ဘရာကူဇာ နောက်ကွယ်မှ သိပ္ပံပညာ
ဘရာကူဇာဆိုသည်မှာ ၂၀၁၄ ခုနှစ် ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲတွင် အသုံးပြုသော ဘောလုံး၏ အမည်ဖြစ်သည်။ သာမန်ဘောလုံးတစ်လုံးတွင် အနက်ရောင် ပဉ္စဂံအကွက် ၁၂ ကွက်နှင့် အဖြူရောင် ပဉ္စဂံအကွက် ၂၀ ပါဝင်သည်။ သို့ သော် အဆိုပါ ဘောလုံး ဒီဇိုင်းသည် အလွန်ရှေးကျပြီး ခေတ်မီဆန်းသစ်မှုမရှိသောကြောင့် ၂၀၁၄ ကမ္ဘာ့ ဖလား ပြိုင်ပွဲတွင် အသုံးပြုရန် သင့်လျော်မှုမရှိပေ။
ဂျပန်နိုင်ငံမှ သုတေသီများက လွန်ခဲ့သော ငါးနှစ်အတွင်း အသုံးပြုခဲ့သော ဘောလုံးများ၏ ဒီဇိုင်းနှင့် ဘရာကူဇာ၏ တည်ငြိမ်မှု ကို နှိုင်းယှဉ်စစ်ဆေးမှုများပြုခဲ့သည်။ အဆိုပါနှိုင်းယှဉ်မှုတွင် ၂၀၀၈ ခုနှစ် ယူရိုဖလားဘောလုံးပြိုင်ပွဲမှ teamgeist 2 ဟူသော ဘောလုံး၊ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲမှ Jabulani ဘောလုံးတို့ ပါဝင်သည်။
ဘောလုံးကို လေပိုက်လုံးကြီးများထဲတွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး လေတိုက်နှုန်းကြောင့် ဘောလုံး ဦးတည်ချက်ပြောင်းလဲမှုရှိမရှိ နှင့် ဘောလုံး၏ ဘေးဘက်သက်ရောက် အား နှင့် ပင့်တင်အား များကို လေ့လာခဲ့ကြသည်။ ထို့ နောက် Karen Kaplan ဆိုသူက စစ်ဆေးချက်များ၏ အဖြေကို ထုတ်ဖော်ပြောဆိုခဲ့သည်။
“လေပိုက်လုံးထဲက စမ်းသပ်ချက်များအရ ဘရာကူဇာဘောလုံးဟာ တည်ငြိမ်မှုနဲ့ ဘောလုံးပေါ်သက်ရောက်တဲ့ လေထု ခုခံနိုင်အား တို့ မှာ ထိပ်ဆုံးအဆင့်ရှိပါတယ်။ ဘောလုံးမျိုးစုံကို စမ်းသပ်ကြည့်တဲ့အခါမှာ Jabulani နဲ့ Cafusa ဘောလုံးများဟာ ဘောလုံးရဲ့ ဘယ်ဘက်ခြမ်းနဲ့ လေထုကို ထိုးခွင်းဝင်ရောက်လဲ ဆိုတဲ့ အချက်အပေါ်အလွန် မှီခိုနေတာကို တွေ့ ရပါတယ်။ ဘရာကူဇာဘောလုံးကတော့ ဘယ်လိုပဲ လေထုထဲ ရောက်ရောက် ပြဿနာမရှိတာ တွေ့ ရပါတယ်။”
<Science Facts - Myanmar>
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။