အဆိပ်သီးနှံကို အမြန်ဖယ်ရှားပေးပါ
ရေးသားသူ - ဆောင်းဝင်းလတ်
ရေးသားသူ - ဆောင်းဝင်းလတ်
ကျွန်တော်တို့ အခု စုပေါင်းပြီးလက်မှတ် ရေးထိုးလိုက်ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ကိစ္စဟာ ကျွန် တော်တို့ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ စစ်မှန်တဲ့ ဆန္ဒအမှန်ပဲဖြစ်ပါတယ်။ ဒီလိုလက်မှတ် တွေစုပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ရေးထိုးနေကြတာဟာ မြန်မာနိုင်ငံရဲ့သမိုင်းဝင် လှုပ်ရှားမှုကြီးတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပြည်သူ့ ဆန္ဒအမှန်ပဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြင်ဆင်ပေးပါလို့၊ ပြည်သူတစ် ရပ်လုံးက တစ်ခဲနက် စုပေါင်းလက်မှတ်ရေး ထိုး ဆန္ဒထုတ်ဖော်နေကြတာဟာ စစ်ကောင်စီ စစ်အာဏာရှင်အဆက်ဆက်က ပြည်သူရဲ့ဆန္ဒ လုံးဝမပါဘဲ တစ်ဖက်သတ် ကျင်းပပြုလုပ်ခဲ့ တဲ့ အမျိုးသားညီလာခံဆိုတာကြီးကို လုံးဝ အသိအမှတ်မပြုပါဘူးလို့ ပြောင်ပြောင်တင်း တင်း ဆန့်ကျင်လိုက်ကြတာပဲ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်၊ ပြည်သူလူထုကြီးတစ်ရပ်လုံး သွေးမြေကျပြီး ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမို ကရေစီတောင်းဆိုမှုတိုက်ပွဲကြီးအပြီးမှာ စစ် အာဏာရှင်တွေက တိုင်းပြည်အာဏာသိမ်းခဲ့ ကြတယ်။ စစ်ကောင်စီ န၀တဟာ ၁၉၉၀ ပြည့် နှစ်မှာ နိုင်ငံတကာကို တရားဝင်ကြေညာပြီး အထွေထွေရွေးကောက်ပွဲကြီး ပြုလိုက်ပြန် တယ်။ ပြည်သူလူထုရဲ့ အသည်းကြားက “ထောက်ခံမဲတွေ” များများရခဲ့တဲ့၊ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကို စစ်ကောင်စီအာဏာရှင် န၀တ ဟာ လုံးဝကတိမတည်ခဲ့ဘဲ တိုင်းပြည်ရဲ့အာ ဏာကို လွှဲမပေးခဲ့ဘူး။ ပြည်သူလူထုကိုလည်း လက်တစ်လုံးခြားလိမ်လည်လှည့်စားခဲ့တယ်။ အခြေခံဥပဒေရေးဆွဲဖို့အတွက် အခြေခံမူတွေ ချမှတ်နိုင်ဖို့ဆိုပြီး အမျိုးသားညီလာခံကျင်းပ မယ်လို့ ခေါင်းစဉ်အသစ်တစ်ခုတပ်ပြီး ကြီးမားတဲ့သမိုင်းအမှားကို ကျူးလွန်ခဲ့ကြတယ်။
