Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 22, 2014

လကမ္ဘာသွားမယ့် မိုးထိမိုးမိခရိုနီ


လကမ္ဘာသွားမယ့် မိုးထိမိုးမိခရိုနီ
ပြီးခဲ့တဲ့ အပတ်မှာ ခင်ဗျားတို့ မီဒီယာသမားတွေ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် ခရိုနီတစ်ယောက် က စကားတစ်ခွန်းပြောခဲ့တယ်။ အမှန်က ဒီခရိုနီအကြောင်းကို နောင်ပြောပြမယ့် ကွက်ပျောက် ခရိုနီဆိုတဲ့ လူမသိသူမသိ ခရိုနီတွေ အကြောင်းကျမှ ပြောမလို့ပဲ။ ဒါပေသိ သူက သူ့ထမင်း သူစားပြီး တစ်နိုင်ငံ လုံးရဲ့ မေတ္တာကို လောလောဆယ် ခံယူထားလေတော့ ဒီတစ်ပတ်တော့သူ့အကြောင်း ပြော ရပေတော့မယ်။

ခင်ဗျားတို့ စကားနဲ့ပြောရရင် News maker of the weekပေါ့။ သူတို့ ဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာ အပျော်ခရီး ထွက်မယ်ဆိုတဲ့ သတင်းရယ်။ သူကပဲဆက်ပြီး မြန်မာနိုင်ငံက အချမ်းသာဆုံး စာရင်းမှာ သူကနံပါတ်(၇)ဆိုတဲ့ စကားတွေရယ်ပေါ့။ ဒီတော့ ဒီတစ်ပတ်တော့ ခင်ဗျားကို အဲဒီခရိုနီ
အကြောင်း ပြောပြမယ်။
ဒီလိုဗျ၊ ဒီခရိုနီက ဗဟိုစည်မှာ ရုံးခန်းလေးတစ်ခန်း ဖွင့်ပြီး ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်တယ်။ သူများတွေလို ငါးဖမ်းစက်လှေတွေ၊ အအေးခန်းတွေလဲ မရှိရှာပါဘူး။ ဒါပေမယ့် လုပ်ငန်းရှင်ကြီးတွေက ဘာအဖွဲ့ ညာအဖွဲ့ဆို အလုပ်ရှုတ်တယ်ဆိုပြီး မပါချင်ကြတဲ့ အချိန်မှာ သူ့ကိုဝိုင်းတင် ပေးလိုက်ရာက ရေထွက်ပစ္စည်း ပို့ကုန်အသင်းရဲ့ ဥက္ကဌဖြစ်သွားတယ်။
လုပ်ပိုင်ခွင့်ရတာနဲ့ အဲဒီတုန်းက မွေးရေဘဏ်၊ အခုကမ္ဘာ့ရတနာဘဏ်ကနေ ငွေတွေ ကျပ်သန်းထောင်ချီပြီး ချေးတယ်။ မူဆယ်၁၀၅မိုင်မှာ ရေထွက်ကုန်တွေ အတွက် ကြားစခန်း
ဆိုပြီး အအေးခန်းတွေ ဆောက်တယ်။ မြန်မာနိုင်ငံက တက်လာတဲ့ ရေထွက်ကုန်မှန်သမျှ
အဲဒီမှာ မနားမနေရ၊ အဲဒီမှာပဲ မရောင်းမနေရ လုပ်လိုက်တာ အချီကြီး ပွသွားတယ်။ အဲဒီအချိန်က မွေးရေ၀န်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့လည်း ညီအစ်ကိုလို
ဖြစ်သွားတယ်။ အဲဒီစစ်အာဏာရှင် ခေတ်က ၀န်ကြီးဝန်ကလေးတွေကလည်း
