အန္တရာယ်များကြားက ရွှေ့ပြောင်းမြန်မာလုပ်သားများ ဘဝ
တရုတ်နိုင်ငံဘက်မှ တရားဝင် အလုပ်သမားခေါ်ယူရန် ကမ်းလှမ်းမှုမရှိသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖိနှိပ်ခံနေရကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ဇွန် ၂၆ ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။
အမှန်အားဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများ ဖိနှိပ်မှုများနှင့် ကြုံတွေ့နေရသည်မှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းတွင်တော့ မဟုတ်ပေ။ အာရှတွင် ဒုတိယအဆင်းရဲဆုံးနိုင်ငံမှ နိုင်ငံသားများသည် ရေကြည်ရာမြက်နုရာ သဘောဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအ၀င် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအများအပြားသို့ သွားရောက်လုပ်ကိုင် နေကြရာတွင် စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရရှာသည်။
ယခင်အချိန်များကတော့ နိုင်ငံခြားအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော ဂျပန်၊ အမေရိကန်၊ အင်္ဂလန် အစရှိသည့် နိုင်ငံများကို သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုနိုင်ငံများက လူဝင်မှုကြီးကြပ်ရေးများကို အရေးပေါ်အဖြစ် တိုးမြှင့်လုပ်ဆောင်လိုက်သော အခါတွင်တော့ ပြည်ပထွက် အလုပ်လုပ်ကိုင်သူများ အနေဖြင့် ငွေရေးကြေးရေးအရလည်း တွက်ခြေသိပ်မကိုက်၊ အခြားပြဿနာများလည်း များပြားသော ဖွံ့ဖြိုးဆဲတတိယ နိုင်ငံများဖြစ်သည့် မလေးရှား၊ ထိုင်း အစရှိသည့် နိုင်ငံများထိပါ သွားရောက်လုပ်ကိုင်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ရသည်။
မြန်မာများသည် မျိုးရိုးဗီဇအားဖြင့် အမျိုးမာန်ကြီးလွန်းသော လူမျိုးများဖြစ်ကြသော်လည်း အခြေနေ အကြောင်းကြောင်းကြောင့် မျက်နှာအောက်ချ၍ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံတို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ လုပ်ငန်းခွင်တွင် အနိုင်အထက်ပြုခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းများနှင့် ကြုံတွေ့နေကြရသည်။ ထို့ပြင် နိုင်ငံရေး အခြေအနေအရ သော်လည်းကောင်း၊ ဘာသာရေး လူမျိုးရေး အခြေအနေများကြောင့် သော်လည်းကောင်း အန္တရာယ်များနှင့်လည်း ရင်ဆိုင်ကြုံတွေ့ ကြရပါသေးသည်။
ဥပမာအားဖြင့် များမကြာမီက ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခများကို လက်တုံ့ပြန်လက်စား ချေမှုများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဦးတည်အကြမ်းဖက် ခံရမှုများတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အန္တရာယ်များလွန်းသောဘ၀ကို မြင်တွေ့နိုင်ပါလိမ့်မည်။
ထိုသို့အန္တရာယ်များ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသော်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြားပင် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်အလုပ် လုပ်ကိုင်နေရဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ တိုင်းပြည်၏ အခြေခံစီးပွားရေး အဆင့်အတန်း မြင့်မားလာခြင်းနှင့် နိုင်ငံတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှု မရှိခြင်းသည် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။
အမှန်အားဖြင့် မြန်မာလူမျိုးများသည် ကိုယ့်ရပ်ကိုယ့်မြေကို အစွဲကြီးပြီး ချစ်တတ်ကြသော လူမျိုးများဖြစ်ကြပါသည်။ မတတ်သာလွန်းသောကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်ကြရာတွင် ဒေသစွဲကြီးလွန်းတတ်သည့် မြန်မာလူမျိုးများအတွက် အားငယ်သလို ခံစားကြရသည်။ ထိုအချိန်တွင် ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်အနိုင်ကျင့်ခံရမှုနှင့် ခြိမ်းခြောက်ရန်ရှာ ခံရမှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အခါအားကိုးရာမရှိ ကူရာကယ်ရာမဲ့ကြရသည်။
