Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 30, 2014

** မြန်မာ ၊ တရုတ် နိုင်ငံရေး ကစားကွက်များ **


** မြန်မာ ၊ တရုတ် နိုင်ငံရေး ကစားကွက်များ **

အတိတ်ကာလ မြန်မာအစိုးရအဆက်ဆက်သည် မိုင်ပေါင်းများစွာ ကုန်းမြေခြင်း နယ်နိမိတ်ထိစပ်လျက်ရှိသော တရုတ် နိုင်ငံကို အထူးသတိပြု ဆက်ဆံခဲ့ရပါသည်။ သမိုင်းကြောင်းအရ ပုဂံခေတ် ပထမမြန်မာနိုင်ငံကို နရသီဟပတေ့မင်း လက်ထက် တရုတ်တို့ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် တိုင်းပြည်ပျက်ခဲ့ရသည်။ ၀န်ကြီးချုပ်ဦးနု လက်ထက် တရုတ်ဖြူတပ် များ ကျူးကျော်မှု ခံခဲ့ရပြီး နယ်စပ်မြို့သုံးမြို့ (ဖိမေါ်၊ ကန်ဖန်၊ ဂေါ်လန် မြို့များ) ကို တရုတ်နိုင်ငံသို့ လွှဲပေးခဲ့ရသည်။ ဦးနေ၀င်းလက်ထက် တရုတ်-မြန်မာ အရေးခင်းဖြစ်ခဲ့ပြီး နောက် နယ်စပ်ဒေသတလျှောက် ကိုးကန့် ၊ ၀ ၊ အခါ ၊ ရှမ်း ၊ ကချင်ဒေသများ တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ကျောထောက်နောက်ခံပြူ၍ တရုတ် စစ်တပ်နှင့်ထောက်လှမ်းရေး များ ၀င်ရောက်နေရာယူခဲ့ကြသည်။ ယနေ့အထိ အဆိုပါပြဿနာသည် မပြီးဆုံးသေးသည်ကို တွေ့ရပါမည်။

၁၉၈၈ ခုနှစ် အရေးခင်းကာလအတွင်း တရုတ်- မြန်မာ နယ်စပ်ဒေသအခြေအနေမှာ အတော်အတန် တင်းမာခဲ့ဘူးပါ သည်။ ထိုစဉ်က တရုတ်နှင့်မဆလအစိုးရ အခြေအနေမှာ ကောင်းမွန်သည့်ဆက်ဆံရေး မရှိပါ၊ တရုတ်တို့အနေဖြင့် တရုတ်စစ်တပ် တပ်မနှစ်ခုကိုနယ်စပ် တစ်လျှောက်ဖြန့်ချထားပြီး မြန်မာနိုင်ငံအတွင်းပိုင်း မန္တလေးမြို့ထိသိမ်းပိုက်နိုင် ရေး အစီအမံများဆွဲထားခဲ့ကြောင်းသိရှိခဲ့ရပါသည်။
တရုတ်တို့ သည် အမေရိကန်လေယာဉ်တင်သင်္ဘော မြန်မာပိုင် ရေပြင်နယ်နိမိတ် အတွင်းသို့ရောက်လာသည်ကို အကြောင်းပြ၍ အထက်မြန်မာနိုင်ငံသိမ်းပိုက်ရေး အကြံအစည်များ ဆောင်ရွက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ အခြေအနေကိုကြည့်ပြီးနောက် ပထမအစီစဉ်ကိုဖျက်ပြီး ဗကပစစ်တပ်များ ကို ထောက်ပံ့ပေးပြီး သံလွင်မြစ်အရှေ့ခြမ်းသိမ်းပိုက်ရေး စစ်ဆင်ရေးတစ်ခုကို အပြင်းအထန် ဆင်နွဲခဲ့ပါသည်။ အဆိုပါ မိုင်းယန်းစစ်ဆင်ရေးတွင် ဗကပတို့ ရှုံးနိမ့်ခဲ့ပြီးနောက် တရုတ်တို့သည် မြန်မာနိုင်ငံအပေါ် နည်းဗျူဟာတစ်ခု ပြောင်းလဲ ကျင့်သုံးလာခဲ့ပါသည်။ ပထမဦးဆုံး နယ်စပ်တိုင်းရင်းသားများအပေါ် ဗကပ၏ ခေါင်းဆောင်မှုကိုရုပ်သိမ်းပြီး တိုင်းရင်း သားများကို ခွဲထွက်ခွင့် ပြုခဲ့ပါသည်။ တရုတ်ထောက်လှမ်းရေးနှင့်မြန်မာထောက်လှမ်းရေး