ကြွက်များသည် လူများကဲ့သို့ ၎င်းတို့ ၏ မှားယွင်းသော ဆုံးဖြတ်ချက်များအပေါ် နောင်တရလေ့ရှိကြ
အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်များအရ ကြွက်များသည် ၄င်းတို့ အတွက် ပိုမိုကောင်းမွန်သော အစာရရှိရန် အခွင့်အရေးအလမ်းများကို မရွေးချယ်မိလျှင် နောင်တရလေ့ရှိကြကြောင်းတွေ့ ရှိရသည်။
ထိုအပြုအမူမျိုးကို လူမှလွဲ၍ အခြားနို့ တိုက်သတ္တ၀ါများတွင် ပထမဆုံးအကြိမ်တွေ့ ရှိရခြင်းဖြစ်ပေသည်။
သုတေသီများက ကြွက်များကို အစာကျွေးရာတွင် သတ်မှတ်ထားသောအချိန်တစ်ခုတွင် ကျွေးသောအစာကို စောင့်ရန် သို့ မဟုတ် အခြားအစာတစ်ခုကို ကိုယ်တိုင်ရှာဖွေစားသောက်နိုင်ရန် ဖန်တီးပေးပြီး ဝေခွဲရခက်သော အခြေအနေများကို ပြုလုပ်ခဲ့ကြသည်။ အချိန်မှန်ကျွေးသော အစာကို မစောင့်ဘဲ အခြားအစာတစ်ခုရရန် ရှာဖွေသော ကြွက်များသည် ပိုမိုဆိုးရွားသော အစာကိုသာ တွေ့ ရသောအခါ နောင်တရသော အပြုအမူမျိုးပြုလုပ်ကြောင်း တွေ့ ရှိရသည်။ ထို့ ပြင် နောင်တရခြင်းနှင့်ဆက်စပ်သည့် အခြားသော အတွေးများသည် သတ္တ၀ါငယ်များ၏ အနာဂတ် ဆုံးဖြတ်ချက်များကိုပါ အကျိုးသက်ရောက်မှုရှိကြောင်းတွေ့ ရှိရသည်။
အချုပ်အားဖြင့် လူသားတို့ တွင်သာမက တိရိစ္ဆာန်ငယ်များတွင်လည်း စိတ်ခံစားချက်ရှိကြောင်း ဖော်ပြနေပေသည်။
Via livescience.com
<Science Facts - Myanmar>
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။