Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 30, 2014

ဒိုင်လူကြီး၊ ကစားသမားနှင့် စည်းကမ်း

ဒိုင်လူကြီး၊ ကစားသမားနှင့် စည်းကမ်း
========================
စည်းကမ်း ဆိုသည်မှာ နယ်ပယ်တစ်ခုနှင့် တစ်ခုအကြား ကွဲပြားစေရန် “စည်း” ဆွဲပြီး ကန့်သတ်ပေးထားသည့် သဘောဆောင်ကာ မြစ်၊ ချောင်းများကို “ကမ်း” ပါးနှင့် အနားသတ် ထိန်းကွပ်ပေးထားသည့် သဘောကို ဆိုလိုသည်။ ထိုသဘောနှစ်ခု ပေါင်းကာ “စည်းကမ်း” ဆိုသည့် ဝေါဟာရ ဖြစ်လာသည်။ ထိုနှစ်ခု ပေါင်းသော် အများလိုက်နာရန် သတ်မှတ် ထုတ်ပြန်ထားသည့် အထိန်းအကွပ်ဟု ပြောရမည် ဖြစ်သည်။
“စည်းကမ်းသည် လူ့တန်ဖိုး” ဟု ရှေးမြန်မာပညာရှိတို့ သတ်မှတ် ပြောဆိုခဲ့သည့် စကားတစ်ခွန်းမှာ တိုတောင်းလှသော်လည်း များစွာလေးနက် ထိမိလှသည်။
လူ့အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ စည်းကမ်းရှိခြင်း၊ မရှိခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ မလိုက်နာခြင်းသည် ထိုလူ့အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တန်ဖိုး သတ်မှတ်ချက်လည်း ဖြစ်သည်။
သို့ဆိုလျှင် ကျွန်ုပ်တို့ မြန်မာလူ့အဖွဲ့အစည်းတွင် မိမိကိုယ်ကိုယ် ထိပ်ဆုံးမှ တာဝန်အရှိဆုံးသူဟု အထင်ရောက်နေသူများ စည်းကမ်းကို မည်သို့ နားလည်ထားကြသနည်းဟု မေးခွန်းထုတ်ကြည့် ရပေမည်။
အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမတိုင်မီ “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဟု ကင်ပွန်းတပ်၊ အကောင်အထည် ဖော်နေသူများကို မေးခွန်းထုတ်ကြည့်စရာ ကောင်းလှသည်။ စည်းကမ်း ဆိုသော မြန်မာဝေါဟာရကို မည်သို့ နားလည်ထားသနည်း၊ ကိုယ်ကိုယ်တိုင် မည်မျှ စည်းကမ်း ရှိသနည်း၊ ယဉ်ကျေးစေသာ လူ့အဖွဲ့အစည်းတစ်ရပ်က သတ်မှတ်ထားသည့် စည်းကမ်းများကို မိမိကိုယ်တိုင် မည်မျှ လိုက်နေပါသနည်း ဆိုသော မေးခွန်းများကို ဦးစွာ မေးကြည့်ရပေမည်။
အနိမ့်ဆုံးအဆင့်၊ အလွယ်ကူဆုံး အဆင့်ကို ပြောရလျှင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဆိုသည်မှာ နိုင်ငံတစ်ခုအတွင်း နေထိုင်သူ နိုင်ငံသားအားလုံး လိုက်နာရန် ထုတ်ပြန်ထားသော အခြေခံ စည်းကမ်းများ ဖြစ်သည်။ လုံလောက် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ မည်သူမျှ စည်းကမ်း ချိုးဖောက်ခွင့် မရှိပေ။ အဆိုပါ စည်းကမ်းကိုပင် လက်ရှိအုပ်ချုပ်ရေး တာဝန်ယူထားသူများ မည်မျှ လိုက်နာခဲ့ပါသနည်း၊ ယခုကော မည်မျှ လိုက်နာနေသနည်း ဟူသော မေးခွန်းကို ဖြေကြည့်သင့်ပေသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဆင့် မော်တော်ယာဉ် ဖြတ်သွားသမျှ လမ်းတိုင်းရှိ လမ်းဆုံများတွင် မီးပွိုင့်များ တောက်လျှောက် စိမ်းပေးထားခြင်းသည် စည်းကမ်းလိုက်နာမှု ရှိမရှိ မိမိကိုယ်ကိုယ် ဝေဖန်သုံးသပ် ကြည့်သင့်လှသည်။
ထိုထက် အနည်းငယ် မြင့်သည့် စည်းကမ်းကို ပြောရလျှင် မိမိကျွမ်းကျင်သော ပရော်ဖက်ရှင်နယ် အလုပ်ကိုသာ စိုက်လိုက်မတ်တတ် လုပ်ကိုင်ခြင်း၊ မိမိနှင့် မသက်ဆိုင်သော၊ မကျွမ်းကျင်သော၊ မိမိလုပ်ပိုင်ခွင့် မဟုတ်သောကိစ္စ၊ အကြောင်းအရာ၊ နယ်ပယ်ကို ဝင်မစွက်ဖက်ခြင်းသည် စည်းကမ်း လိုက်နာခြင်း ဖြစ်သည်။
ဥပမာ ဆိုရသော် ဒိုင်လူကြီးတစ်ဦးသည် ကစားသမားများ၏ ကစားပုံ၊ ကစားနည်းနှင့် ကစားကွက်ကို ဝင်ရောက် စွက်ဖက်ခွင့် မရှိပေ။ ကစားပွဲ စည်းမျဉ်း စည်းကမ်းနှင့် မညီလျှင်မူ ပြောခွင့် ရှိသည်။ ကစားပွဲအတွက် သတ်မှတ်ထားသော စည်းကမ်း မဖောက်မချင်း ဒိုင်လူကြီးက ကစားသမားများကို မည်သည့် အကြောင်းနှင့်မျှ ပြောစရာ မလိုပေ။ ယင်းမှာ ဒိုင်လူကြီးများနှင့် ကစားသမားများ အကြား ရှိနေသည့် စည်းကမ်းဖြစ်သည်။ ယင်းစည်းကမ်းကို လက်ရှိ ကစားပွဲတွင် ဒိုင်လူကြီး တာဝန်ယူထားသူများ လိုက်နာကြပါ၏လော။
စည်းကမ်း ထိန်းသယောင် ဟန်ဆောင်ကာ စည်းကမ်းနှင့် မညီသော ပြုမူ၊ ပြောဆို၊ ရေးသားမှုများမှာ မိမိသိက္ခာနှင့် အဆင့်အတန်းကို မိမိဘာသာ ဖော်နေခြင်း ဖြစ်သည်။ ထို့အပြင် ဒိုင်လူကြီး တစ်ယောက်အတွက် သတ်မှတ်ထားသော စည်းကမ်းများ မလိုက်နာဘဲ ကစားသမားများ ကစားပုံ မကောင်းကြောင်း ပြောနေပါက မိမိကိုယ်တိုင်၊ မိမိ ဦးဆောင်နေသော အဖွဲ့အစည်း၊ မိမိ ကိုယ်စားပြုသော နယ်ပယ်ကို တန်ဖိုးချသကဲ့သို့ ဖြစ်ကာ ကစားသမားများနှင့် ပွဲကြည့် ပရိသတ်များ၏ ယုံကြည်လေးစားမှု ကျဆင်းစေကြောင်း သိစေလိုရင်း ဖြစ်သည်။
The Voice Weekly အယ်ဒီတာ
K.K(ကနောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။