သက်ဆိုင်ရာ မြန်မာသံရုံးများအနေဖြင့် လိုအပ်သော အကူအညီများပေးအပ်ရန် ပျက်ကွက်နေသည်ဆိုသည့် မချိတင်ကဲညည်းညူသံ များကိုလည်း ကြားသိနေကြရသည်။ အစိုးရဆိုသည်မှာ နိုင်ငံသားတို့၏ အမိအဖသဖွယ် ဖြစ်သည်။ မိမိသားသမီးကို အကာအကွယ်မပေးသော မိဘသည် မိဘကောင်းမမည်ပေ။ ထို့ကြောင့် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများ အနေဖြင့် အားကိုးရာမဲ့နေကြရှာသော ပြည်ပရောက် မိမိတို့၏ နိုင်ငံသားများအရေးနှင့် ပတ်သက်၍ ထိရောက်စွာ ကာကွယ်ကူညီ ပေးကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
============
ဇွန်လ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Admin
ကို စိန်သန်း
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - www.facebook.com/pages/Nayzawlin1/292530074131729
တရုတ်နိုင်ငံဘက်မှ တရားဝင် အလုပ်သမားခေါ်ယူရန် ကမ်းလှမ်းမှုမရှိသဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားမျ
အမှန်အားဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများ ဖိနှိပ်မှုများနှင့် ကြုံတွေ့နေရသည်မှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းတွင်တော့ မဟုတ်ပေ။ အာရှတွင် ဒုတိယအဆင်းရဲဆုံးနိုင်ငံမှ နိုင်ငံသားများသည် ရေကြည်ရာမြက်နုရာ သဘောဖြင့် အိမ်နီးချင်းနိုင်ငံများ အပါအ၀င် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအများအပြားသို့ သွားရောက်လုပ်ကိုင် နေကြရာတွင် စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရရှာသည်။
ယခင်အချိန်များကတော့ နိုင်ငံခြားအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများဖြ
မြန်မာများသည် မျိုးရိုးဗီဇအားဖြင့် အမျိုးမာန်ကြီးလွန်းသော လူမျိုးများဖြစ်ကြသော်လည်း အခြေနေ အကြောင်းကြောင်းကြောင့် မျက်နှာအောက်ချ၍ နိုင်ငံခြားတိုင်းပြည်များသ
ဥပမာအားဖြင့် များမကြာမီက ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကိ
ထိုသို့အန္တရာယ်များ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသော်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြားပင် နိုင်ငံခြားတိုင်းပြည်များသ
အမှန်အားဖြင့် မြန်မာလူမျိုးများသည် ကိုယ့်ရပ်ကိုယ့်မြေကို အစွဲကြီးပြီး ချစ်တတ်ကြသော လူမျိုးများဖြစ်ကြပါသည်။ မတတ်သာလွန်းသောကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်ကြရာတွင် ဒေသစွဲကြီးလွန်းတတ်သည့် မြန်မာလူမျိုးများအတွက် အားငယ်သလို ခံစားကြရသည်။ ထိုအချိန်တွင် ခေါင်းပုံဖြတ်ခံရမှု၊ ဖိနှိပ်အနိုင်ကျင့်ခံရမှုနှင
သက်ဆိုင်ရာ မြန်မာသံရုံးများအနေဖြင့် လိုအပ်သော အကူအညီများပေးအပ်ရန် ပျက်ကွက်နေသည်ဆိုသည့် မချိတင်ကဲညည်းညူသံ များကိုလည်း ကြားသိနေကြရသည်။ အစိုးရဆိုသည်မှာ နိုင်ငံသားတို့၏ အမိအဖသဖွယ် ဖြစ်သည်။ မိမိသားသမီးကို အကာအကွယ်မပေးသော မိဘသည် မိဘကောင်းမမည်ပေ။ ထို့ကြောင့် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများ အနေဖြင့် အားကိုးရာမဲ့နေကြရှာသော ပြည်ပရောက် မိမိတို့၏ နိုင်ငံသားများအရေးနှင့် ပတ်သက်၍ ထိရောက်စွာ ကာကွယ်ကူညီ ပေးကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
============
ဇွန်လ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Admin
ကို စိန်သန်း
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomed
Facebook - www.facebook.com/pages/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။