Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 23, 2014

ပီ မှ အာ ကြစေချင်သည် (၂)

ပီ မှ အာ ကြစေချင်သည် (၂)
- ဇာဂနာ
ကမ္ဘာပေါ်မှာက ရွေးကောက်ပွဲ စနစ်တွေ များသလိုပရိယာယ် မာယာတွေလည်းများလှသည်။ မဲ ဆန္ဒနယ်မြေရွေးချယ်တာ၊နယ် နိမိတ် သတ်မှတ်တာကိုက ပညာတစ်ရပ်ဖြစ်သည်။ PR စနစ်ကိုကျင့် သုံးလိုက်တာနဲ့  လွှတ်တော် ထဲက နှစ်ဆယ့်ငါးရာခိုင်နှုန်းသောတပ်မတော် ကိုယ်စားလှယ်တွေ မရှိတော့ ချေ ဟူသည့် ကလေးကလားအူကြောင်ကြောင် စိတ် ကူးမျိုးဖြင့် တော့ နိုင်ငံရေးမှာ ၀င် မကစားစေချင်။၂၅% ကိစ္စ က ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမပြင် မချင်းဘာမှ ဖြစ်လာမည် မဟုတ်။PR ကတော့ ရွေးကောက်ပွဲ ကော် မရှင် ကိစ္စ သက်သက်သာဖြစ်၏။နိုင်ငံရေးမှာ (လေနဲ့ဝမ်း)တော့ ကွဲကြစေချင်သည်။PR နှင့် ၂၅% သောတပ်မတော် ကိုယ်စားလှယ် တို့ ဘယ်လိုမှ ဆက်စပ်မရ။ဒါကိုဇွတ် အတင်းတွေ ဆွဲစေ့ နေကြတာတော့ မသင့်တော်။

ကမ္ဘာပေါ်မှာ PR စနစ်ကို ကျင့်သုံးသော နိုင်ငံတွေ အများအပြား ရှိပါသည်။ နိုင်ငံရေးအရ အတော် အတန် တီးမိခေါက်မိသူများ၊ နားလည်သူများ၊ လူလည်ကျချင်သူများ၊ နိုင်ငံရေးကို ကောင်းကောင်း လှည့်ဖျားချင်သူများ PR ကို ကလဖန်ထိုးလေ့ရှိ၏။
ဆိုပါတော့ party list PRခေါ် ပါတီက ထုတ်ပြန်သော စာရင်းအတိုင်း မဲပေးရသည့် စနစ်မှာပင်လျင် (၁)စာရင်းအပိတ် (၂)စာရင်းအဖွင့် နှင့် (၃)စာရင်းအရှင်တို့ဖြစ်သည်။
စာရင်းအပိတ်
ဆိုတာကတော့ ရှင်းသည်။ ပါတီခေါင်းဆောင် တွေက စာရင်းကို ကိုင်ထားသည်။ လွယ်လွယ်ပြောရလျင် ပါတီခေါင်းဆောင်တွေက အခရာ ဖြစ်သည်။ မဲပေးသူ ပြည်သူကိုယ်တိုင်က ဘယ်ကိုယ်စားလှယ်ကို ရွေးရမှန်းမသိ။ ပါတီကိုသာ မဲပေးလိုက်ရ၏။ ပါတီကရလာသော မဲအရေအတွက်ကို မူတည်ပြီး ကိုယ်စားလှယ်တွေကို နေရာပြန်ချခြင်းပင်။ ဒါကိုက တကယ့် အာဏာရှင် ဆန်လွန်းနေသည်။ ပါတီခေါင်းဆောင်တွေရဲ့ လက်ထဲမှာ (လွှတ်တော် ထဲကထိုင်ခုံစာရင်း) ကိုကိုင်ထားသလို ဖြစ်နေသည်။ ပြည်သူတွေက ဘာမှ သိခွင့်မရှိ။ ပြည်သူတွေက ဘာဆိုဘာမှ ဆုံးဖြတ် နိုင်ခွင့်မရှိ။ ပြည်သူ့ ဆန္ဒ ကိုမျက်ကွယ်ပြုလွန်း၏။
စာရင်းအဖွင့်
