သတင်းသိပိုင်ခွင့်ကို အစွမ်းနိုင်ဆုံး ဖြည့်ဆည်းပေးဖို့ပဲ။ နိုင်ငံရဲ့ Democratic Society ဆိုတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်ရတယ်၊ ဘယ်အခန်းကဏ္ဍမှာ နိုင်ငံသားတွေက ပါနေရတယ်၊ ဘယ်လောက် အရေးကြီး တယ်ဆိုတာတွေကို နားလည်သဘောပေါက်အောင် ကိုယ်ကိုယ်တိုင်က လည်း လေ့လာရမယ်။ သုံးသပ်ရမယ်။ ကိုယ်ကိုယ်တိုင် က ဖြည့်စွမ်းပြီးတော့မှ နိုင်ငံသားတွေရဲ့သိပိုင်ခွင့်ကို အစွမ်းကုန်ပြည့်ဝအောင် အားထုတ်စေချင်တယ်။ ဘဘဦးဝင်းတင်ရဲ့ စကားနဲ့ပြောရရင် နိုင်ငံရေး လုပ်စားကိုင်စား အာဝဇ္ဇန်းလောက်နဲ့ ပိုက်ဆံရဖို့အတွက်ကိုပဲ ဦးတည်တယ် ဆိုတဲ့ မီဒီယာတွေများလာလို့ရှိရင် ဒီမဏ္ဍိုင်က ကြုံလှီသွားမှာ ပဲ။ ဒေါက်တိုင် တစ်ခုအနေနဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ အောက်ခြေကို ရောက်သွားမှာပဲ။ အုပ်ချုပ်ရေးအောက် ရောက်ချင်ရောက်သွားမယ်။ ဥပဒေပြုရေးအောက် ရောက်ချင်ရောက်သွားမယ်။ တရားစီရင်ရေးအောက် ရောက်ချင်ရောက်သွားမယ်။ အဲဒီလိုမျိုးတွေ ဖြစ်သွားလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် သီးသန့် လွတ်လပ်ခွင့်ရဖို့ဆိုရင် ကိုယ့်မှာ စွမ်းအားရှိမှဖြစ်မယ်။ မီဒီယာမဏ္ဍိုင်ကိုလည်း အဲဒီလို ဖြစ်စေချင်တယ်။
နိုင်ငံသားမဏ္ဍိုင်ကတော့ တာဝန်အကြီးဆုံးမဏ္ဍိုင်ပဲ။ ခုနက မဏ္ဍိုင်ကြီးလေးခု တလွဲဖြစ်နေရင် သူကပဲအော်ရမှာ။ သူကပဲ ပြောရမှာ။ တလွဲမဖြစ်အောင် သူစောင့်ကြည့်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေပြုရေးမဏ္ဍိုင်ကို သူမဲပေးပြီး ရွေးထားတာ။ အစိုးရဆိုတာကလည်း သူမဲပေးပြီးရွေးထားတဲ့သူတွေကိုပဲ ဖွဲ့စည်းပြီး အစိုးရဖြစ်လာတာ။ မဏ္ဍိုင်ကြီးနှစ်ခုစလုံးကို သူက တိုက်ရိုက်သွားပြီးတော့ ထိရောက်အောင် လုပ်ပေးနိုင်တဲ့သူ။ တစ်ခါ မီဒီယာမဏ္ဍိုင်ကိုလည်း မှားနေရင် သူကိုယ်တိုင်က ၀ယ်မဖတ်ဘူးဆိုပြီး ငြင်းရမှာ။ မင်းတို့ ငါ့ကိုတော့ တလွဲတွေ၊ အလကားတွေနဲ့ လာမရောင်းနဲ့။ ပိုက်ဆံအကုန်ခံပြီး ၀ယ်မဖတ်ဘူး။ ငါတို့ အဲဒါမျိုးတွေ အားမပေးဘူး။ ဒါမျိုးတော့ လာမလုပ်နဲ့ဟေ့ဆိုတာမျိုးတွေ သူက ပြောမယ်၊ လုပ်မယ်ဆိုရင် အဲဒီ အပေါစားတွေ၊ လုပ်စားကိုင်စားနေတာတွေ ရပ်တန့် သွားလိမ့်မယ်။ ဒီလိုနည်းနဲ့ မီဒီယာကို သန့်စင်လို့ရတယ်။ အဲဒါ Consumer's Rights ပဲ။ အဲဒီတော့ နိုင်ငံသားမဏ္ဍိုင်ကလည်း သူ့အလုပ်ကိုသူ လုပ်စေချင် တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် Democratic Society ကို ကောင်းကောင်းတည်ဆောက်နိုင်မှာပါ။
“နိုင်ငံသားစိတ်ဓာတ်ကို အကာအကွယ်ယူပြီးတော့ နိုင်ငံရဲ့ရေရှည် တိုးတက်ရေးနဲ့ ရေရှည်ညီညွတ်ရေးကို လုပ်စေချင်တယ်ဆိုတဲ့ ဆရာမမသီတာ(စမ်းချောင်း)နှင့်တွေ့ဆုံခြင်း”
Eternal Light Magazine
June 2014
“မျိုးချစ်စိတ်စစ်စစ်ဆိုတာ”

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။