လူယုတ်မာတွေ၊ လူလိမ်လူကောက်တွေကိုမှ အကောင်းထင်တဲ့ အချိန်ကိုးဗျ။ အဲဒီလို ၁၀၅မိုင်ကြား စခန်းမှာ ထင်တိုင်းကြဲနေတာကို ၀ိုင်းတိုင်ကြလို့ နောက်နှစ်မှာတော့ သူ့ကိုဥက္ကဌရာထူးက ဖြုတ်လိုက်ပေမယ့် တစ်နှစ်အတွင်းမှာ အချီကြီး ပွသွားတဲ့ သူ့အနေနဲ့ မွေးရေလုပ်ငန်းဆိုတာ သေးသိမ်တယ်လို့ စိတ်ထဲထင်သွားပြီး ခွင်အသစ်
ရှာတော့တယ်။
အဲဒီမှာ မွေးရေ၀န်ကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ ဗိုလ်ချုပ်ကြီး မောင်အေးသမီးနဲ့ ချိတ်ဆက်
မိပြီး အိုင်ဗင်ဟို ကုမ္ပဏီက စမ်းသပ် ရှာဖွေတွေ့ရှိထားတဲ့ မိုးထိမိုမိတောင်က ရွှေတွင်းကို လုပ်ခွင့်ရသွားတယ်။ ဒီနေရာမှာ စဉ်းစားရမှာက အဲဒီနေရာဟာ ရွှေအရမ်းထွက်ပါရက်နဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ဘာလို့ စက်ရုံမတည်တာလဲ။ ယုတ်စွအဆုံး ဦးပိုင်က ဘာလို့
အဲဒီနေရာကို မယူတာလဲဆိုတဲ့ မေးခွန်းက ပေါ်လာတယ်။ ဘာဖြစ်လို့ တကယ့်
ရွှေကြောကြီးကို လူမသိသူမသိ စီးပွားရေးသမား လက်ထဲထည့်ခဲ့တာလဲ။ အဖြေ
ကတော့ ရှင်းရှင်းလေးပါ။ စစ်အာဏာရှင်ခေတ်မှာ ထိပ်ဆုံးက အာဏာရှင် တစ်ယောက်
ရဲ့ သမီးနဲ့ ပေါင်းမိတဲ့ အတွက် အားလုံးက လက်ရှောင်ပေးလိုက်ကြတာပဲ။ ဒီတော့
အဲဒီခရိုနီက လူကြီးတွေကို သူတို့အရိုးနဲ့ သူတို့ပြန်ထိုးဖို့ လုပ်တယ်။ လူကြီးတွေဆီကို မက်လောက်တဲ့ အတိုးနှုန်းပေးပြီး ငွေလိုက်ချေးတော့တယ်။ ပြီးတော့ သူနဲ့သိတဲ့ စီးပွားရေးသမားတွေဆီကလည်း နှစ်ကျပ်တိုး သုံးကျပ်တိုးနဲ့ ချေးတယ်။ ပြောလို
့ရရင် ချေးလို့ရတဲ့ နေရာတိုင်းကနေ ချေးတယ်။ လူကြီးတွေလည်း သူတို့ပိုက်ဆံလေး အရင်းမဆုံးဖို့ အတွက် သူ့ကို လုပ်ပိုင်ခွင့်တွေ ပေးရတော့တယ်။
သူရထားတဲ့ အကွက်ဟာ ရွှေဘယ်လောက် ထွက်သလဲတော့ မသိဘူး။ နိုင်ငံတော်ကို တစ်နှစ် ရွှေတန်ချိန် ၅.၅တန် ပေးသွင်းပြီး လုပ်ရတဲ့အကွက် ဖြစ်တယ်။ အောက်ခြေ လုပ်သားတွေရဲ့ အဆိုအရ မြေကြီးတစ်ပုံးကို ကျင်တိုင်းရွှေ ၇ကျပ်သား ထွက်တယ်
ဆိုတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီခရိုနီက အစိုးရကို ရွှေကြွေးကျန် ဘယ်လောက်
ပေးသွင်းဖို့ ကျန်သလဲဆိုတာတော့ ခင်ဗျားတို့ မီဒီယာတွေ ဆက်လက် စုံစမ်းသင့်