ဆိုတာကတော့ နည်းနည်းတော်သေးသည်။ ပါတီကလျာထားသည့် ကိုယ်စားလှယ်စာရင်းကို ပြည်သူက မဲပေးရတာဖြစ်၏။ သည်နေရာမှာ ပြသနာတစ်ခုတော့ရှိသည်။ ဆိုပါတော့ တူမောရိုးပါတီ က လျာထားသော ကိုယ်စားလှယ်စာရင်း(၉)ဦးကို ထုတ်ပြန်ထား၏။ အမှတ်စဉ် (၁)မှ (၉)အထိ အစဉ်အတိုင်းဖြစ်သည်။ ပါတီက သဘောကျသည့်အတိုင်း အမည်စာရင်းကို နံပါတ်စဉ် ထိုးပေးထားခြင်းပင်။
သည်မှာ ပြသနာက စလေပြီ။ပြည်သူက နံပါတ်စဉ်(၁)က လူထက် နံပါတ်စဉ် (၆)က လူကိုပိုကြိုက်သည်။ ဘယ်လိုလုပ်ကြမလဲ။ ပါတီက အခရာလား၊ ပြည်သူက အခရာလား။ ပြည်သူက ရွေးကောက်တင်မြှောက်သူသာ ပြည်သူ့ကိုယ်စားလှယ် ဖြစ်ရမည် ဆိုလျင် သည်စနစ်ကို ပြင်ကြရပေတော့မည်။ သို့ဖြင့် Cumulationခေါ်သည့် မဲပေးပုံတစ်မျိုး ပေါ်ပေါက်လာရတော့၏။ ဒါကတော့ ရှင်းသည်။ ပြည်သူတစ်ယောက်က မဲတစ်ခါပေးလျင် သုံးမဲအထိ ပေးပိုင်ခွင့်ရှိသည်။ ကိုယ် အကြိုက်ဆုံးလူကို ၃မဲ။ နည်းနည်းကြိုက်လျင် ၂မဲ။ သိတ်မကြိုက်ပေမဲ့ တစ်ယောက်တော့ မဖြစ်မနေ ရွေးပေးရမည် ဆိုလျင် တစ်မဲစသဖြင့် ပေးရတော့သည်။ ဒါကိုလဲ သိပ်ဘ၀င်မကျသူတွေက နောက် တစ်မျိုးတင်သွင်းလာသည်။ STV ခေါ် single tramsferable vote ဟုခေါ်သည်။ ပြည်သူတွေက ကိုယ့်မဲကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး နှစ်မဲရွေးပေးခဲ့ရခြင်း ဖြစ်သည်။ ဆိုလိုတာက ကိုယ်ကြိုက်သည့် ကိုယ်စားလှယ်မှာ ဦးသက်ဇော် ဟုဆိုပါတော့။ ကိုယ့်ကိုယ်စားလှယ်က လွှတ်တော် ထဲသွားဖို့ လုံလောက်သော မဲအရေအတွက် ပြည့်မှီသွားခဲ့လျင် ပိုနေသည့် မဲတွေကို ဒုတိယ ဦးစားပေး မဲရသည့်နောက် ကိုယ်စားလှယ် ဒေါ်မေဇော်ဆီသို့  မဲလွှဲပြောင်းပေးလိုက်ရခြင်း ဖြစ်သည်။ ဒါမှမဟုတ် ပထမဦးစားပေး ဖြစ်သည့်  ဦးသက်ဇော် က ပြည့်မှီသောမဲအရေအတွက် မရခဲ့သော် မဲအကုန်လုံးကို ဒုတိယ ဦးစားပေးဖြစ်သည့် ဒေါ်မေဇော် ဆီသို့ လွှဲပေးလိုက်ရခြင်း ဖြစ်သည်။ သို့သော် လွှဲပေးပုံ လွှဲပေးနည်း ရှိသေးသည်။ တွက်နည်းဟုဆိုပါစို့။
(မဲစုစုပေါင်း ÷ ကိုယ်စားလှယ် အရေအတွက်+၁) + ၁ = ရွေးချယ်ခံရရန် လိုအပ်သော မဲအရေအတွက်
အထက်က ပုံသေနည်းအတိုင်း နမူနာတွက်ရမည် ဆိုလျင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မြေ အမှတ်(၁) အတွက် ကိုယ်စားလှယ် လေးနေရာ လိုအပ်သည် ဆိုပါစို့။ ထိုနယ်မြေ အတွင်းမှာ မဲပေးသည့် စုစုပေါင်း မဲအရေအတွက်က ၁၀၂၀၀ ဖြစ်ခဲ့လျင် ကိုယ်စားလှယ် တစ်ယောက် အရွေးချယ် ခံရဖို့  လိုအပ်သည့် မဲအရေအတွက်ကို ပုံသေနည်းဖြင့် တွက်ချက်နိုင်ပါသည်။
