ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်စေလိုသော အချက် (၈)ချက်
===============
===============
(၁) ဒေါ်စု သမ္မတဖြစ်လျှင်... စစ်အာဏာရှင်တစ်သိုက်... နှစ်ပေါင်း ၅၀ ကျော်... လုပ်ချင်ရာလုပ် မွှေနှောက်ပွေရှုပ်ခဲ့သမျှ... ဘူးပေါ်သလိုပေါ်လာနိုင်မှု။
(၂) ဒေါ်စု သမ္မတဖြစ်လျှင်... ယခုလက်ရှိ နှင့် နောင်အနာဂတ်တွင်... တပ်မတော်ခေါင်းဆောင်များမှ... တိုင်းပြည်တခုလုံး နေရာတကာ ကိုယ့်ခြေကိုယ့်လက်လုပ်ကာ... ထင်တိုင်းကြဲ အနိုင်ကျင့် ဗိုလ်ကျနေခွင့်များ... လျော့ပါးသွားနိုင်မှု။
(၃) ဒေါ်စု သမ္မတဖြစ်လျှင်... ဒီမိုကရေစီတည်ဆောက်ရေးဖြစ်စဉ်... အရှိန်ပြင်းပြင်းနှင့်ရှေ့ဆက်ကာ... တိုင်းသူပြည်သားများ နိုင်ငံရေးအသိရေချိန် မြင့်တက်လာပြီး... နောင်အနာဂတ်တွင်... အလွယ်တကူ အာဏာသိမ်းနိုင်မည့်အခွင့်အရေးများ လျော့ပါးသွားနိုင်မှု။
(၄) ဒေါ်စု သမ္မတဖြစ်လျှင်... ပြည်တွင်းစစ် ရပ်စဲသွားကာ... တိုင်းရင်းသားများနှင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်လျှင်... ပြည်ထောင်စုမပြိုကွဲရေးကို ဦးထိပ်ထားသည့်... တပ်မတော်၏ စစ်ရေးအရ မရှိမဖြစ်အရေးပါသည့်အခန်းကဏ္ဍ လျော့ပါးသွားနိုင်မှု။
(၅) ဒေါ်စု သမ္မတဖြစ်လျှင်... နိုင်ငံ၏ နယ်ပယ်အသီးသီးတွင်... ဖြန့်ကျက်တည်ဆောက်ထားသော... တပ်မတော်၏ လက်ဝေခံအဖွဲ့အစည်းများအနေနှင့် (ကြံ့ဖွံ့၊ ဦးပိုင် စသည်တို့)... မတရားလက်ဝါးကြီးအုပ်ရယူထားသော အခွင့်အရေးများ ဆုံးရှုံးနိုင်မှု။
(၆) ဒေါ်စု သမ္မတဖြစ်လျှင်... တပ်မတော်သည်... နိုင်ငံကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်သော institution တစ်ခုအဖြစ်သို့သာ အဆင့်လျောကျကာ... တိုင်းပြည်၏ အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နိုင်ရေးဟူသည့်... political ambition ကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့ဖြစ်သွားနိုင်မှု။
(၇) ဒေါ်စု သမ္မတဖြစ်လျှင်... တပ်မတော်ခေါင်းဆောင်များနှင့် လက်ဝေခံများ၏... နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရှုပ်အရှင်းများ နှင့် နိုင်ငံသယံဇာတများအား ရောင်းချထားမှုအရှုပ်အရှင်းများ... ဘူးပေါ်သလိုပေါ်ကာ... တပ်မတော်၏ နိုင်ငံရေးသိက္ခာ သုံးမရအောင်ဖြစ်သွားနိုင်မှု။
(၈) ဒေါ်စု သမ္မတဖြစ်လျှင်... တပ်မတော်သည်... ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့်... အရပ်သားအစိုးရစစ်စစ်၏ ချုပ်ထိန်းမှုအောက်တွင်ရောက်ရှိသွားမည်ဖြစ်ကာ... Budgetary control & Operation oversight စသည့် restraint များရှိလာမည်ဖြစ်သဖြင့်... တပ်မတော်၏ လွတ်လပ်ခွင့်များ လျော့ပါးသွားနိုင်မှု။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။