ရဲရဲတောက် ဒီမိုများ with ချစ် သမီး and 49 others
"ဝမ်းနည်း ဝမ်းသာ"
နောက်ဆုံးရရှိတဲ့ သတင်းများအရ သမ္မတ အရည်အချင်း သတ်မှတ်ချက် 2008 ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၅၉ပုဒ်မများကို မပြင်ဆင်ဖို့ အမျိုးသား လွှတ်တော်က အတည်ပြုကြောင်း သိရပါသည်..ဒီသတင်းအရ ပြည်သူ့လွှတ်တော်ကပါ အထက်ပါ အတိုင်း အတည်ပြုခဲ့ရင် နိုင်ငံ့ပြည်သူတို့ တခဲနက် ထောက်ခံပြီး ဒီမိုကရေစီ အတွက် နေအိမ်အကျယ်ချုပ် နှစ်ပေါင်း ၂၀နီးပါး အကျဉ်းချခံခဲ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဝမ်းနည်းးဝမ်းသာ ဖြစ်ရပါတယ်...
နားရှုပ်သွားပါသလား မိတ်ဆွေများ…?
ဝမ်းနည်းရခြင်း အကြောင်းကတော့ နှစ်ပေါင်းများစွာ စစ်အာဏာရှင် ကိုယ်ကျိုးရှာများကြောင့် တိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံတော် တိုင်းသား ပြည်သူများနှင့် ပြည်သူ့ တပ်မတော်ကြား ပျက်ပြားနေသော ယုံကြည်မှု ပျောက်ဆုံးနေမှု လူ့အလွှာ ကွဲပြားနေမှုများကို ပြည်လည် ရင်ကြားစေ့ ယုံကြည်မှု တည်ဆောက်၍ ပြည်ထောင်စု စိတ်ဓာတ်ကို အစစ်အမှန် ပေါ်ပေါက်အောင် စွမ်းဆောင်နိုင်သော စွမ်းရည်သတ္တိ ပြည့်စုံသူ ခေါင်းဆောင်ကောင်း တစ်ယောက်ကို ပြည်သူလူထု လိုလားသော ဒီမိုကရေစီစနစ်ကို အနှစ်သာရ ပြည့်ဝစွာ ဖေါ်ဆောင် ပေးနိုင်သော ခေါင်းဆောင်ကောင်း တစ်ယောက်ကို မြန်မာပြည်သူများ အနေဖြင့် လက်လွတ်
ဆုံးရှုံးရ၍ နိုင်ငံတော်အတွက် ဝမ်းနည်းခြင်း ဖြစ်သည်။
ဆုံးရှုံးရ၍ နိုင်ငံတော်အတွက် ဝမ်းနည်းခြင်း ဖြစ်သည်။
-----------------------------------
ဝမ်းသာခြင်း အကြောင်းသည်ကား စစ်အာဏာရှင် ကိုယ်ကျိုးရှာများ ဖျက်ဆီးခဲ့သဖြင့် အဂတိလိုက်စားမှုများ ဥပဒေကို အလွဲသုံးစားမှုများ တာဝန်မယူမှု တာဝန်မကျေမှု ကိုယ်ကျိုးစီးပွားအတွက် ပြည်သူများကို အာဏာရှင် ဥပဒေက အသုံးချအနိုင်ကျင့် စော်ကားမှု စသောမတရားမှု အမျိုးမျိးကြောင့် ဘက်ပေါင်းစုံ ယိုယွင်း ပျက်စီးနေသော အမှိုက်ပုံကြီးနှင့် တူသောကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်အမယ်ဘုတ်ရဲ့ သူချည်ငင်ကဲ့သို့ ရှုပ်ထွေးလွန်းတဲ့ ပြည်သူများ စာရိတ္တ၊ ဝါရိတ္တ တိုးတက်မြင့်မားရေး စီးပွားရေး၊ ကျန်းမာရေး ပညာရေး စသော အရေးကိစ္စများ အဂတိလိုက်စားမှုများ ကိုယ်ကျိုးရှာမှုများကြောင့် ဗုံးဗုံးလဲ ပြိုကျနေသော တရားစီရင်ရေးများ ပြည်သူများအပေါ် အမြဲတမ်း အသာစီးယူ၍ အုပ်ချုပ်သော အာဏာရှင် ဓလေ့စရိုက် စွဲကပ်နေသော အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် ပြည်သူများအပေါ် အုပ်ချုပ်တတ်စေရန် စိတ်ဓာတ်၊ စည်းကမ်းများ ပြုပြင်ပြောင်းလဲရေးများ လက်နက်ကိုင်တပ်များ တပ်မတော်မှအစ ရဲတပ်ဖွဲ့ အဆုံး ပြည်သူတို့၏ လက်ရုံးတပ်ဖွဲ့များကို မိမိတို့ဆိုင်ရာ
တပ်ဖွဲ့ရာထူး အကြီးဆုံး ခေါင်းဆောင်များကိုသာလျှင် အလေးအမြတ်ပြု၍ ကိုးကွယ်နေမှုများမှ ပြည်သူများကို အလေးထား၍ ပြည်သူ့ကိုယ်စား အဖွဲ့အစည်းကြီး ဖြစ်သော လွှတ်တော် အဖွဲ့အစည်းနှင့် ထိုလွှတ်တော်မှ ထုတ်ပြန်သော ပြည်သူ့ဆန္ဒ ကိုယ်စားပြု ဥပဒေများကို အလေးအမြတ်ပြုရေးအတွက်ပြုပြင်ပြောင်းလဲမှုများ စသော စသော နိုင်ငံ၏ အလုံးစုံသော ပျက်စီးနေသော အရွဲ့ အစောင်း မှန်သမျှကို အနှစ်နှစ် အလလ စုပုံထားသော အမှိုက်ပုံကြီးကို ပြည်သူတို့ အတွက် အသက်၇၀နီး ချစ်စွာသော သည်အမေကြီး ဒေါ်အောင်ဆန်းစုကြည် ဒုက္ခကြီးစွာဖြင့် ဖြေရှင်းနေရမည်ကို မမြင်လို... ပုဂ္ဂိုလ်ရေး အရ သနားစိတ် လွန်စွာပိုမိပါသည်..

အသက်ရှည်ရှည်ဖြင့် မြန်မာနိုင်ငံတော်
ပြည်သူများ၏ ဒီမိုကရေစီ ခေါင်းဆောင်ကြီးအဖြစ် လူထုခေါင်းဆောင်ကြီးအဖြစ် ကြာမြင့်စွာ အသက်ရာကျော် နေထိုင်သွားသည်ကို မြင်လိုပါသည်.. သို့အတွက်ကြောင့် မတရားသော အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိခြင်းကို နိုင်ငံအတွက် ဝမ်းနည်းသော်လည်း သူမတစ်ကိုယ်ရည် အကျိုးစီးပွားအတွက်မူ ဝမ်းသာပါကြောင်းးး

မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံနှင့် ပြည်သူများအပေါ် လွန်စွာတာဝန်ကျေပြီး ဖြစ်ပါကြောင်းဟု ကျနော် မမှိတ်မသုန် ယုံကြည်ပါသည် မိတ်ဆွေများးး
**လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်
လူမွှေကြီး ထိပ်တင်မျိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။