(၁၀၂၀၀/ ၄+၁)+၁=၂၀၄၁
ထို့ကြောင့် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ်(၁)မှာ ရွေးချယ်ခဲရဖို့  ကိုယ်စားလှယ် တစ်ယောက် အနေဖြင့် ၂၀၄၁ မဲရဖို့  လိုအပ်လေသည်။ သို့ဆိုလျင် Tomorrow ပါတီမှ ဦးသက်ဇော်က ၂၀၄၁မဲဖြင့် အရွေးခံလိုက်ရချေပြီ။ သူ့မှာပိုနေသော မဲတွေ ရှိနေပါက ဒုတိယ ဦးစားပေးဖြစ်သော ဒေါ်မေဇော်ထံသို့  ပိုနေသည့် မဲမှန်သမျှ လွှဲပေးလိုက်ဖို့သာဖြစ်၏။
နမူနာ ဖော်ပြပါမည်။ မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် ၀င်ရောက် ယှဉ်ပြိုင်သူ ကိုယ်စားလှယ် ၆ ဦးရှိပြီး သူတို့ ရရှိသည့် မဲအရေအတွက်မှာအောက်ပါအတိုင်းဖြစ်၏။
၁။ဦးသက်ဇော်-၃၃၇၀
၂။ဒေါ်မေဇော်-၁၉၀၁
၃။ဦးဝဏ-၁၄၄၀
၎။ဦးကျော်စွာမြင့်-၁၄၀၆
၅။ဒေါ်သဲစုလှိုင်-၁၀၅၀
၆။ဦးစိုးပိုင်မြင့်-၁၀၂၃
သို့ဆိုလျင် လိုအပ်သော မဲအရေအတွက် ၂၀၄၁ မဲကိုပြည့်မှီသူမှာ ဦးသက်ဇော် တစ်ဦးတည်းသာ ရှိနေလေသည်။ လိုအပ်သော ကိုယ်စားလှယ် အရေအတွက်က လေးနေရာ ဖြစ်သဖြင့် နောက်ထပ် ၃ ဦး ထပ်မံရွေးချယ် ရတော့မည်။ သည်တော့ ဦးသက်ဇော် ဆီက ပိုနေသော မဲတွေကို ဦးစားပေး အစီအစဉ် အတိုင်း ကျန်သူတွေဆီ ခွဲဝေပေးရပေတော့မည်။
ဦးသက်ဇော်၏ မဲစာရင်းထဲတွင် ဦးစားပေး အစီအစဉ်အတိုင်း မဲရထားသူများမှာ
၁။ဒေါ်မေဇော်-၁၅၂၆
၂။ဦးဝဏ-၁၇၉
၃။ဦးကျော်စွာမြင့်-၁၂၁၆
၎။ဒေါ်သဲစုလှိုင်-၄၀
၅။ဦးစိုးပိုင်မြင့်-၄၄၉တို့ ဖြစ်၏။
ဦးသက်ဇော်ထံမှ ပိုနေသော မဲအရေအတွက်က (၃၃၇၀-၂၀၄၁)=၁၃၂၉ မဲ ဖြစ်လေသည်။ ထို ၁၃၂၉ မဲကို ဦးစားပေး အစီအစဉ်လိုက်ကာ ခွဲပေးရမည် ဆိုလျင် အောက်ပါအတိုင်း ပုံသေနည်းဖြင့် တွက်ချက် ရပါသည်။
ဒေါ်မေဇော် အတွက် တွက်ချက်မည်ဆိုလျှင် (ပိုမဲ(၁၃၂၉)ဦးသက်ဇော် ရသောမဲ (၃၃၇၀) x ဒေါ်မေဇော် ရသည့် ဦးစားပေးမဲ(၁၅၂၆)=၅၉၄ မဲ ဖြစ်လေသည်။ ထို့ကြောင့် ဒေါ်မေဇော်မှာ မူလမဲ ၁၉၀၁ မဲနှင့် ထပ်မံလွှဲပြောင်းပေးသောမဲ ၅၉၄မဲ ပေါင်းလိုက်သော် စုစုပေါင်း ၂၄၉၅ မဲရသဖြင့် ရွေးချယ်ခံသွားရတော့၏။
ထိုနည်းအတိုင်း ကျန်ကိုယ်စားလှယ်များကိုပါ တွက်ချက်ကြည့်သော်
ဦးဝဏ္ဏ-၁၄၄၀+၇၀=၁၅၁၀ (အရွေးချယ် မခံရချေ)
ဦးကျော်စွာမြင့်-၁၄၀၆+၄၇၄=၁၈၈၀ (အရွေးချယ် မခံရချေ)
ဒေါ်သဲစုလှိုင်-၁၀၅၀+၁၆=၁၀၆၆ (အရွေးချယ် မခံရချေ)
ဦးစိုးပိုင်မြင့်-၁၀၂၃+၁၇၅=၁၁၉၈ (အရွေးချယ် မခံရချေ)
