စကော့တလန်ရဲ့သမိုင်းအမွေအီဒင်ဘာရဲတိုက်
အီဒင်ဘာရဲတိုက်ကြီးဟာစကော့တလန်ရဲ့အီဒင်ဘာမြို့မှာတည်ရှိနေပါတယ်။
ဒီရဲတိုက်ရဲ့ရာဇဝင်ဟာ၁၂ ရာစုလောက်ကိုရောက်သွားပါတယ်။ဒီရဲတိုက်ကိုဘာအတွက်ရည်ရွယ်ပြီးဆောက်ထားမှန်းသေချာ
မပြောနိုင်ပေမဲ့စစ်အတွင်းမှာအကျဉ်းစခန်းအဖြစ်အသုံးပြုခဲ့တာသာမက
စစ်တပ်စခန်း၊တော်ဝင်ဘုရင်၊ဘုရင်မတွေနေထိုင်ဘူးတာကိုလဲတွေ့ရှိနိုင်ပါတယ်။
ဒီရဲတိုက်ဟာထူးထူးဆန်းဆန်းလွန်ခဲ့တဲ့နှစ်ပေါင်း၃၄၀မီလီယံလောက်ကမီးတောင်ပေါက်ရာကနေဖြစ်ပေါ်လာတဲ့ကျောက်သားပေါ်မှာဒီရဲတိုက်ရဲ့ရာဇဝင်ဟာ၁၂ ရာစုလောက်ကိုရောက်သွားပါတယ်။ဒီရဲတိုက်ကိုဘာအတွက်ရည်ရွယ်ပြီးဆောက်ထားမှန်းသေချာ
မပြောနိုင်ပေမဲ့စစ်အတွင်းမှာအကျဉ်းစခန်းအဖြစ်အသုံးပြုခဲ့တာသာမက
စစ်တပ်စခန်း၊တော်ဝင်ဘုရင်၊ဘုရင်မတွေနေထိုင်ဘူးတာကိုလဲတွေ့ရှိနိုင်ပါတယ်။
တည်ဆောက်ထားတာဖြစ်ပါတယ်။ဒီရဲတိုက်ကိုဆောက်ခဲ့တဲ့သူက David I ဖြစ်ပါတယ်။ဒီရဲတိုက်ရဲ့ရာဇဝင်ကကြီးပါတယ်။အင်္ဂလိပ်နဲ့စကော့တွေတိုက်ပွဲဖြစ်တိုင်းဒီရဲတိုက်ကြီးကအဓိကကျပါတယ်။ဒီရဲတိုက်ကိုသိမ်းပိုက်နိုင်ရင်အီဒင်ဘာမြို့ကိုအုပ်ချုပ်နိုင်သလိုစကောတလန်ကိုလဲ
သိမ်းပိုက်ပြီးသားဖြစ်သလိုမို့စစ်တိုက်တိုင်းဒီရဲတိုက်ဟာတိုက်ခိုက်ခံရစမြဲဖြစ်ပါတယ်။ပထမဆုံးအကြီးကျယ်ဆုံးတိုက်ပွဲကတော့ ၁၃ရာစုလောက်မှာ Edward I of England ကစကောတလန်ရဲ့နန်းလုတာဖြစ်ပါတယ်။
၁၂၉၆ ကနေ၁၃၄၁ အထိမှာအင်္ဂလိပ်လက်ကနေစကော့တွေလက်ထဲ
အကြိမ်ကြိမ်ပြန်ရောက်ခဲ့ပါတယ်။ပထမနဲ့ဒုတိယလွပ်လပ်ရေးတိုက်ပွဲအပြီးမှာရဲတိုက်ကြီးဟာတော်တော်ပျက်စီးသွားပါတယ်။ပြန်လည်ပြုပြင်ရေးကို David II ကလုပ်ခဲ့ပြီးအထိမ်းအမှတ်အနေနဲ့ David’s Tower ဆိုပြီးဆောက်ခဲ့ပါတယ်။
၁၅၇၁မှာစကောတလန်ဘုရင်မ ကိုဖမ်းဆီးထိမ်းသိမ်းပြီးဘုရင်မရဲ့နောက်လိုက်တွေအားလုံး၁၅၇၃မှာအင်္ဂလိပ်တွေစီမှာလက်နက်ချခဲ့ကြပါတယ်။ David’s Tower ကြီးလဲပျက်စီးသွားခဲ့ပါတယ်။စကော့တွေဟာအင်္ဂလိပ်လက်ထဲကနေအကြိမ်ကြိမ်ဒီရဲတိုက်ကိုပြန်ရဖို့ကြိုးစားပေမဲ့
မအောင်မြင်ခဲ့ပါဘူး။
ဒီရဲတိုက်ကို၁၈ရာစုနဲ့၁၉ရာစုနောင်းပိုင်းတွေမှာအင်္ဂလိပ်တွေဟာစစ်ပွဲအတွင်း
အကျဉ်းသားတွေကိုထိမ်းသိမ်းဖို့ထောင်အနေနဲ့အသုံးပြုခဲ့ပါတယ်။
၁၉၂၇မှာတော့ဒီရဲတိုက်ရဲ့တစိတ်တဒေသကိုစကော့တလန်ရဲ့အမျိုးသားစစ်
ွအထိမ်းအမှတ်နေရာတခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။
ဒီရဲတိုက်ဟာဒီကနေ့မှာတကမ္ဘာလုံးကနိုင်ငံတကာခရီးသွားတွေအတွက်လေ့လာစရာနေရာတခု
အဖြစ်အထင်ကရရှိနေပါတယ်။တငှစ်ကိုခရီးသွားပေါင်း ၁မိလီယံလောက်သွားရောက်လေ့လာ
နေတဲ့ကျော်ကြားတဲ့နေရာတခုလဲဖြစ်ပါတယ်။
ဒီရဲတိုက်နဲ့ပတ်သက်လို့ထူးဆန်းတဲ့ဒဏ္ဍာရီတခုတော့ပြောစမှတ်ရှိပါတယ်။အဲဒါကအီဒင်ဘာတက္ကသိုလ်ကျောင်းသားတွေဟာဒီရဲတိုက်ရဲ့ဂိတ်ကိုဖြတ်မိရင်နောက်
်ဆုံးစာမေးပွဲကြီးကိုကျလေ့ရှိတယ်လို့ဆိုပါတယ်။မှန်မမှန်ကတော့ဖြတ်ကြည့်မှသိမှာပါ။ဒီ့အပြင်စကောတလန်မှာသရဲအခြောက်ဆုံးနေရာဟာဒီရဲတိုက်လို့လဲဆိုပါတယ်။နာမည်အကြီးဆုံးသရဲက Lone Piper ဖြစ်ပါတယ်။သူ့ကိုမြေအောက်လျှို့ဝှက်လှိုင်ခေါင်းတွေကိုလေ့လာဖို့စေလွှတ်ရာကနေပြန်မလာပဲပျောက်ဆုံးသွားပါတယ်။တခါတရံမှာပုလွေသံကိုကြားရတယ်လို့ဆိုပါတယ်။
OMO
ကိုးကား။။History of Edinburgh Castle
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။