အောက်ခြေအဆင့် အဆက် အသွယ်များပြုလုပ်ပြီး ထိတွေ့ ဆက်ဆံလာခဲ့ကြပါသည်။ တရုတ်တို့၏ အကြံပြုချက်အရ လက်နက်ကိုင်၍ ငြိမ်းချမ်း ရေးပြုလုပ်ရေးပေါ်လစီကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ၁၉၈၉ခုနှစ်တွင် ကိုးကန့်လူမျိုးအကျိုးဆောင် ဘိန်း ဘုရင် လော်စစ်ဟန်မှ တဆင့် လာရှိုးမြို့ရှိ အမှတ်(၉)ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးသန်းအေးကို ဆက်သွယ်လာ ခဲ့ပါသည်။ ယင်းသို့ကမ်းလှမ်းလာချက်အပေါ် ထိုအချိန် န၀တခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်နှင့်ဗိုလ်မှူချုပ်ခင် ညွန့်တို့မှ ဦးနေ၀င်း၏သဘောတူညီချက်ဖြင့် ကိုးကန့်အဖွဲ့၏ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါသည်။ ကိုးကန့်ပြီးနောက် တရုတ်နယ်စပ် တိုင်းရင်းသား လက်နက်ကိုင်အသီးသီး န၀တ နှင့်သဘောတူညီချက်များရယူခဲ့ကြပါသည်။ ထိုစဉ်က သဘောတူညီချက်များအပေါ် ဗိုလ်ချုပ်သန်းရွှေ ဗိုလ်ချုပ်မောင်အေး တို့အနေဖြင့် သဘောမကျလှသော်လည်း မကန့် ကွက်ဝန့်ကြပါ။ ဗိုလ်ချုပ်သန်းရွှေ အာဏာရလာချိန်တွင် တရုတ်ကို ချစ်လို့ပေါင်းနေတာမဟုတ်ဘူး မလွှဲသာလို့ပေါင်း နေတာ ဆိုပြီး ကြွေးကြော်ခဲ့ဘူးပါသည်။ တရုတ်နယ်စပ်ရှိ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်တွေကို တခါမျှလက်ဆွဲ နှုတ် မဆက်ခဲ့ဘူးပဲ၊ တချိန်ချိန် ပြန်တိုက်ရမည့်ကောင်တွေလို့လေးလပတ် စစ်ဆင်ရေး အစည်းအဝေးတွေမှာ တိုင်းမှူး တပ်မမှူးများကို ညွှန်ကြားလေ့ရှိပါသည်။

၁၉၉၄ ခုနှစ်လောက်က အမှတ်မထင် လာရှိုးမြို့ စစ်ဆေးရေဂိတ်မှာ တရုတ်လူမျိုးတစ်ယောက်ကို သူလျှိုတွေသုံးတဲ့ ဆက်သွယ်ရေးစက်တွေနဲ့ ဖမ်းမိလိုက်ပါသည်။ စစ်ကြောမေးမြန်းတော့ တရုတ်ပြည်မကြီးကို သူလျှိုလုပ်နေတဲ့ တရုတ် ဖြူ ထောက်လှမ်းရေး (ထိုင်ဝမ်ထောက်လှမ်းရေး) ဖြစ်နေပါသည်။ သူတို့၏ သူလျှို ပိုက်ကွန်ကိုဖေါ်ထုတ်ဖမ်းဆီးလိုက် တော့ ဗိုလ်မှူးကြီးအဆင့်ရှိ ခေါင်းဆောင် မြန်မာအမည် ၀င်းနိုင် ကို ရန်ကုန်မြို့ (၈)မိုင်မှာ ဖမ်းဆီး ရမိခဲ့ပါသည်။ မန္တလေး မေမြို့လာရှိုး ကွတ်ခိုင် မူဆယ် မှာရှိသော သူလျှိုအဖွဲ့ဝင်တွေ အပါဝင် စုစုပေါင်း ၉ ယောက်ကိုဖမ်းဆီးမိခဲ့ ပါသည်။ မြန်မာနိုင်ငံကိုတော့ သူတို့ သူလျှိုလုပ်ငန်းမလုပ်ပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပစ်မှတ်ထား သတင်းရယူ ကာ ထိုင်ဝမ်ကို ပို့ပေးရသည်ဟု သိခဲ့ရပါသည်။ အခြေအနေ အကြောင်းစုံကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံတင်ပြသော အခါ၊ `ဒီထိုင်ဝမ်ကောင်တွေ ငါတို့မှ ဒုက္ခပေးတာမှမဟုတ်တာ ပြန်လွှတ်ပေးပြီးတော့၊ သူတို့ရတဲ့ တရုတ်ပြည်မကြီး သတင်းတွေ ငါတို့ကိုလဲပေးခိုင်း” ဟုမှတ်ချက်ပြုခဲ့ပါသည်။ အဲဒီကာလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်ရုံးချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း) သည်ယခု သမတကြီး ဦးသိန်းစိန် ဖြစ်ပါသည်။

တရုတ်တို့အနေဖြင့်လည်း တရုတ်သံအမတ်ကြီးကို စေလွှတ်ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်ကို ပထမဦးဆုံး အသိအမှတ်ပြုသည့် အလုပ်ကို လုပ်ခဲ့ပါသည်။ သို့သော် နောက်ပိုင်းမှာ စီးပွားရေးကို ဦးစားပေးပြီး တရုတ်နိုင်ငံ၏ တပတ်ရစ် လေယာဉ် တင့်ကား အမြောက် လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း အမေ ရိကန်ဒေါ်လာ (၂ ) ဘီလျံဖိုး ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အကြွေးနှင့် ရောင်းပြီး အမြတ်ထုတ်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူး ကြီးစောမောင် အနေဖြင့်လည့်း မြန်မာနိုင်ငံ ကုလသမဂ္ဂတွင် လုံခြုံရေးကေင်စီဝင် အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံ၏ ထောက်ခံမှုရရေးနှင့် တိုင်းပြည်တွင် နိုင်ငံခြားဝင်ငွေမရှိချိန်ဒီစစ်ပစ္စည်းတွေကို ၀ယ်ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ တရုတ်ကအကြွေးပြန်တောင်းသောအခါ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်မှူးကြီးစောမောင် ကို အစုတ်တွေ ၀ယ်ရပါ့မလားဆိုပြီး အပြစ်တင်ခဲ့သေးပါသည်။ အဲဒီအချိန်က ဓါတ်ငွေ့မထွက်သေးလို့ အကြွေးကို ချက်ချင်း မဆပ်နိုင်လို့ တရုတ်၏ ငြိုငြင်မှုကိုလည်း ခံရပါသေးသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ရေနံကုမ္မဏီ ယူနိုကော်လ် (UNOCAL) နှင့် ပြင်သစ်ရေနံ ကုမ္မဏီ တိုတယ်လ် (TOTAL) တို့က တူးသဖြင့်၊ သဘာဝ ဓါတ်ငွေ့တွေထွက်လာသောအခါကျမှ နအဖကို ပြန်ပြီး မျက်နှာချို သွေး လာခဲ့ပါသည်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ ဓါတ်ငွေ့မှ၊ နိုင်ငံခြားဝင်ငွေ ရလာမှန်း မြန်မာအစိုးရ သိ လာသောအခါတွင်၊ ရေအား လျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများတွင်၊ တရုတ်က စတင်ရင်းနှီးမြုပ်နှံမှုတွေ လုပ်လာ ခဲ့ပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုန်ပစ္စည်းများကို