သည်တော့ လိုနေတာက ကိုယ်စားလှယ် လေးဦး။ ယခုရထားတာက ဦးသက်ဇော် နှင့် ဒေါ်မေဇော် နှစ်ဦးသာ ရှိသေးသဖြင့် နောက်ထပ် နှစ်ဦးကို ထပ်မံရွေးချယ် ရပေဦးမည်။ ထိုအခါ ဒေါ်မေဇော် ထံတွင် မဲမည်မျှ ပိုနေသနည်း။ တွက်ရပေဦးမည်။ ပိုမဲကား ၄၅၄ မဲရှိနေသည်။ ထိုအခါ အထက်တွင် ဖော်ပြခဲ့သော ပုံသေနည်းအတိုင်း ထပ်မံ တွက်ချက်ကာ လေးဦး မပြည့်မချင်း ရွေးချယ်ရပေမည်။
ချစ်စွာသော စာဖတ်သူ ခင်ဗျာ။ သည်တစ်နည်းထဲနှင့်ပင် သည်လောက် ယောက်ယက် ခတ်နေသော စနစ်နှင့် မဲအများဆုံးရသူ နိုင်သောစနစ် ဘယ်ဟာက ပိုလွယ်မည် ဆိုသည်ကို မိမိ၏ သဘောရိုးဖြင့်သာ စဉ်းစားကြစေချင်ပါသည်။
ကျွန်တော် တင်ပြခဲ့သော ထိုနည်းကို အသုံးပြုသည့် နိုင်ငံများမှာ သြစတြေးလျ နိုင်ငံရှိ နယူးဆောက်သ်ဝေး၊ တောင်သြစတေလျ၊ အနောက် သြစတေးလျ နှင့် ၀ိတိုရယ ပြည်နယ်များမှာ ကျင့်သုံးသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်တော့ မကျင့်သုံးကြချေ။ အိုင်ယာလန် (မြောက်ပိုင်း)။ နယူးဇလန်၊ စကော့တလန် ၊မော်လ်တာ နှင့် အိန္ဒိယတို့တွင် သည်စနစ်ကို ကျင့်သုံးနေပါသည်။ ဂျာမနီ၊ မက္ကစီကို၊ လီဆိုသို၊ ဘိုလီဗီယားတို့ လို နိုင်ငံတွေမှာတော့ MMP ခေါ် Mixed member proportional representationခေါ် အရောအပေါင်း ကိုယ်စားပြု စနစ်ကိုသုံးသည်။ ဒါလဲသိပ်တော့ ရှင်းရှင်းလင်းလင်းမဟုတ်။ ပြည်သူတစ်ယောက်က မဲ နှစ်မဲပေးရသည်။ ဆိုပါတော့ မန္တလေး မဟာအောင်မြေ မြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးဖြစ်သည့် ဒေါ်ခင်ရူပါက မဟာအောင်မြေ မဲဆန္ဒနယ် အတွက် (၁)ကိုယ်စားလှယ် တစ်ဦး နှင့် (၂)ပါတီတစ်ခုတို့ ကို မဲပေးရွေးချယ် ရပေမည်။
ကိုယ်စားလှယ် မဲအများဆုံးရသူက ထိုမဟာအောင်မြေ မဲဆန္ဒနယ် အတွက် အရွေးချယ် ခံရမှာ ဖြစ်သလို မဲအများစုရသည့် ပါတီကလည်း လွှတ်တော်ထဲမှာ ခွဲတမ်းစနစ်ဖြင့် နေရာ ရပေလိမ့်မည်။ နောက်တစ်နည်းမှာတော့ SV ခေါ် supplementary voteဟု ခေါ်ဝေါ်ကြသည့် အပိုဆောင်းပေးသော မဲစနစ်ကို သုံးကြပြန်ပါသည်။
ဆိုပါတော့ မဟာအောင်မြေ မဲဆန္ဒနယ်အတွက် ၀င်ပြိုင်သည့် ကိုယ်စားလှယ်က ၄ ဦး ။ မဲစုစုပေါင်းက ၅၀၀၀။ ကိုယ်စားလှယ် တစ်ယောက်ချင်းအလိုက် မဲရရှိပုံက အောက်ပါအတိုင်းဖြစ်သည်။
ဦးမောင်မောင်-၁၉၈၀
ဒေါ်နီနီ-၁၇၂၀