သပေါ့ဗျာ။ သူပြောသလို မြန်မာနိုင်ငံမှာ နံပါတ်၇ဆိုတာ ကျွန်တော့် အထင်တော့ အချမ်းသာဆုံးကို ပြောတာမဟုတ်ပဲ ကြွေးအထူဆုံး ကြွေးအများဆုံး လူစာရင်းမှာ နံပါတ်၇လို့ ပြောတယ် ထင်တာပဲ။ ဒီခရိုနီက ချေးလို့ရသမျှ နေရာတိုင်းက ချေးတယ်။
အကြွေးနဲ့ သူဌေးလုပ်တာပေါ့ဗျာ။
ဒီလိုနဲ့ လက်ထဲလဲ ငွေရှိလာရော ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်မလေးတွေနဲ့
တွဲတဲ့ ဇာတ်လမ်းက တစ်ခြား ခရိုနီတွေလိုပဲ စပါလေရော။ ပထမဆုံးက အဆိုတော်
မလေး တစ်ယောက်ကို ဖက်ရှင်ဆိုင်ထောင်ပေးတယ်။ ပြီးတော့ အခုတရားဝင် လင်ယူသွားပြီဖြစ်တဲ့ မင်းသမီးလေး တစ်ယောက်နဲ့ တွဲတယ်။ အဲဒီကနေ အခုတော့
မော်ဒယ် တစ်ယောက်နဲ့ တရားဝင် အိုးအိမ် ထူထောင်လိုက်တာပဲ။ ပြသနာက
အဲဒီမှာစရော။ ထင်ပေါ်ချင်တဲ့စိတ်၊ ကြွားချင်တဲ့ စိတ်တွေကများတော့ ဟန်းနီးမွန်း ပျားရည်ဆန်းခရီးကို ဒေါ်လာ၁၅သန်း အကုန်ခံပြီး လကမ္ဘာသွားမယ်တဲ့။
သူတွေးတတ်တဲ့ အတွေးလောက်က ငွေပေးရင် လေယာဉ်စီးသလို အာကာသယာဉ်
စီးပြီး ခရီးသွားလို့ရတယ် ထင်နေပုံရတယ်။ မသွားခင် တစ်နှစ်လောက် ကြိုတင်ပြီး
အာကာသ ခရီးအတွက် ဆေးစစ်ရမှာတွေ၊ အာကာသထဲမှာ နေနည်းထိုင်နည်း စားသောက်နည်းတွေက အစ အီအီးပါတာ အဆုံး ဘယ်လို လုပ်ရမလဲဆိုတဲ့ သင်ကြား
ပို့ချမှုတွေ နာခံရမယ်ဆိုတာ သိပုံမပေါ်ဘူး။ ဆိုးတာက နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီ
တစ်ခုက ကြော်ငြာထားတဲ့ အဲဒီခရီးစဉ်က ဖျက်သိမ်းထားတာ ၂နှစ်ရှိပြီ။ အဲဒါလည်း မသိဘူးထင်ပါတယ်။ ကြွားလို့ရရင်ပြီးရော လျှောက်ပြောတာလား။
စတန့်မာ့ကက်တင်းလို့ ခေါ်တဲ့ သူ့ကို တစ်နိုင်ငံလုံးက ချက်ခြင်း သိအောင် လုပ်တာ
လားတော့ မပြောတတ်ပါဘူးဗျာ။ နောက်ပေါက် ခရိုနီတွေက ငယ်လေလည်လေဗျ။
သူ့ရဲ့ မိုးထိမိုးမိ ရွှေတွင်းက အလုပ်သမားတွေရဲ့ ပြဿနာကိုလဲ အာဏာပိုင်တွေနဲ့ ပေါင်းပြီး အလုပ်သမား ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချတဲ့ နည်းနဲ့ ဖြေရှင်းခဲ့တာပဲ မဟုတ်ပါလား။