ရေလမ်းနှင့် အိန္ဒိယသမုဒ္ဒရာဆီကို ထွက်ဖို့ ဧရာဝတီမြစ် တွင်းက တရုတ်ကုန်သင်္ဘောများ ဖြတ်သန်းခွင့်ပေးဖို့ တရုတ်တို့က တောင်းဆို လာခဲ့ကြပါသည်။ ဗန်းမော်မြို့တွင် တရုတ် သင်္ဘောများဆိုက်ကပ်နိုင်ရေးအတွက်၊ ရေနက်ဆိပ်ကမ်း ဆောက်ပေးမည်၊ ဗန်းမော် နှင့် တရုတ်နယ်စပ်ကို ကားလမ်းဖေါက်ပေးမည်၊ ဧရာဝတီမြစ်ကို မဲခေါင်မြစ် ကဲ့သို့ ရေလမ်းကြောင်း ရှင်းပေးမည်၊ ဧရာဝတီမြစ်အတွင်း တရုတ်ကုန်သင်္ဘောတွေ ဖြတ်သန်းသည့်အခါ တရုတ်နိုင်ငံအလံထူမည်၊ တရုတ်သင်္ဘောများကို မြန်မာဘက်က မစစ်ဆေးရ ဆိုသော အချက်တွေကို တရုတ်ဘက်မှ၊ အဆိုပြုခဲ့ပါသည်။ ထိုအချက်တွေကို ပထမပိုင်းမှာ နအဖ ဘက်က သဘောတူကြောင်း တရုတ်ကို အကြောင်းပြန်ကြားခဲ့ပါသည်။

၂၀၀၁ ခုနှစ် တရုတ် သမတကြီး ကျန်ဇီမင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် အချိန်တွင်၊ တရုတ် ကုန်သင်္ဘောများ ဧရာဝတီမြစ်အတွင်းဖြတ်သန်းခွင့်ကိစ္စ လက်မှတ်ထိုးခါနီးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကပ်ပြီး သဘောမတူကြောင်း လုပ်လိုက်သဖြင့်၊ တရုတ်သမတကြီး ကျန်ဇီမင်း တော်တော် ဒေါသဖြစ်သွားခဲ့တာတွေ ဖြစ်ခဲ့ ဘူးပါသည်။ အဲဒီ့နောက် တရုတ်နှင့် ခပ်တန်းတန်းဖြစ်နေချိန်တွင်၊ ဗိုလ်ချုပမှူးကြီးသန်းရွှေက နိုင်ငံရေး ကစားကွက် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို တည်ကြက်လုပ်ပြီး အမေရိကန်သမတ George W. Bush အစိုးရနှင့် အဆင် ပြေစေဖို့ ၊ ၀ါရှင်တန်ဒီစီတွင် (အမေရိကန် အစိုးရ၊ လွှတ်တော်နှင့် အမေရိကန်နိုင်ငံရေးလောကတွင်ထိုးဖေါက်စည်း ရုံးလိုသူ အမေရိကန်နိုင်ငံသားရော နိုင်ငငံခြားသားများအတွကပါ၊၊ ကြားဝင် အကျိုးဆောင်ခွင့်ပြုထားသော တရားဝင် Lobby ကုမ္ပဏီများထဲမှ) Lobby ကုမ္ပဏီတခုကို၊ မြန်မာစစ်အစိုးရက တရားဝင် ငှားရမ်းခဲ့ပါသည်။် ၂၀၀၂ ခုနှစ် မေလ တွင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးခဲ့သည်။၊ ၂၀၀၃ ခုနှစ် ဒီပဲရင်း အရေးအခင်း ပြီးသောအခါ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂျတို့၏ အပြင်းအထန်ဖိအားများကြောင့်၊ ဗိုလ်ချုပမှူးကြီးသန်းရွှေ တရုတ် ဘက်ကို ပြန်ကပ်ခဲ့ပြန်ပါသည်။ စွမ်းအင် သတ္တု ဆည်မြောင်း အစရှိသည့် လုပ်ငန်းကြီးများ တော်တော်များများကို တရုတ်ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်ရပါသည်။ ရခိုင်ကမ်းလွန်က ထွက်သည့် သဘာဝဓါတ်ငွေ့ဝယ်ယူရေးကို