ဦးဝင်းအောင်-၁၀၀၄
ဦးစော-၂၉၆
တကယ်တမ်းဆိုလျင် စုစုပေါင်းမဲ ၅၀၀၀၏ တစ်ဝက် မဲပေါင်း ၂၅၀၀+၁=၂၅၀၁ မဲရမှသာ အရွေးခံရပေမည်။ ခုတော့ လေးယောက်လုံး တစ်ယောက်မှ အရွေးမခံရချေ။ ထိုအခါ မဲအနည်းဆုံးရသည့် ဦးစော၏ စာရင်းကို ပြန်ကြည့်ရမည်။ ဦးစော၏ မဲစာရင်းထဲတွင် ဒုတိယ ဦးစားပေးမဲများကို ရေတွက်ပြီး ကျန်ကိုယ်စားလှယ် သုံးဦးဆီသို့  သွားပေါင်းပေးရတော့ပေမည်။
ဦးမောင်မောင်-၁၉၈၀+၁၀၂=၂၀၈၂
ဒေါ်နီနီ-၁၇၂၀+၁၈၆=၁၉၀၆
ဦးဝင်းအောင်-၁၀၀၄+၈=၁၀၁၂
ယခုအချိန်ထိ ကိုယ်စားလှယ် တစ်ယောက်မှ ၂၅၀၁မဲ မပြည့်သေးသဖြင့် တစ်ယောက်မှ အရွေးမခံရပေ။ ထို့ ကြောင့် မဲအနည်းဆုံးရသော ဦးဝင်းအောင်၏ မဲစာရင်းထဲမှ ဒုတိယ ဦးစားပေးတို့ကို ထပ်ရှာရပြန်ပါသည်။ ထိုအခါ အောက်ပါအတိုင်း ဖြစ်သွားလေတော့သည်။
ဦးမောင်မောင်-၂၀၈၂+၂၁၂=၂၂၉၄
ဒေါ်နီနီ- ၁၉၀၆+၉၀၀=၂၈၀၆
ထို့ကြောင့် ၂၅၀၁ မဲပြည့်မှီသွားသည့် ဒေါ်နီနီ အရွေးချယ် ခံလိုက်ရတော့၏။ သည်တော့ ရွေးကောက်ပွဲမှာ မဲပေးရုံမျှ နှင့်မပြီးချေ။ တွက်ရချက်ရ တာတွေပါလာပြီ။ ထို့ပြင် ဒုတိယဦးစားပေးတွေ ထပ်ရှာရဦးမည်။ မည်မျှ မှန်ပြီး မည်မျှ တရားမျှတ မှန်းမသိနိုင်။ သည်အတိုင်းမဲများသူ အကုန်နိုင် ဆိုသည့် ရိုးရိုးစနစ်မှာတောင် ကြိုတင်မဲတွေ၊ ဖယောင်းမဲတွေ နှင့် တော်တော် ဇယားရှုပ်ခဲ့သည့် ကျွန်တော်တို့ တိုင်းပြည်မှာ ကော်မရှင်ကို ဘယ်အတိုင်းအတာ အထိ ယုံကြည့်ရမည်နည်း။ စောင့်ကြည့် အကဲခတ်ဖို့ တောင် အနိုင်နိုင် လုပ်နေရသည့် ကျွန်တော်တို့ တိုင်းပြည်မှာ(မဲမသမာမှု)တွေ ပိုများလာအောင် တွန်းအားပေးသလို ဖြစ်သွားမှာ စိုးရိမ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့က မေတ္တာရပ်ခံလိုပါသည်။ တိုင်းသူပြည်သားများ၏ မျက်နှာကို ထောက်သော အားဖြင့် တိုင်းပြည် တိုးတက်ကြီးပွားအောင်၊ ချမ်းသာအောင်၊ ပြည်သူတွေ အခြိမ်းချောက် မခံရအောင်၊ စိတ်ချလက်ချ အိပ်ယာထဲမှာ အိပ်နိုင်အောင်၊ ပြည်သူတွေ ဘ၀ လုံခြုံအောင်၊ လွှတ်တော် အမတ်မင်းများက လွှတ်တော်ထဲမှာ ဆွေးနွေးပြီး အဖြေထုတ်ပေးကြပါ။ ဘာဆိုဘာမှ အရေးမကြီးသည့်၊ တိုင်းသူပြည်သားတွေကိုလည်း အာရုံနောက်စေမည့် PR ကိုတော့ ကြောင်အိမ်ထဲမှာသာ သိမ်းလိုက်ကြပါလို့ ပြောလိုက်ပါရစေ။
- ဇာဂနာ
Tomorrow )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။