တကယ်တွေးကြည့်ရင် ဒေါ်လာ ၁၅သန်းဆိုတာ မြန်မာငွေ ကျပ်သန်းပေါင်း တစ်ထောင်စီ ပုံထားတဲ့ အပုံ၁၅ပုံပဲ။ အဲဒီငွေရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို မလေးရှားမှာ ဒုက္ခရောက်ပြီး ပြည်တော် ပြန်လာချင်တဲ့ သူတွေကို လှူလိုက်ပါလားဗျာ။ တစ်နိုင်ငံလုံးက နတ်လူသာဓု မခေါ်ပေဘူးလား။
သူ့ဟာသူ ဟန်းနီးမွန်း အတွက် ဘယ်လောက် အကုန်အကျခံမယ် ကြွားနေပေမယ့်
မွေးရေဘဏ်ကနေ ကျပ်သန်းထောင်ချီပြီး ချေးထားတဲ့ ငွေကိုတော့ ပြန်ဆပ်ဖို့ နေနေ
သာသာ အတိုးတောင် မပေးနိုင်တာ ကြာပြီလို့ သူ့နံမည်က ဘဏ်မှာ NPLလို့ခေါ်တဲ့
Non Performance List ထဲမှာ ပါနေတယ်လို့ သိရတယ်။ အဲဒီတုန်းက အာမခံပြီး
ထုတ်ချေးဖို့ အမိန့်ပေးခဲ့တဲ့ မွေးရေ၀န်ကြီး၊ အခုကြံခိုင်ရေး ပါတီ အတွင်းရေးမှူး ဦးမောင်မောင်သိန်းလည်း ဒီအချိန်လောက်ဆို ခေါင်းကြီးနေလောက်ပြီ။ ပြောသာ
ပြောရတယ်။ အရင် စစ်အာဏာရှင် အစိုးရက သနားစရာဗျ။ စီးပွားရေးသမား
ယောင်ဆောင်တဲ့ လူလိမ်တွေ လိမ်သမျှကို အဟုတ်ထင်ပြီး အကုန်လိုက်လုပ်ရင်း နာမည်ပျက်သွားတာ။ အဲဒီအပြင် သူတို့ ကိုယ်ပိုင်ငွေတွေပါ ဟုတ်နိုးနိုးနဲ့ ချေးမိတော့ သူတို့ ငွေပြန်ရအောင် အဲဒီလူကို ကောင်းသထက် ကောင်းတဲ့ အလုပ်တွေ ထပ်ထပ် ချပေးရတော့တာပေါ့ဗျာ။
အခုအုပ်ချုပ်နေတဲ့ သူတွေ အများစုကလည်း အဲဒီခေတ်လက်ကျန် လူတွေမဟုတ်လား။
သူတို့ရဲ့ ကျန်သေးတဲ့ သက်တမ်း တစ်နှစ်အတွင်းမှာ ခင်ဗျားလည်း ၀န်ကြီးဝန်ကလေး တစ်ယောက်ယောက်ကို အယုံသွင်းပြီး လိမ်နိုင်အောင် ကြိုးစားပါလား။ ဒါဆိုခင်ဗျာလည်း ဒီမိုကရေစီ အစိုးရခေတ် ခရိုနီစာရင်းဝင် မသွားပေဘူးလို့ မပြောနိုင်ဘူးဗျဆိုပြီး
သူ့စကားကို အဆုံးသတ်သွားပါတော့တယ်။
ဒါပေမယ့် ကိုယ့်အိမ်ကိုယ်ပြန်ဖို့ စားသောက်ဆိုင်က အထမှာ သူက နောက်တစ်ပတ်က
စပြီး မန္တလေးက စခဲ့တဲ့ သမီးတော်တွေရဲ့ ရာဇ၀င်ကို အရှည်ကြီး ပြောပြမယ်။ အရင်
အာဏာရှင် သာဂိကြီးရဲ့ သမီးတွေက ပြည်သူတွေကို သာမက ၀န်ထမ်းတွေနဲ့ စစ်ဗိုလ် စစ်သားတွေကိုပါ ဘယ်လောက်တောင် နှိပ်စက်ခဲ့ကြသလဲဆိုတဲ့ အတွင်းရေးတွေ အကုန် ပြောပြမယ်ဆိုပြီး စကားလက်ဆောင်ပါး သွားလေရဲ့။
လက်စောင်းထက်
( Tomorrow သတင်းဂျာနယ် အမှတ်(၁၆)ပါ သရော်စာ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။