ဆွာရက်ဇ် ဘောလုံးကစားခွင့် (၄)လ ပိတ်ပင်ခံရ
အီတလီနောက်ခံလူ ချီရယ်လီနီကို ကိုက်ခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို ဖီဖာမှ နိုင်ငံတကာပွဲစဉ်(၉)ပွဲပယ် ပြစ်ဒဏ်နှင့် ဘောလုံးကစားခွင့် (၄)လ ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ချီရယ်လီနီကို ဆွာရက်ဇ် ကိုက်ခဲ့ခြင်းအား ကွင်းလယ်ဒိုင် မြင်တွေ့ခဲ့ခြင်းမရှိသော်လည်း ဖီဖာက ရုပ်သံမှတ်တမ်းများ အသုံးပြု၍ ပြန်လှန်သုံးသပ်စစ်ဆေးပြီး ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဆွာရက်ဇ်မှာ အေဂျက်စ်တွင် ကစားခဲ့စဉ်က ပြိုင်ဘက်ကစားသမားကို ကိုက်ခဲ့ခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့်အပြင် ချဲလ်ဆီးနောက်ခံလူ အီဗန်နိုဗစ်ကို ကိုက်ခဲ့၍ (၁၀)ပွဲ ပြစ်ဒဏ် ချမှတ်ခံရဖူးသည်။ ချီရယ်လီနီကို ကိုက်ခဲ့သည့်ကိစ္စအား ဖီဖာစည်းကမ်းထိန်းသိမ်းရေး ဘက်မလိုက်ကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် ဆွာရက်ဇ်အနေဖြင့် ကိုလံဘီယာနှင့် ကစားမည့် (၁၆)သင်းအဆင့် ပွဲစဉ်တွင် ဥရုဂွေးအတွက် ပါဝင်ကစားပေးနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် လီဗာပူး၏ ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ်များ လွဲချော်ရမည်ဖြစ်ပြီး နိုဝင်ဘာလမှသာ ပြန်ကစားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံနေရသည့် ကာလအတွင်း ဆွာရက်ဇ်အနေဖြင့် ဘောလုံးကွင်းအတွင်း ၀င်ရောက်ခွင့် ရရှိမည်မဟုတ်ဘဲ ဒဏ်ငွေ ယူရို ၈၂၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။
@z (ရိုးရာလေး)
အီတလီနောက်ခံလူ ချီရယ်လီနီကို ကိုက်ခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကို ဖီဖာမှ နိုင်ငံတကာပွဲစဉ်(၉)ပွဲပယ် ပြစ်ဒဏ်နှင့် ဘောလုံးကစားခွင့် (၄)လ ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ချီရယ်လီနီကို ဆွာရက်ဇ် ကိုက်ခဲ့ခြင်းအား ကွင်းလယ်ဒိုင် မြင်တွေ့ခဲ့ခြင်းမရှိသော်လည
ဆွာရက်ဇ်မှာ အေဂျက်စ်တွင် ကစားခဲ့စဉ်က ပြိုင်ဘက်ကစားသမားကို ကိုက်ခဲ့ခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့်အပြင် ချဲလ်ဆီးနောက်ခံလူ အီဗန်နိုဗစ်ကို ကိုက်ခဲ့၍ (၁၀)ပွဲ ပြစ်ဒဏ် ချမှတ်ခံရဖူးသည်။ ချီရယ်လီနီကို ကိုက်ခဲ့သည့်ကိစ္စအား ဖီဖာစည်းကမ်းထိန်းသိမ်းရေး ဘက်မလိုက်ကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် ဆွာရက်ဇ်အနေဖြင့် ကိုလံဘီယာနှင့် ကစားမည့် (၁၆)သင်းအဆင့် ပွဲစဉ်တွင် ဥရုဂွေးအတွက် ပါဝင်ကစားပေးနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် လီဗာပူး၏ ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ်များ လွဲချော်ရမည်ဖြစ်ပြီး နိုဝင်ဘာလမှသာ ပြန်ကစားပေးနိုင်မည်ဖြစ်ကြေ
@z (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။