အိန္ဒိယ ကို မပေးဘဲ တရုတ်ကို ၀ယ်ယူခွင့် ပြုလိုက်ရပါသည်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သောအခါ၊့ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်များအရေး တရုတ်ဘက်က ရတက်မအေးဖြစ်နေသဖြင့်၊ ဗိုလ်ချုပ်ကြီးရွှေမန်း တရုတ်ကို အပြေးလေးသွားပြီး ပြဿနာမရှိကြောင်း ရှင်းပြခဲ့ရပြန်ပါသည်။ အဲဒီနောက်ပိုင်းမှာတော့ တရုတ်အနေဖြင့် နအဖ အပေါ်၊ အပေါ်စည်း ရသွားခဲ့ပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပြစ်ဒဏ်ခတ်မှုများ ပြင်းထန်လာသည့် အတွက်ကြောင့်လည်း၊ နအဖသည် အောက်စည်းကနေ မလှန်ရဲတော့ပဲ၊ တရုတ်နိုင်ငံ၏ အနိုင်ကျင့်မှု မျိုးစုံကို ခံလာ ခဲ့ရပါသည်။၂၀၀၇ ခုနှစ် သံဃာအရေးခင်း ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း စသည်တို့တွင် နအဖသည် ”ကမ္ဘာ့ ငပွကြီး” ဘွဲ့ကိုခံယူခဲ့သဖြင့်၊ တရုတ်လည်း နအဖကြောင့် တော်တော် နာမည်ပျက်သွား ခဲ့ရပါသည်။

၂၀၀၈ ခုနှစ် အကုန်လောက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လာရောက် တွေ့ဆုံပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြေညာချက် ကိုလိုက်နာရန် ပြောခဲ့ပါသည်။ ဒါကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က သူ့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဒီလို ပြောရပါ့မလားဆိုပြီး၊ ဒေါသဖြစ်လို့၊ အစည်းဝေးခန်းမထဲတွင် တရုတ်နှင့် မြန်မာ အရာရှိတွေ အကြား၊ ပွဲနည်းနည်းဆူသွားခဲ့ပါသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြန်သွားပြီး၊သိပ်မကြာခင်မှာပဲ၊ တရုတ်ရဲ့ရေနံသဘာဝဓါတ်ငွေ့ သွယ်မည့် ပိုက်လိုင်းကို ကျောက်ဖြူ အစား၊ စစ်တွေကနေ သွယ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောင်းခြင်တယ် ဆိုသည့်အသံ၊ တရုတ်ကို ပေးလိုက်တော့၊ ချက်ခြင်းဆိုသလို တရုတ်ထိပ်ပိုင်းခေါင်း ဆောင်တွေ မြန်မာနိုင်ငံ ရောက်လာပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျောက်ဖြူပဲ လုပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ကြပါသည်။ တရုတ်လည်း အဲဒီ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လွှတ်ဖို့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့ဆိုတာ တွေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မတိုက်တွန်းတော့ပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလလောက်တွင် ဗိုလ်ချုပ်ကြီးရွှေမန်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိစေရေး၊ စေလွှတ်ခဲ့ပါသည်။ တရုတ်က ဗိုလ်ချုပ်ကြီးရွှေမန်းကို နယ်စပ်ဒေသ တိုင်းရင်းသား လက်နက် ကိုင်များအရေးနှင့် ပတ်သက်ပြီး၊ အကြမ်းဘက်သည့်နည်းဖြင့် မဖြေရှင်းဘို့ ပြောလိုက်သည်ဟု သိရပါသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးနေချိန်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအဖွဲ့တွေက ဒါကို ငြင်းပယ်နေကြသဖြင့်၊၂၀၀၉ ခုနှစ် အစောပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းဆိုခဲ့သည့် ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို စစ်တပ်က ၀င်ရောက် တိုက်ခိုက်သဖြင့်၊ တရုတ်လူမျိုးတွေ ဒုက္ခရောက်ကြသလို မြန်မာဖက်က ဒုက္ခသည် သုံးသောင်း ကျော် တရုတ်ပြည်ဘက် ထွက်ပြေးခဲ့ကြရပါသည်။

တရုတ်တို့အနေဖြင့် အကြမ်းမဘက်ပါနှင့်ဟု မေတ္တာရပ်ခံထားသည့်ကြားက နအဖ က တိုက်ခိုက်သည့်အတွက်၊ ကိုးကန့်အရေးခင်း ဖြစ်ခဲ့သည့်အပေါ် တရုတ်တို့ တော်တော်စိတ်ဆိုးခဲ့ပါသည်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ၊ ဗိုလ်ချုပ်ကြီးရွှေမန်းကို ချက်ခြင်းစေလွှတ်ပြီး တရုတ်ခေါင်းဆောင်တွေထံ သွားရောက်ရှင်းပြခိုင်းခဲ့ရပါသည်။။ ဒါကို တရုတ်ခေါင်းဆောင်တွေက မကြေနပ်ပါ၊ ဗိုလ်ချုပ်ကြီးရွှေမန်း ရှင်းပြတာကို လက်မခံပါ။း မင်းထက်ကြီးသည့်ပုဂ္ဂိလ်ကို လွှတ်လိုက်ဆိုလို့၊ ချက်ခြင်းဆိုသလို ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ရပါသည်။ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးမှ ကိုးကန့်ကိစ္စ တရုတ်ခေါင်းဆောင်တွေ ကို ရှင်းပြပြီးသောအခါ၊ တရုတ်တို့ဘက်က တောင်းဆိုသည့် ကျောက်ဖြူရေနံပိုက်လိုင်းစီမံကိန်း ၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပါဝင် စီမံကိန်း (၆) ခုလောက်ကို သဘောတူညီချက် စာချွန်လွှာများ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး လက်မှတ်ရေးထိုးပေးခဲ့ရပါသည်။ အဲဒီ နောက်ပိုင်း တရုတ်က မြန်မာနိုင်ငံ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ နှင့် ပတ်သက်ပြီး ထောက်ခံကြဖို့ နိုင်ငံတကာကို ပြောပေးခဲ့ ပါသည်။ နောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာသော အစိုးရအသစ်ဟု ဆိုသော စစ်ခေါင်းဆောင်ဟောင်း တွေကို ထောက်ခံကြောင်းကို ပြသသည့်အနေဖြင့် မြန်မာနိုင်ငံကို