အမျိုးသားညီလာခံ မကျင်းပခင် ၁၉၉၂ ခုနှစ် မှာ၊ အမျိုးသားညီလာခံကျင်းပဖို့ အကြိုဆွေး နွေးစည်းဝေးပွဲတွေကို စစ်ကောင်စီန၀တက ပြုလုပ်ခဲ့တယ်။ သူတို့ဖိတ်ခေါ်လို့ အစည်းအ ဝေးတက်လာကြတဲ့ ဒီမိုကရေစီတိုက်ပွဲဝင် နိုင်ငံရေးပါတီတချို့က မေးခွန်းတွေထုတ်ခဲ့ တယ်။ န၀တ စစ်အာဏာရှင်တွေကို မေးလိုက် တဲ့မေးခွန်းတွေရဲ့ အခြေခံကိစ္စကတော့ အဲဒီ့ လိုအမျိုးသားညီလာခံကြီး ကျင်းပနေတုန်းမှာ “လွတ်လွတ်လပ်လပ်ပြောဆိုခွင့်၊ ပုံနှိပ်ထုတ်ဝေ ခွင့်တွေရှိနိုင်မလား” ဆိုတဲ့ကိစ္စပါပဲ။ န၀တ စစ်ကောင်စီ၊ စစ်အာဏာပိုင်တွေဘက်က “ဥပ ဒေကို တရားသဖြင့်ကိုင်တွယ်ကျင့်သုံးမယ်” ဆိုပြီး တုံ့ပြန်ဖြေဆိုခဲ့တယ်။ သဘောကတော့ လိုအပ်ရင် ထောက်လှမ်းရေးကခေါ်မေးမယ်၊ လိုအပ်ရင် ဥပဒေအရ အရေးယူမယ်လို့ပြော လိုက်တဲ့သဘောပဲ။ စိုးရိမ်စရာအခြေအနေ တွေပဲဖြစ်ပါတယ်။ စစ်အစိုးရ န၀တဟာ အ မျိုးသားညီလာခံကျင်းပဖို့ အခြေခံစည်းမျဉ်း တွေ၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲတဲ့အခါမှာ ပါဝင်တက်ရောက်နေတဲ့သူတွေဆီက အကြံ ဉာဏ်လုံးဝမယူခဲ့ဘဲ သူတို့ရဲ့စိတ်တိုင်းကျတာ ၀န်ပေးထားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ကော် မတီတွေကတစ်ဆင့် အားလုံးအပေါ်မှာ ထိန်း ချုပ်ကိုင်တွယ်ထားတာကြောင့် နိုင်ငံရေးပါတီ တွေရဲ့ အကြံပြုချက်တွေကို လေးစားအရေး ထားမှု လုံးဝမရှိခဲ့တာလည်း သူတို့ရဲ့သမိုင်းဝင် အမှားကျူးလွန်မှုတစ်ခုပဲ ဖြစ်တယ်။
စစ်အစိုးရ န၀တဟာ ၁၉၉၃ ခုနှစ်၊ ဇန်န ၀ါရီလမှာ သူ့စိတ်တိုင်းကျရွေးချယ်ထားတဲ့ လူဦးရေအများစုပါဝင်တဲ့ ကိုယ်စားလှယ် ၇၀၂ ယောက်နဲ့ အမျိုးသားညီလာခံကြီးကို ကျင်းပ ခဲ့တယ်။ နိုင်ငံရေးပါတီတွေဘက်ကတော့ လူ ထုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်စုစုပေါင်း ၁၄၇ ယောက်ပဲ ညီလာခံတက်ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ လူထုထောက်ခံတဲ့မဲ အရေအတွက် ၈၀ ရာခိုင်နှုန်းကျော်နဲ့ အနိုင် ရခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေ ရာပေါင်း ၄၈၅ နေရာကို ကိုယ်စားပြုခဲ့တာ ဖြစ်ပေမဲ့ န၀တစစ်အစိုးရက ၁၂ ရာခိုင်နှုန်း လောက်ပဲ အချိုးညီမျှတဲ့ညီလာခံကိုယ်စား လှယ် ၈၈ နေရာကိုပဲ အမျိုးသားညီလာခံ တက်ခွင့်ပေးခဲ့တယ်။ ညစ်ပတ်တဲ့လုပ်ရပ်ပဲ ဖြစ်တယ်။ ပြီးတော့ န၀တစစ်အစိုးရဟာ ညီ လာခံခန်းမကြီးထဲကို “ပြည်သူ့ဝန်ထမ်း” ဆို တဲ့ခေါင်းစဉ်ကြီးတပ်ပြီး စစ်တပ်နဲ့ ရဲဝန်ထမ်း ကိုယ်စားလှယ်တွေကို ၀င်ခိုင်းလိုက်တယ်။ အဆင့်မြင့် စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေ ပါတဲ့ လုပ်ငန်းကော်မတီ ၂ ခုကို ဖွဲ့စည်းပြီး ညီလာခံလုပ်ငန်းစဉ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့ တယ်။
