သိပ္ပံပညာရှင်တွေဟာ သူတို့ ရဲ့ ရှာဖွေတွေ့ ရှိမှုအသစ်တစ်ခုကို စိန်ပွင့်လို့ ခေါ်ဆိုလိုက်တာဟာ ချဲ့ ကားမှု တစ်ခုမဟုတ်ပါဘူး။
အရမ်းအေးခဲကာ ကာဗွန်တွေ အေးခဲမာကျောခဲ့ပြီး ကမ္ဘာလောက်ကြီးတဲ့ စိန်အဖြစ် ကူးပြောင်းနေတဲ့ ကြယ်တစ်လုံးကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
အမျိုးသားရေဒီယိုဂြိုလ်နက္ခတ်စောင့်ကြည့်လေ့လာရေးစင်တာကနေ Green Bank တယ်လီစကုပ်နဲ့ ကြည့်ရင်း အဖြူရောင်ကြယ်သိမ်တစ်လုံးကို အလင်းနှစ် ၉၀၀ အကွာအဝေးမှာ သိပ္ပံပညာရှင်တွေ တွေ့  ရှိခဲ့ရတာဖြစ်ပါတယ်။ ဒီကြယ်ဟာ ကုံရာသီနက္ခတ်တာရာစု နဲ့ လမ်းကြောင်းတူတူမှာ တည်ရှိနေပါတယ်။
ဒီကြယ်ဟာ တောက်ပနေနိုင်ပေမယ့်လည်း လူတွေအနေနဲ့ မြင်တွေ့ နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ သူ့ ကို မြင်နေရတဲ့ တစ်ခုတည်းသောအချက်ကတော့ သူ့ ရဲ့ အနီးနားက အကြီးစားပေါက်ကွဲမှုဖြစ်စဉ်ကနေ ဖြစ်ပေါ် လာတဲ့ ကြယ်တစ်လုံးက စကြာဝဠာထဲ ထုတ်လွှတ်နေတဲ့ ရေဒီယိုလှိုင်းတွေကြောင့် ဖြစ်ပါတယ်။
“ ဒါဟာ စိတ်ဝင်စားစရာ အရာတစ်ခုပါ” လို့ ပရော်ဖက်ဆာ David Kaplan က ပြောကြားခဲ့ပါတယ်။
“ အပြင်စကြာဝဠာထဲမှာရှိတဲ့အရာတွေဟာ အရမ်းမှိန်ဝါးတဲ့အတွက် သူတို့ ကို ရှာတွေ့ ဖို့ တော်တော် ခဲယဉ်းပါတယ်။”
အဖြူရောင်ကြယ်သိမ်တွေဟာ သူတို့ သက်တမ်းရဲ့ နောက်ဆုံးအဆင့်တွေမှာ အရမ်းသိပ်သည်းဆများတဲ့ကြယ် တွေဖြစ်ပါတယ်။ သူတို့ ရဲ့ လောင်ကျွမ်းမှုကုန်ဆုံးသွားတဲ့အခါမှာတော့ ကမ္ဘာ့အရွယ်အစားလောက် ပြိုကွဲသွားဖို့  ရှိပါတယ်။
အဖြူရောင်ကြယ်သိမ်ဟာ ၂၇၀၀ ဆဲလ်စီးယပ်နဲ့ လောင်ကျွမ်းနေပြီး ကျွန်တော်တို့ နေရဲ့ အတွင်းပိုင်း အပူချိန် ထက် အဆ ငါးထောင် အေးပါသေးတယ်။
Ref: Metro.co.uk
http://www.trend.com.mm/2014/06/25/science-3443
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။