အာရှအလယ်ပိုင်း တက်မန်နစ္စတန်နိုင်ငံရှိ ငရဲတံခါးဝမီးလောင်တွင်း
တက်မန်နစ္စတန်ဒေသခံများက ငရဲတံခါးဝဟုခေါ်ဆိုသည့် တွင်းကြီးထဲတွင် မီးတောက်များ နှစ် ၄၀ ကျော် အဆက်မပြတ် တောက်လောင်နေပြီး ညနေခင်း ကောင်းကင်အား လိမ္မော်ရောင်တောက်ပနေစေသည်။ မြို့တော်အက်ရှကာဘတ်မှ လာရောက်လည်ပတ်သူ အသက် ၃၄ နှစ်အရွယ်ရှိ ဇယ်ရက်ဇ်ကူလီဗာက “အသကရှူရပ်သွားလောက် တဲ့ မြင်ကွင်းပါ။ ကိုယ့်အပြစ်တွေကို ပြန်စဉ်းစားမိပြီး ချက်ချင်း ၀တ်ပြုဆုတောင်းချင်စိတ်တွေ ပေါက်နိုင်ပါတယ်” ဟုဆိုသည်။
ကမ္ဘာ့အကြီးဆုံး ကန္တာရတစ်ခုဖြစ်သည့် ကာရာကမ်ကန္တာရအလယ်ရှိ ထိုတွင်းကြီးအား နိုင်ငံခြားသား အနည်းငယ်မြင်တွေ့ဖူးသည်။
ဆိုဗိယက်ပြည်ထောင်စုဝင်ဟောင်း တက်မန်နစ္စတန်အစိုးရက ထိုအခြေအနေအား ပြောင်းလဲနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ဆိုဗိယက်ပြည်ထောင်စုပြိုကွဲပြီး ရာစုနှစ် ၄ ပုံ ၁ ပုံနီးပါးရှိလာပြီဖြစ်သော် လည်း ကမ္ဘာပေါ်တွင် အထီးကျန်ဆုံး နိုင်ငံတစ်ခုဖြစ်နေသေးသည့် တက်မန်နစ္စတန်သို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၁၂၀၀၀ မှ ၁၅၀၀၀ ထိသာ လာရောက်သည်။
အနီးရှိကျေးရွာတစ်ခုကို အမှီပြု၍ ဒါဝီဇီတွင်းဟုခေါ်သော ငရဲတံခါးမှာ စွန့်စားလိုသည့် ကမ္ဘာလှည့်ခရီးသည် များအတွက် ဆွဲဆောင်မှုဖြစ်လာမည် ဟု ခရီးသွားလုပ်ငန်း အရာရှိများကဆိုသည်။ “မီးလောင်နေတဲ့တွင်းက တစ်နှစ်ထက်တစ်နှစ် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နေပြီး နိုင်ငံခြားသားတွေ အများစုပါဝင်ပါတယ်” ဟု အစိုးရအရာရှိ တစ်ဦးက AFP သို့ပြောကြားသည်။
တစ်ချိန်မှာ အသက်ကင်းမဲ့ခဲ့သည့် ကန္တာရမှာ သဘာဝအခြေခံခရီးသွားများမှ စွန့်စား အားကစားသမားများအထိ ခရီးသည်မျိုးစုံအား ဆွဲဆောင်နိုင်မည်ဟု ဆိုသည်။ သဲနက်ဟု အဓိပ္ပာယ်ရသည့် ကာရာကစ်သဲကန္တာရမှာ အာရှအလယ် ပိုင်း တက်မန်နစ္စတန်နိုင်ငံ၏ ဧရိယာ ၈၀ ရာခိုင်နှုန်းအား လွှမ်းမိုး ထားပြီး နွေရာ သီတွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်ထိရှိ ကာ ဆောင်းရာသီ တွင် အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်ထိ ရှိသည်။ မြို့တော်မြောက်ပိုင်း ကီလိုမီ တာ ၂၇၀ အကွာရှိ ငရဲတံခါးတွင်းအားသွားရန် လမ်းညွှန်ချက်များ မရှိသော် လည်း လမ်းပြများက ခေါ်ဆောင် သွားနိုင်မည်ဟုဆိုသည်။
