Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 26, 2014

ဂီတနက်သန် ကိုစောညိန်း

ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားရှာတဲ့ ဂီတနက်သန် ကိုစောညိန်း အကြောင်း တောင်းဆိုလို့ တင်ပေးလိုက်ပါပြီ
မွေးသက္ကရာဇ် ၁၉၂၅-ခုနှစ်၊ မတ်လ ၃၁ရက်၊
မိဘ အဖ ဦးမောင်ကြီး+ အမိ ဒေါ်တင်
အမည်ရင်း စောညိန်း
မွေးရာဇာတိ မြင်းခြံမြို့၊ နွားထိုးကြီးမြို့နယ်၊ ရွာသာရွာ
နိုင်ငံ မြန်မာ
အလုပ်အကိုင် ဂီတစာဆို
ထင်ရှားကျော်ကြားမှု စွယ်စုံရ အနုပညာရှင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
ဂီတနက်သန် ကိုစောညိန်းကို ၁၂၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း၊ (၈)ရက်၊ အင်္ဂါနေ့ (၃၁.၃.၁၉၂၅) မှာမွေးသည်။ တန်ဆောင်မုန်း လဆန်း (၁၄)ရက်၊ (၃၁.၁၀.၁၉၅၂) နေ့မှာကွယ်လွန်ခဲ့သည်။ သူ့အနေနဲ့ လူ့ဘ၀မှာ (၂၇) နှစ်နဲ့ ခုနှစ်လတိတိပဲ နေထိုင်သွားခဲ့ရပါသည်။ သူ့ရဲ့အနုပညာ၊ သူ့ရဲ့အောင်မြင်မှု တွေဟာ သူကွယ်လွန်ပြီး နှစ်ပေါင်း (၆၀)ခန့်ရှိပြီဖြစ်သော ယနေ့အချိန်တိုင် ရှင်သန်နေဆဲပါပဲ။

