ကျပ်မပြည့်သော သမ္မတ
=============
သမ္မတ ဦးသိန်းစိန် က စပြီး၊ ကြံ့ဖွံ့အစိုးရ တဖွဲ့လုံး၊ ပြန်ကြားရေးက ပုဂ္ဂိုလ်များပါ မကျန်၊ စစ်တပ်က ပုဂ္ဂိုလ်ကြီးများကော ပြောနေ၊ ရေးနေတဲ့ စကားတွေ ကြားရတာ ကလိ ကလိ ဖြစ်လွန်းလို့ဗျာ။
=============
သမ္မတ ဦးသိန်းစိန် က စပြီး၊ ကြံ့ဖွံ့အစိုးရ တဖွဲ့လုံး၊ ပြန်ကြားရေးက ပုဂ္ဂိုလ်များပါ မကျန်၊ စစ်တပ်က ပုဂ္ဂိုလ်ကြီးများကော ပြောနေ၊ ရေးနေတဲ့ စကားတွေ ကြားရတာ ကလိ ကလိ ဖြစ်လွန်းလို့ဗျာ။
"တပ်မတော်သည် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ အစဉ်အလာကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သည်၊ ဒီ့အတွက် ဆက်လက်ပြီးလည်း ပါဝင်ရဦးမည်" ဆိုတာဗျာ. . .
ကျနော်တို့ တိုင်းပြည်ရဲ့သမိုင်း တကမ္ဘာလုံးမှာ မှတ်တမ်းမှတ်ရာတွေ နဲ့ ရှိတယ်။ တကမ္ဘာလုံးက သမိုင်းပညာရှင်တွေရဲ့ ရေးသားမှုတွေ လည်း ရှိတယ်။
၁၉၆၂ မတိုင်မီ က အရှေ့တောင်အာရှရဲ့ အချမ်းသာအကြွယ်ဝဆုံးသောတိုင်းပြည်၊ အာရှဒေသတွင်းမှာပါ၊ ပညာတတ်အင်မတန်ပေါများ၊ အင်မတန်ကြွယ်ဝ၊ ကမ္ဘာ့ဘဏ်မှာ အရန်ရွှေများထားနိုင်၊
ထိုင်းအပါအ၀င်၊ ဒေသတွင်းနိုင်ငံများကို ပို့ကုန်များတင်ပို့ခဲ့တဲ့ နိုင်ငံ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်လို လူတွေ၊ နိုင်ငံတကာ မျက်နှာစာမှာ ထွန်းပေါက်သော လူတော်တွေ အင်မတန်ပေါများသော တိုင်းပြည်၊ အနုပညာအနေနဲ့လည်း ရှေ့တန်းမှာ။ အားကစားဆိုလည်း ထိပ်တန်း ချန်ပီယံ။

ဒီလို အခြေအနေကို ချောက်ထဲကျဖို့ လက်တလုံးအလို ဆိုပြီး ကယ်တင်လိုက်တာ ခု မြင်တဲ့အတိုင်းပဲ။
ခင်ဗျားတို့ လက်ချက်မှ မဟုတ်ရင် ဘယ်သူ့ကြောင့် လို့များပြောချင်သေးသလဲ မေးပါရစေဦး။
အချမ်းသာဆုံးတိုင်းပြည်ဘ၀ ကနေ အဆင်းရဲဆုံး (L.D.C) နိုင်ငံဖြစ်သွားရတာ၊ ကွန်မြူနစ်(ဗကပ)တွေကြောင့်လား၊ အနောက်မျှော် ပုဆိန်ရိုးတွေကြောင့်လား၊ သေချာလည်းပြောပြပါဦး။
နိုင်ငံတကာ က သမိုင်းပညာရှင်များသုံးသပ်ချက်တွေကိုလည်း ဖတ်ကြည့်ကြပါဦး။
ခင်ဗျားတို့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့၊ စစ်တပ်ထဲ က သင်ရိုးညွှန်းတမ်းတွေထဲမှာပဲ
သမိုင်း ကို ခုလိုရေးထားနေ၊ ကျက်မှတ်နေတယ် ထင်တယ်။
သမိုင်း ကို ခုလိုရေးထားနေ၊ ကျက်မှတ်နေတယ် ထင်တယ်။
တကမ္ဘာလုံးမှားပြီး၊ ခင်ဗျားတို့ဘဲ မှန်တယ်လို့များ ထင်နေသလား။
ဒါမှမဟုတ် ဇွတ်ကြီးကို မှားမှန်းသိရဲ့နဲ့ မှန်တယ်လို့ အော်နေသေးတာလား။
၁။ မှားနေမှန်းသိရဲ့နဲ့ ဇွတ်အတင်းကြီး မှန်တယ် လို့ မျက်စိမှိတ်အော်နေတာဆိုရင် ခင်ဗျားတို့က လူလိမ်တွေ၊ သူရဲဘောကြောင်သူတွေပဲဗျ။
၂။ တကယ်ကြီးကို ဒါကိုပဲ အမှန်လို့ ယုံနေတယ် ဆိုရင်တော့ အားလုံး ခင်ဗျားတို့ တပြုံလုံး သေချာ ကျန်းမာရေးစစ်ဆေးသင့်ပြီ လို့ ထင်ပါတယ်။
ဒါ့ထက် ထင်ရှားတာတောင် ဒီလောက် ထင်ရှားဖို့မလွယ်တဲ့ ကိစ္စဗျာ။ ဒါကိုပဲ ခင်ဗျားတို့ဟာ သမိုင်းမှာ အစဉ်အလာကြီးမားတဲ့ အခန်းကဏ္ဍ က ပါခဲ့တာ လို့ ပြောတာဟာ၊
သွက်ချာပါဒ ရူးနေရင်ပဲ ဖြစ်ဖြစ်၊ ကျပ်ကို မပြည့်လို့ရင်ပဲ ဖြစ်ဖြစ် တခုခုတော့ ချွတ်ယွင်းနေလို့ပါ။

