သတ္တိဟူသည် ယုံကြည်မှုခွန်အားဖြစ်သလို စိတ်တန်ခိုး၏ခွန်အားလည်းဖြစ်သည်။
လူ့ စိတ်နှလုံးသားဟူသည် ၀ယ်လိုအားရောင်းလိုအားဆိုင် ရာ ဥပဒေသအတွက် ကုန်ပစ္စည်းမျှသာ
ဖြစ်သည်ဟု ထင်မှတ်ထားသည့် လူမျိုးတွေကမူ ရည်မှန်းချက်တစ်ခုအတွက် အလုပ်လုပ်ကြသော
တခြားလူများကို နားလည်နိုင်ကြမည်မဟုတ်။ ယင်းရည်မှန်းချက်အတွက် သူတို့ ကိုယ်သူတို့ 
စွန့် လွှတ်အနစ်နာခံရန်ပြင်ဆင်ထား ကြသည်ကိုလည်း သဘောပေါက်နိုင်ကြမည်
မဟုတ်ချေ။
ရည်မှန်းချက်အတွက်ယုံကြည်နေ ရုံမျှဖြင့် မလုံလောက်သေးပါ။ရည်ရွယ်ချက်
ရှေ့ ရောက်သွားဖို့ ၊ တိုးမြှင့်သွားဖို့ စွမ်းအားရှိသလောက် လုပ်ဆောင်
ရပါဦးမည်။ အလန်ကလီးမင့်က ဒေါ်အောင်ဆန်းစုကြည်ကို
ခင်ဗျား ပြည်သူတွေရဲ့ ခံစားရချက်တွေ ကို ထိတွေ့ သိရှိလိုက်တဲ့အခါ
ခင်ဗျားရဲ့ နှလုံးသားကို ပထမဆုံးလာရိုက်ခတ်တာဘာများလဲ ဟုမေးသည်။
သူ့ အဖြေကားပြတ်သားလှ၏။ လင်းလက်လှ၏။
ဒီအခါမှာ လုပ်နိုင်သမျှ လုပ်သင့်တယ်။ မဖြစ်သင့်တဲ့ကိစ္စမျိုးမြင်ေ တွ့ ရရင်
ကျွန်မကတော့ ဒီအတိုင်းတုံ့ ပြန်မှာပဲ။ လက်နှစ်ဘက်ကို ညှစ်ပြီး
အမယ်လေး အမယ်လေး ထိတ်စရာပဲလို့ အော်နေတာ ဘာမှ အဓိပ္ပါယ်မရှိဘူး။
ရှင်လုပ်နိုင်တာကို ကြိုးစားလုပ်ရမယ်။ ကျွန်မက အလုပ်ကိုပဲ ယုံတယ်။
မိသားစုနဲ့ ဝိုင်းရံနေတာကို ကြိုက်ဖို့ သင့်တာပေါ့။ အထူးသဖြင့်
ကျွန်မသားတွေကို ပြုစုပျိုးထောင်နေရတဲ့ဘ၀မျိုး သူတို့ တတွေ
အရွယ်ရလာတာကို မြင်တွေ့ နေရတဲ့ ဘ၀မျိုးကိုလိုချင်သင့်တာပေါ့။
ဒါပေမယ့် ဒါကကျွန်မဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ကျွန်မတိုင်းပြည်ကလဲ
ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဘ၀မှာ ရွေးချယ်မှုတွေလုပ်ရမယ်။ ရွေးချယ်မှုတွေ
လုပ်တဲ့အခါ စွန့် လွှတ်လိုက်ရတာရှိမှာပဲလို့ ကျွန်မသိထားပါတယ်
ဟုသူက ကလိမင့်ကို ပြောပြခဲ့တယ်။
အောင်ဆန်းစုကြည်၏သတ္တိမျိုးသ ည် သူ့ ကိုယ်ပိုင်ပျော်ရွှင်မှုအတွ က် ၊
သက်တောင့်သက်သာဘ၀တစ်ခုအတွက် စွန့် လွှတ်အနစ်နာခံရဲသောသတ္တိပင်
