ကျွန်တော် ဒီကိစ္စ နဲ့ ၀င်မပြောဘူးလို့ နေမလို့ဘဲဗျ။ ဒါပေမယ့် ကိုယ့်မြန်မာမိန်ခလေးတွေ ပြည်ပမှာ မဖြစ်သင့်တာမဖြစ်ရအောင် စေတနာနဲ့ ၀င် ပြောပေးတဲ့ လူတွေကို တိုက်ခိုက်တာတွေ လုပ်လာလို့ ၀င်ရေးတော့မယ်။
စင်္ကာပူ အစိုးရက အိမ်ဖော် maid တွေကို ၁ လ ၁ ရက် အနည်းဆုံးပေးထွက်ရမယ်လို့ သတ်မှတ်ထားတယ်။
ဖိလစ်ပိုင် အိမ်ဖော်တွေ ကို ၁ ပတ် ၁ ရက် အပြင်ထွက်ခွင့် ပေးကြရတယ်။
စင်္ကာပူ မှာ လက်ရှိအလုပ်လုပ်နေတဲ့ မြန်မာအိမ်ဖော် အများစု လဲ အပြင်ထွက်ခွင့် ရကြတယ်။
အခုနောက်ပိုင်း မြန်မာအိမ်ဖော်ပွဲစားတွေက စင်္ကာပူ အိမ်ဖော်ပွဲစားတွေနဲ့ နားလည်မှုယူပြီး မြန်မာအိမ်ဖော်တွေကို အပြင်ထွက်ခွင့် လုံးဝပေးဖို့ နဲ့ ဖုန်းပြော ခွင့် လို ဘာမဟုတ်တဲ့ ကိစ္စမျိုး ကိုတောင် အိမ်ရှင်က ဆုပေးတဲ့ အနေနဲ့ ၁ လ ၁ ခါ တောင် ပေးချင်မှပေးပါ ဆိုပြီး လူပါးဝ လာတာပါ။
ဒါကို ကျွန်တော့် မိတ်ဆွေတွေ က လုပ်ပိုင်ခွင့် ရှိတဲ့ သူတွေသိအောင်ရေးတယ်။ မြန်မာ အချင်းချင်း သတိပေး ချင်လို့ ရေးကြတယ်။
အခု ဖြစ်လာတော့မယ့် အခြေအနေက လမ်းဘေးမှာ အမှိုက်သိမ်းတဲ့ ဘင်္ဂလားကုလား တောင် လွယ်လွယ်ကူကူ ကိုင်နိုင်တဲ့ လက်ကိုင်ဖုန်း ကို မြန်မာအိမ်ဖော်လေးတွေ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တောင် ၀ယ်ကိုင်ခွင့်မရှိတော့ဘူး ဖုန်းပြောခွင့်တောင် မရှိတော့ဘူးလို့ ပြောနေတာဗျ။
စင်္ကာပူ ဆိုတာ ဘာမှန်းမသိဘဲ အိမ်ထဲမှာ အမြဲသော့ခတ်ထားပြီး အနည်းဆုံး ၂ နှစ် ခိုင်းစေတော့မှာဗျ။
စင်္ကာပူလူမျိုးအိမ်ရှင်က နှိပ်စက်အနိုင်ကျင့် တာကို အနည်းဆုံး (၂) နှစ် ငြိမ်ခံရတော့မှာဗျ။
မြန်မာမိန်းခလေးတွေ စိတ်ဆင်းရဲမှု ဒဏ်မခံနိုင်လို့ တိုက်ပေါ်က ခုန်ချပြီး သတ်သေကုန်တော့ မင်းတို့က ဘာလုပ်ပေးနိုင်မှာလဲ။ ဘီယာ တောင် အသောက်မပျက်ဘူး မဟုတ်လား။
အမျိုးချစ်သလိုလို ဆရာကြီးလိုလို နဲ့ ကိုယ့်လူမျိုး ကိုယ်သေတွင်းပို့ နေတာတွေကို မမြင်ချင်လို့ ၀င်ရေးလိုက်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။