ညီလာခံဟာ စကတည်းက လွတ်လပ် မှုလုံးဝမရှိခဲ့တဲ့ ညီလာခံကြီးပဲဖြစ် တယ်။ ဆွေး နွေးချင်တာ လွတ်လွတ်လပ်လပ်ဆွေးနွေးခွင့် မရတဲ့ ညီလာခံအတုကြီးပဲဖြစ်တယ်။ မဆွေး နွေးခင်မှာ စာတမ်းတွေကို ညီလာခံကျင်းပ ရေးကော်မရှင်ကို ကြိုတင်ပြီး တင်ပြ ရတယ်။ ကော်မရှင်က “ဆင်ဆာ” လုပ်ပြီးတည်းဖြတ် ထားတဲ့ စာသားတွေနဲ့ပဲ မလွတ်မလပ် ဖတ်ကြား တင်ပြကြရတယ်။ ညီလာခံကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ အထူးကုဆရာဝန်ကြီး လည်းဖြစ် စာရေးဆရာကြီးလည်းဖြစ်တဲ့ဒေါက် တာ(ဦး)အောင်ခင်ဆင့်ဟာ ကြိုတင်ခွင့်ပြုချက် မရယူဘဲ စာတမ်းတစ်စောင်ဖြန့်ဝေခဲ့တယ်။ စစ်ထောက်လှမ်းရေးက ဖမ်းဆီးချုပ်နှောင်ပြီး နှိပ်စက်ညှဉ်းပန်းမေးမြန်းခဲ့တယ်။ ပြီးတော့ ဆရာကြီးကို ထောင်ဒဏ်အနှစ် ၂၀ ချမှတ် ခဲ့တယ်။
ရက်စက်ကြမ်းကြုတ် ယုတ်မာရိုင်း စိုင်းတဲ့ လူတွေရဲ့ စစ်ဖိနစ်အောက်က အမျိုးသား ညီလာခံကြီးဟာ နေ့ရောညပါ ကြောက် စရာကောင်းသထက ကောင်းလာတယ်။ တချို့ ကိုယ်စားလှယ်တွေကိုလည်း စစ်ထောက် လှမ်းရေးက အမျိုးမျိုးခေါ်ပြီး စစ်ဆေးမေးမြန်း ညှဉ်းပန်းတာတွေလုပ်လာခဲ့တယ်။ ၁၉၉၅ ခု နှစ်၊ နိုဝင်ဘာလမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ အမျိုးသားညီလာခံ ကို လုံးဝဆက်မတက်တော့ဘဲ ထွက်ခွာလာခဲ့ ပါတော့တယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်၊ ရက်စက် မှုအပေါင်း သရဖူဆောင်းပြီး ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဆိုတာကြီးကို အခြေခံပြီး သီးပွင့်ဝေဆာ လာပါတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကြီးဟာလည်း အဆိပ် ရည်တွေဖုံးလွှမ်းနေတဲ့ သစ်သီးကြီးတစ်လုံးနဲ့ တူတာကြောင့် အဆိပ်ပြင်းထန်တဲ့ ပုဒ်မ ၄၃၆ ဆိုတာကို ပြည်သူလူထုကြီးတစ်ရပ်လုံးက ခု ချိန်မှာ လက်မှတ်ရေးထိုးပြီး ကန့်ကွက်ဆန္ဒပြ ဖယ်ရှားခိုင်းနေကြတာ သဘာဝမကျပေဘူးလားဗျာ။
အတွဲ (၂) အမှတ်စဉ် ၁၇၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်။
ကျေးဇူးတင်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။