ဖြစ်သည်။
Gordon Brown ရဲ့ Courage ကို ခင်မောင်တိုး မိုးမိတ် မြန်မာပြန်သော သတ္တိစာအုပ်မှ
Sar Pay Law Ka
လူ့ စိတ်နှလုံးသားဟူသည် ၀ယ်လိုအားရောင်းလိုအားဆိုင်
ဖြစ်သည်ဟု ထင်မှတ်ထားသည့် လူမျိုးတွေကမူ ရည်မှန်းချက်တစ်ခုအတွက် အလုပ်လုပ်ကြသော
တခြားလူများကို နားလည်နိုင်ကြမည်မဟုတ်။ ယင်းရည်မှန်းချက်အတွက် သူတို့ ကိုယ်သူတို့ 
စွန့် လွှတ်အနစ်နာခံရန်ပြင်ဆင်ထား
မဟုတ်ချေ။
ရည်မှန်းချက်အတွက်ယုံကြည်နေ
ရှေ့ ရောက်သွားဖို့ ၊ တိုးမြှင့်သွားဖို့ စွမ်းအားရှိသလောက် လုပ်ဆောင်
ရပါဦးမည်။ အလန်ကလီးမင့်က ဒေါ်အောင်ဆန်းစုကြည်ကို
ခင်ဗျား ပြည်သူတွေရဲ့ ခံစားရချက်တွေ ကို ထိတွေ့ သိရှိလိုက်တဲ့အခါ
ခင်ဗျားရဲ့ နှလုံးသားကို ပထမဆုံးလာရိုက်ခတ်တာဘာများလ
သူ့ အဖြေကားပြတ်သားလှ၏။ လင်းလက်လှ၏။
ဒီအခါမှာ လုပ်နိုင်သမျှ လုပ်သင့်တယ်။ မဖြစ်သင့်တဲ့ကိစ္စမျိုးမြင်ေ
ကျွန်မကတော့ ဒီအတိုင်းတုံ့ ပြန်မှာပဲ။ လက်နှစ်ဘက်ကို ညှစ်ပြီး
အမယ်လေး အမယ်လေး ထိတ်စရာပဲလို့ အော်နေတာ ဘာမှ အဓိပ္ပါယ်မရှိဘူး။
ရှင်လုပ်နိုင်တာကို ကြိုးစားလုပ်ရမယ်။ ကျွန်မက အလုပ်ကိုပဲ ယုံတယ်။
မိသားစုနဲ့ ဝိုင်းရံနေတာကို ကြိုက်ဖို့ သင့်တာပေါ့။ အထူးသဖြင့်
ကျွန်မသားတွေကို ပြုစုပျိုးထောင်နေရတဲ့ဘ၀မျု
အရွယ်ရလာတာကို မြင်တွေ့ နေရတဲ့ ဘ၀မျိုးကိုလိုချင်သင့်တာပေ
ဒါပေမယ့် ဒါကကျွန်မဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ကျွန်မတိုင်းပြည်ကလဲ
ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဘ၀မှာ ရွေးချယ်မှုတွေလုပ်ရမယ်။ ရွေးချယ်မှုတွေ
လုပ်တဲ့အခါ စွန့် လွှတ်လိုက်ရတာရှိမှာပဲလို့ ကျွန်မသိထားပါတယ်
ဟုသူက ကလိမင့်ကို ပြောပြခဲ့တယ်။
အောင်ဆန်းစုကြည်၏သတ္တိမျိုးသ
သက်တောင့်သက်သာဘ၀တစ်ခုအတွက်
ဖြစ်သည်။
Gordon Brown ရဲ့ Courage ကို ခင်မောင်တိုး မိုးမိတ် မြန်မာပြန်သော သတ္တိစာအုပ်မှ
Sar Pay Law Ka
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။