တွင်း၏ကြမ်းပြင်နှင့် နံရံများမှ မီးတောက်များမှာ လေတိုက်ခတ်မှုနှင့်အတူ လှုပ်ရှားလျက်ရှိ သည်။ ပြင်းထန်သည့် အပူချိန်နှင့် မီးတောက်များ၏အသံက ထူးခြားသည့်ခံစားမှုကို ဖြစ်စေနိုင်သည်။ ငရဲတံခါး၏ မီးတောက်များမှာ ဆိုဗိယက်သိပ္ပံပညာရှင်များ၏ မှားယွင်း တွက်ချက်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ဆိုဗိယက်ဘူမိဗေဒပညာရှင်တွေက ဒီနေရာမှာ သဘာဝဓာတ်ငွေ့စမ်း သပ်တွင်းတစ်တွင်း စမ်းသပ်တူးခဲ့ကြပါတယ်။ မြေအောက်လှိုဏ်ခေါင်းတစ်ခုကို တူးမိရာက ပြိုကျပြီး တွင်းကြီးဖြစ်လာတာပါ။ ကံကောင်းပြီး သေဆုံးသူမရှိခဲ့ပါဘူး” ဟု တက်မန်ဘူမိဗေဒပညာရှင် အနာတိုလီကဆိုသည်။ ပြိုကျသည့်တွင်းမှ ထွက်လာသည့် ဓာတ်ငွေ့များ အဆိပ်သင့်မည်ကို စိုးရိမ်သဖြင့် သိပ္ပံပညာရှင်များက ဓာတ်ငွေ့များအား မီးရှို့ရန်ဆုံးဖြတ်ကြသည်။
ဓာတ်ငွေ့များအချန်ခဏအတွင်း ကုန်ဆုံးသွားမည်ဟု ဆိုဗိယက်သိပ္ပံပညာရှင်များ ထင်မှတ်ထားခဲ့သော်လည်း ယနေ့အထိ တောက်လောင်နေခြင်းဖြစ်သည်။ တက်မန်နစ္စတန်နိုင်ငံသည် သဘာဝဓာတ်ငွေ့ကြွယ်ဝပြီး ကမ္ဘာပေါ်တွင်ရှာဖွေတွေ့ရှိထားသည့် သဘာဝ ဓာတ်ငွေ့ စတုတ္ထအများဆုံးနိုင်ငံအဖြစ် မှတ်ယူခံရသည်။
မီးလောင်နေသည့်တွင်းမှာ အလွန်အန္တရာယ်ကြီးသော်လည်း ကာရံထားခြင်းမရှိဘဲ အချို့က တွင်းနှုတ်ခမ်းဝအထိ သွားရောက်ကြည့်ရှုကြ သည်။ တွင်းပတ်လည်ရှိ သဲမြေများမှာ မကြာခဏ ပြိုကျလေ့ရှိသဖြင့် တွင်းဝအထိ သွားခြင်းမှာ အလွန်အန္တရာယ်များသည်ဟု ဆိုသည်။
အက်ရှ်ဂါဘတ်ရှိ ခရီးသွားအေဂျင်စီတစ်ခုမှ အသက် ၄၀ အရွယ် ဘက်ဂလီက“နိုင်ငံခြား ခရီးသွားတွေက မြင်ကွင်းကိုအံ့သြကြသလို နှစ်ပေါင်းများစွာ ဓာတ်ငွေ့တွေ မီးလောင်တဲ့ အတိုင်း ထားထားတဲ့ တက်မန်တွေကို လည်း အံ့သြကြပါတယ်” ဟုဆိုသည်။ သမ္မတ ဂါဘန်ဂူလီက ငရဲတံခါးဒါဝ ဇီတွင်း အပါအ၀င် ကာရာကမ်ကန္တာရအတွင်း ဟက်တာ ၉၀၀၀၀ အကယ် ဧရိယာအား အမျိုးသားသဘာဝဥယျာဉ်အဖြစ် မနှစ်က သတ်မှတ်ခဲ့သည်။
KHTun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။