ခင်ဗျားတို့ကြောင့် တိုင်းပြည် ခုလို ဖြစ်သွားရတယ် ဆိုတာကို
ကျနော်ကပဲ ငါ့စကားနွားရ ပြောတာလား၊
နိုင်ငံတကာ သမိုင်းစာမျက်နှာတွေမှာကော ဘယ်လိုရေးထားလဲ ဆိုတာ ဉာဏ်ကလေး သုံးပြီး လေ့လာဖတ်မှတ်ကြစေ့ချင်ပါတယ်။
ခင်ဗျားတို့ကို ခင်ဗျားတို့ နိုင်ငံတကာ စာတွေဖတ်တယ် ဆိုပြီးလည်း အင်မတန် လူတောတိုးချင်လှ မလား။
အဲဒီ စာတွေ အကုန်မှားပြီး၊ ခင်ဗျားတို့ ဒီအက်စ်အေ က စာ ပဲ မှန်တယ်များ ပြောဦးမလားပဲ။

ရှိရှိသမျှ စစ်ဗိုလ်ချုပ်တွေကြီး အားလုံး အပြုံလိုက်ကြီး လွဲနေတာတော့ တိုင်းပြည်အတွက် မကောင်းလှဘူး။
မှားတယ်ဆိုတာ သိရင်လည်း စစ်သားတွေပဲ
အာဏာသိမ်းခဲ့တာ မှားတယ် ဆိုတာမျိုး ပြတ်ပြတ်သားသားပြောဖို့လို၊
အာဏာသိမ်းခဲ့တာ မှားတယ် ဆိုတာမျိုး ပြတ်ပြတ်သားသားပြောဖို့လို၊
သိရင်လည်း
ဟိုတလောက ခင်ဗျားတို့ဝန်ကြီး ဦးအောင်မင်း ပြောခဲ့သလို၊ ကိုယ့်ကြောင့်လည်း ဒီအခြေဆိုက်ခဲ့ပြီ၊ ခုလည်းကိုယ်ဘာမှ မသိ၊ မတတ်ဘူး ဆိုတာသိရင်လည်း၊
တိုင်းပြည်ကို တကယ်ချစ်ရင် အားလုံး တက်ညီလက်ညီနဲ့ သတ္တိရှိရှိ နဲ့ ဆင်းပေးသင့်ပြီ ထင်ပါရဲ့။
ရေးသာရေးရတယ်။
သတ္တိရှိရှိ ဆိုတာကို. . .
နားကော လည်ပါ့မလား မသိ၊
သတ္တိရှိရှိ ဆိုတာကို. . .
နားကော လည်ပါ့မလား မသိ၊
ချိုတူးဇော်
=========================
လွင်သန္တာစိုးCredit To>Cho TuZal<Thanks
http://www.facebook.com/lwinthandarsoe
=========================
လွင်သန္တာစိုးCredit To>Cho TuZal<Thanks
http://www.facebook.com/lwinthandarsoe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။