ဂီတပါရမီ အပြည့်အဝပါလာခဲ့တဲ့ ကိုစောညိန်းဟာ ဂီတလောကထဲ ရောက်လို့ တစ်နှစ်ခွဲခန့် အတွင်းမှာပဲ သီချင်းပုဒ်ရေ(၄၀) လောက် ဖန်တီးသွားနိုင်ခဲ့ပါတယ်။ ကိုစောညိန်းဟာ ဂီတနဲ့ပတ်သတ်လို့ အောင်မြင်မှုတစ်ခုသာ ရခဲ့ပေမယ့် သေသာ သေသွားရော စီးပွားရေးအရ မစံစားသွားရှာပေ။ သူ ကွယ်လွန်ခဲ့သည့်တိုင် မိဘနှစ်ပါးဟာ ပြောပလောက်အောင် အကျိုးမ ခံစားရဘူး။ ကိုစောညိန်းရဲ့ ခဏတာလူ့ဘ၀လေးဟာကိုယ်၊ စိတ်နှစ်ပါး ညှိုးနွမ်းနုံးချည့်မှု တွေနဲ့သာ ပြည့်လွှမ်းခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ကံတရားပါ။
"မိုးဦးသစ်ခဲ့ပြန်ပြီ ပြာပြာဝေဆိုင်း အုံ့ကာသာပဲ မှိုင်းတလဲ့လဲ့ သိုင်းဖွဲ့ရွှေပဇ္ဇုန်သည် ပြိုမလိုလိုနဲ့ တိမ်ညိုပြိုင်းပြိုင်း ဆိုင်းသွဲ့ဝေရီ မြစိမ်းစိုဖန့်ဖန့်ပြေ စုံပြေနံ့သာမြိုင်မဟီ မှုန်သိင်္ဂီရင့် ပင်ယံကြွင်း၊ ပန်တော်မီ ပိတောက်ကျန်ညှာချီ ရာသီခါလင့် ပွင့်ဝါသင်းလို့ တ၀င်းဝင်းကြွေသက် တညင်းညင်းခြွေရက် လွမ်းပိုအောင် တောင်ပြန်လေသွေး စက်၍အေးတော့သည် "
အထက်ပါ တေးစာပိုဒ်ကား (၁၉၅၀) မေလ (၆)ရက်နေ့တွင်မြန်မာ့အသံလေလှိုင်းမှ ထုတ်လွှင့်ခဲ့သော “၀သန်ခါဦး” တေးသီချင်းမှ ဖြစ်သည်။ သီဆိုသူမှာ ကိုလှထွန်းဖြစ်သည်။ သီချင်းစာသားများက မိုးဥတု၏ ရာသီသဘာဝအလှကို မျက်စိထဲ လင်းခနဲ၊ ထင်းခနဲ့ မြင်ယောင်လာစေရန် ဖွဲ့နိုင်စွမ်းရှိသည်။ မိုးယံကောင်းကင်ရှိ ဂဠုန်ရုပ်၊ နဂါးရုပ်၊ မကန်းရုပ်များ ကဲ့သို့ ဖြစ်နေသည်ဟု ဖွဲ့သည်။ ဤမျှလွမ်းမောဖွယ်ကောင်းသော ၀သန်ရာသီသည် ဒီမောင်အား လွမ်းအောင်ပူအောင် ဖန်နေပေပြီ။ အချစ်ရေး မညီသူကလေးအား မိုးနတ်ဆွေက သိလှည့်ပါဟု တိုင်တည်ထားသည်။
``၀သန်ခါဦး´´ သီချင်းမှာ စာသားတစ်ခုတည်း၌ပင် နုရွလှပနေသည်မဟုတ်ပေ။ သံစဉ်ကလေးများ ကလည်း တစ်မျိုးတစ်ဘာသာ ဆန်းသစ်နေပေသည်။ပုံမှန်ကြားနေကျ တေးသွားမျိုးမဟုတ်ဘဲ သံဆန်းအကွန့်အလေးများထည့်ထားသည်။ ကြားရသူသောတရှင်တချို့ ကဤစာသား၊သေးသွား မျိုးကို မည်သူများရေးစပ်နိုင်ပါလိမ့်ဟု သိလိုလာကြတော့သည်။ တေးပြုစာဆိုကား ကိုစောညိန်း တစ်ယောက်ပင်ဖြစ်သည်။ သူရေးသားအသံလွှင့်ထုတ်လုပ်ခဲ့သော ``၀သန်ခါဦး´´ သီချင်းသည်သူ၏အစအမွန်ဦးဆုံးလက်ရာ တစ်ပုဒ်ဖြစ်သည်။ သူသည်မိုးနှင့်ပတ်သတ်သောသီချင်းဖြင့် ဂီတလောကသို့စတင်ဝင်ရောက်လာ ခဲ့ပေသည်ဟု ဆိုနိုင်၏်။
ယင်းနောက် ``မှာလိုက်ပါရစေ´´(ငွေဝန်းသော်တာ) သီချင်းကို သူကိုယ်တိုင်ရေးသားသီဆိုအသံလွှင့် ခဲ့သည်။ သူ၏အသံမှာ အသံကောင်းမဟုတ်သော်လည်း ခပ်အေးအေး၊ကျစ်ကျစ်လစ်လစ်ရှိသည်။ ဟန်မှင်မောင်းကောင်းပြီး သီချင်းတစ်ပုဒ်ဆိုပြနေသည်ဟုမထင်ရ။
သူရဲ့သီချင်းတွေဟာ အဆွေးသီချင်းတွေ များပြားပြီး စာသားတွေကလည်း နူးညံ့နွဲ့ပျောင်းသလို ဂီတပရိဿတ်တွေကို တငြိမ့်ငြိမ့်လေးနဲ့ သူဆွဲခေါ်ရာ စီးမျောလိုက်ပါ သွားနိုင်အောင် ဆွဲဆောင်မှု ကောင်းလှပါတယ်။ ဂန္တဝင်မြောက် စာသားတွေနဲ့ ခေတ်ပေါ်သံစဉ်တွေကို တွဲဖက်ဖန်တီး ထားတာဖြစ်ပေသည်။
ကိုစောညိန်းဟာ စာသားတွေ၊ သံစဉ်တွေသာ ပါရမီပြည့်စွာ ဖန်တီးနှိုင်တာ မဟုတ်ပါဘူး။ ဂီတာ၊ စောင်း စတဲ့ တူရိယာတွေကိုလည်း ပီပီပြင်ပြင်နဲ့ ကျွမ်းကျွမ်းကျင်ကျင် တီးခတ် နိုင်တဲ့အပြင် သီချင်းသီဆိုရာမှာလည်း ဌာန်၊ ကရိုဏ်းကျအောင် သီဆိုနှိုင်ခဲ့ပါသည်။
နန်းညွန့်ဆွေ၏ မှတ်ချက်
နန်းညွန့်ဆွေက မိုးဂျာနယ်တွင် ကိုစောညိန်းကို ဤသို့ ဂုဏ်တင်ခဲ့သည်။ “ကိုစောညိန်း၏ အသက်မှာ (၂၇) နှစ် ကျော်မျှ ရှိပါသေးသည်။ ဂီတလုပ်သက်မှာ တစ်နှစ်ခွဲ၊ နှစ်နှစ်နီးပါသာ ရှိသေးသည်။ ဤမျှသူ၏ သီချင်းပုဒ်ရေ (၄၀)ခန့်မှာ မည်သူနှင့်မျှ မတူထူးခြားပြီး ဖန်တီးနိုင် စွမ်းရှိသောကြောင့်(Modern Classics) ခေတ်ပေါ် ဂန္တဝင်တေးများ ဖြစ်ခဲ့ရပါသည်။ သူ၏ အနုပညာစွမ်းအားမှာ ရသမြောက် တေးကဗျာများဟု ဆိုရမည် ဖြစ်ပါသတည်း။”
ကိုစောညိန်း နောက်ဆုံး အသံလွှင့်သော သီချင်းမှာ `မိုးသက်လေနှင်´ သီချင်းဖြစ်သည်။ ကိုစောညိန်းသည် အသက် ၂၇ နှစ်နှင့် ၇ လအရွယ်တွင် မှားယွင်း ရန်ပြုခံရသဖြင့် ကွယ်လွန်ခဲ့ရရှာသည်။
ယနေ့ခေတ် ကိုစောညိန်း သီချင်းများကို မန္တလေးသိန်းဇော်မှ `ချစ်ပြုံးနှင်းဆီ´အမည်ဖြင့် ပြန်လည်သီဆိုထားလေသည်။
ဂီတနက်သန်ကိုစောညိန်း၏ တေးသီချင်းများ
ဝသန်ခါဦး
ငွေဝန်းသော်တာ
မြနဒီ
နွေနှောင်းဝသန်
နွေဦး
ဝိဇယ
သစ္စာ
စံပယ်
ဝဏ္ဏပဘာ
ဆောင်းညဥ့်
ရွှေပွင့်လွှာ
စိန်
သည်ဆောင်းဟေမာန်
ဆည်းဆာ
ချစ်ပြုံးနှင်းဆီ
ရတုဘုရင်
ပွင့်ဦး
ဆောင်းနတ်မယ်
သပြေရွက်ရေ
မောင့်ချစ်နှင်းမှုန်
မိုးသက်လေနှင်
လှိုင်းရေယဉ်ဦး
ကွန်းထောက်ဆောင်
မှိုင်းမြမြ
မိုး
လွမ်းတဲ့လေ
Credit to မှတ်စုစာအုပ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။