တရုတ် နိုင်ငံရေးခေါင်းဆောင် နဲ့ စစ်ရေးခေါင်း ဆောင် နှစ်ဦး မကြာသေးမီက လာရောက်လည်ပတ်သွားကြသည်ကို တွေ့မြင်ကြရမှာ ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် မှာ လာရောက်လည်ပတ်သွားသည့် တရုတ်နိုင်ငံခေါင်းဆောင်တွေပြန်အသွား၊ နေပြည်တော်က လာ သည့် သတင်းတွေ ရရှိခဲ့ပါသည်။ တရုတ်တွေက နိုင်ငံရေးအပိုင်းအနေနဲ့ အစိုးရသစ်ကို အပြည့်အ၀ ထောက်ခံ ကြောင်းကိုသာ တွင်တွင်ပြောခဲ့ကြောင်းနှင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ၊ အားလုံပါဝင်ရေး အမျိုးသားပြန်လည်သင့်မြတ် ရေး ဒေါ်အောင်ဆန်းစုကြည်နံမည် စသည်တို့ကို စကားတောင် မဟသွားကြောင်၊ နယ်စပ်ရှိ ငြိမ်းချမ်းရေးအဖွဲ့တွေ ကိစ္စ ပြန်လည် ဆွေးနွေးဖြေရှင်းဖို့ မေတ္တာရပ်ခံသွားကြောင်း စစ်ရေးနဲ့ပတ်သက်ပြီး၊ နယ်စပ်ဒေသရှိ တရုတ် မြန်မာ စစ်တပ် အချင်းချင်း ပုံမှန်တွေ့ဆုံပြီး နာလည်မင်းနှီးမှုဖြင့် ပြဿနာများ ဖြေရှင်းရန် အကြောင်း စစ်တပ်အချင်းချင်း ဆက်ဆံရေး စစ်သင်တန်းများ အပြန်အလှန် တက်ရောက်ရေး အကြောင်း စစ်လက်နက်များဝယ်ယူရေး အကြောင်း စီးပွါးရေးနှင့် ပတ်သက်ပြီး ရေနံပိုက်လိုင်း ရေအားလျှပ်စစ် ရေနက်ဆိပ်ကမ်းကိစ္စများအပါဝင် တရုတ်တို့ မပါဝင်လိုက် ရသည့်၊ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီ့း အသေးစိပ် မေးမြန်းဆွေးနွေးသွားသည့ သတင်းများကို ကြားသိခဲ့ရပါသည်။

အတိတ် ၊ ပစ္စုပ္ပန် အခြေအနေတွေကို လေ့လာပြီးသုံးသပ် ခန့်မှန်းခြေရေးဆွဲကြည့်သောအခါ မြန်မာပြည်သူတွေ အတွက် အင်မတန်မှရင်လေးစရာကောင်းသလို မြန်မာနိုင်ငံ၏ အနာဂါတ်အတွက် တရုတ်သည် အထူးစိုးရိမ်ဘွယ် အန္တရယ်ကောင်းသည့် နိုင်ငံဟု သုံးသပ်ရပါသည်။ မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်တွေသည် တရုတ်ကဲ့သို့ နိုင်ငံ ကြီး ကို အမေရိကန် ၊ အိန္ဒိယ တွေ ကြားမှာ၊ ကို့ယ်ကိုကိုယ်လျင်လှပြီဆိုပြီး နိုင်ငံရေးကစားခဲ့ရာက၊ ယခုအချိန်မှာ တရုတ်ကပြုသမျှနုရတော့မည့် ကိန်းဆိုက်နေပြီ ဖြစ်ပါသည်။ ၊ မြန်မာ စစ်အာဏာရှင်တွေ အနေနှင့်၊ နိုင်ငံတကာနှင့် နိုင်ငံရေးကစားနေ လိုက်သည်မှာ၊ နောက်ဆုံးတော့ သူတို့၏ သိက္ခာလုံးဝမရှိတော့သည့် အပြင် တရုတ် အပါဝင် ကမ္ဘာ့ နိုင်ငံအားလုံးက လက်ရှိ မြန်မာ စစ်အာဏာရှင်ခေါင်းဆောင်တွေ ကို အယုံအကြည်မရှိကြတော့ပါ။ လူလိမ်လူညာတွေ ဟုသာ သမုတ်ခြင်းခံနေကြရပါပြီ။ တရုတ်သည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွါးရေး တော် တော်များများကို ထိန်းချုပ်ထားနိုင်သည့်အနေထားရောက်ကို နေပါပြီ။ တရုတ်၏ လူမျိုးရေး စာပေ ယဉ်ကျေးမှုတွေ လည်း မြန်မာနိုင်ငံ နေရာတော်တော်များများမှာ လွှမ်းမိုးနေပြီ ဖြစ်ပါသည်။ ဒီလို အခြေအနေမျိုးဖြစ်နေသည်ကို လက်ရှိ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါဝင် စစ်ခေါင်းဆောင်တွေ မနှစ်မြို့ ဖြစ်နေကြသည် ဟု ကြားသိရပါသည်။ သူတို့တွေအနေဖြင့်လဲ ရှေ့က ဗိုလ်ချုပ်ကြီးများ ဘာတွေလုပ်ခဲ့ကြသည်ကို ဂဃနဏ မသိကြပါ။ ဒါကြောင့် အမှန်အမှား ဘာလဲ ဆိုတာကို သေချာမသိကြဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောတာတွေကို လိုက်လုပ်နေရ သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရပါသည်။ လက်ရှိ အာဏာရစစ်ခေါင်း ဆောင်တွေ အနေနှင့်လည်း၊ ဒီလမ်း ကြောင်းအတိုင်း ဆက်လျှောက်နေကြလျှင်၊ လူအများ ထင်ကြေးပေး နေကြသကဲ့သို့၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အစိပ်အပိုင်း တစ်ခု ဖြစ်လာမည်၊ တရုတ်၏ ကိုလိုနီကျွန်နိုင်ငံ ဖြစ်လာမည်၊ ဒါမှမဟုတ် မြန်မာပြည်သူလူထု မကျေနပ် မှုတွေ ကြီးထွားလာပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှာဒမှုတွေ ဖြစ်ပေါ်ကာ၊ ၁၉၆၇ ခုနှစ်ကကဲ့သို့၊ တရုတ် မြန်မာအရေး ခင်းတွေ ဖြစ်လာပါလိမ့်မည်။ ထို့နောက် ၁၉၈၈ တုန်းကကဲ့သို့၊ ပြည်သူလူထုတရပ်လုံး၏ မတိုင်ပင်ထားပဲ တညီတညာ အုံကြွမှုကြီး ဖြစ်လာပြီး စစ်ခေါင်းဆောင်များနှင့် မိသားစုဆွေမျိုးသားချင်းတွေ ပြည်သူတွေ၏ ဒဏ်ခတ်မှုနှင့် ကြုံတွေ့ ကြရလိမ့်မည်ဟု သုံးသပ်တင်ပြအပ်ပါသည်။

ဒါကြောင့် တကယ်တမ်း မြန်မာနိုင်ငံကြီး စည်ပင်သာယာဝပြောပြီး အေးချမ်းငြိမ်းချမ်းစွာနဲ့ ဖြစ်စေချင်သည် ဆိုလျှင်၊ အားလုံးကို အသစ်မှစပြီး ပြန်လုပ်ရပါလိမ့်မည်။ ပြည်တွင်းပြည်ပလူငယ်တွေကို ဦးဆောင်မှုနေရာ ပေးရပါလိမ့်မည်။ မကောင်းမှု မတရားမှု လုပ်ခဲ့သူတွေကိုလည်း အရေးယူသင့်သလောက် အရေးယူ၊ ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် စကားလုံးကိုအပြောမဟုတ်၊ အလုပ်နှင့်သက်သေပြကြဖို့ လိုပါမည်။ မြန်မာ နိုင်ငံသားတွေ အချုပ်အနှောင်ဘ၀ကလွတ်မြောက်ဖို့ လုပ်ဆောင်ကြရေး၊ လက်ရှိ စစ်ခေါင်းဆောင်တွေအပါဝင် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေ တွေအားလုံးမှာ တာဝန်ရှိသည်ဟု သုံးသပ် တင်ပြလိုက်ရပါသည်။

အောင်လင်းထွဋ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။