Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 27, 2014

8 to be Great” (အောင်မြင်ဖို့ အတွက် အချက် ၈ချက်)

8 to be Great” (အောင်မြင်ဖို့ အတွက် အချက် ၈ချက်)
=======================================
ကျနော်ရဲ့  မွေးနေ့ ကာလမှာ အားလုံးအတွက် လက်ဆောင် အဖြစ်နဲ့  Richard St. John ရဲ့ TED Talk မှာ သူ ပြောခဲ့တဲ့ အောင်မြင်ဖို့ အတွက် အချက် ၈ချက်ကို အကျဉ်းခြုံး ဝေမျှလိုက်ပါတယ်။ သူဟာ အောင်မြင်မှု တွေအကြောင်း နှစ်ပေါင်းများစွာသုတေသန လုပ်ခဲ့သူဖြစ်တယ်။ သူက အောင်မြင်သူတွေမှာ တွေ့ ရလေ့ရှိတဲ့  အချက် ၈ ခု ကို ဖော်ထုတ်ခဲ့ ပြီး သူ့ရဲ့  “8 To Be Great” ဆိုတဲ့ စာအုပ်ဟာ ရောင်းအကောင်းဆုံး Best seller ဖြစ်ခဲ့တယ်။ ဒါကို ဖတ်ပြီး အတွေးကောင်းတခုခု ရရင် ၀မ်းသာပါတယ်....

“ကျွန်တော့် အနေနဲ့ ပြီးခဲ့ တဲ့ ၇နှစ် အတွင်း အောင်မြင်သူတွေနဲ့ အင်တာဗျူး ၅၀၀ လုပ် ပြီး နောက် ရရှိတဲ့ အချက်အလက် တွေပေါ်မူတည်ပြီး ဘာလုပ်ရင် သေချာပေါက် အောင်မြင်မယ် ဆိုတာ ကိုပြောပြမှာပါ...
၁။ Passion (ကိုယ်စိတ်ဝင်စားတာ၊ကိုယ်ဝါသနာပါတာ လုပ်ပါ) ပထမဆုံး အချက်ကတော့ ဝါသနာပဲ။ Freeman Thomas ကပြောတယ်.."ကျွန်တော်ကို ကျနော့် ဝါသနာ က ပဲ တွန်းအားပေး မောင်းနှင်ပါတယ်..တဲ့။" အလုပ်ကို ၀ါသနာပါလို့  လုပ်ပါ။ ငွေကြောင့်တော့ မလုပ်ပါနဲ့ တဲ့ ။ Carol Coletta ကလဲ ပြောတယ်” စိတ်ဝင်စားစရာ ကောင်းတာကတော့ ဝါသနာပါလို့ တစ်ခုခုကို အမြတ်တနိုးလုပ်ပေးရင် ပိုက်ဆံရမှာပဲ။ ကြိုးစားလုပ်ပါ.တဲ့။
၂။ Work (ကြိုးကြိုးစားစား လုပ်ပါ) Rupert Murdoch က ကျွန်တော့်ကိုပြောဖူးတယ် "အလုပ်ဆိုတာကတော့ ပင်ပန်းတာပေါ့ ဗျာ။လွယ်လွယ်ရတာ ဘာမှမရှိနိုင်ပါဘူး မဟုတ်လား။ ဒါပေမဲ့ အရမ်းပျော်စရာကောင်းပါတယ်..တဲ့။
၃။Good/Improve (ကောင်းသထက်ကောင်းအောင်လုပ်ပါ) Alex Garden ကပြောပါတယ် "အောင်မြင်ချင်ရင် တစ်ခုခုကို စူးစူးစိုက်စိုက်လေ့လာပါ၊ ပြီးတော့ အဲဒါကို အရမ်းကောင်းအောင် လုပ်ပြပါ။ ဥုံဖွဆိုပြီး ဆိုရုံနဲ့ ရတာမရှိပါဘူး၊ လေ့ကျင့်၊ လေ့ကျင့်၊ လေ့ကျင့်ပါ..တဲ့။
၎။ Focus (အာရုံစူးစိုက်ပါ) Norman Jewison က ကျွန်တော့်ကိုပြောဖူးတယ်၊ "ကျွန်တော်ကတော့ အလုပ်တစ်ခုမှာ အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံး လို့ထင်ပါတယ်..တဲ့။တကယ်အရေးကြီးပါတယ်ဗျာ။
၅။Push (တွန်းပေးပါ) David Gallo ပြောတာကတော့ "ကိုယ့်ကိုယ်ကို တွန်းပေးပါ။ ကိုယ်ရောစိတ်ပါ တချိန်လုံး တွန်းပေးဖို့လိုတယ်ဗျ။ ရှက်ကြောက်စိတ် နှင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတို့ကို လုံးဝဖယ်ရှားရမယ်..တဲ့ ။ တကယ်တော့ ကိုယ့်ကိုယ်ကို တချိန်လုံး တွန်းပေးရေးဟာ သိပ်တော့ လွယ်လှတာမဟုတ်ဘူးမလား။အဲဒါကြောင့် မိခင်တွေကို တီထွင်ပေးခဲ့တယ်ထင်ပါရဲ့ ။(ရယ်သံများ) Frank Gehry ကျွန်တော့်ကိုပြောဖူး တာကတော့ "ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲ တွန်းခဲ့တာပေါ့ "..တဲ့။
၆။ Serve (အကျိုးဆောင်ရမယ်) တခါတုန်းက ကျနော်ကို ကလေးတွေက သူတို့ သန်းကြွယ်သူဌေးဖြစ်ချင်တယ်လို့ ပြောတယ်။ ကျွန်တော်က သူတို့ကို "ကောင်းပြီ၊ အခုတော့ မင်းတို့ ကိုယ့်အကျိုးကိုတောင် မဆောင်နိုင်ကြသေးပေမယ့် နောက်မှာ သူများအတွက် တန်ဖိုးရှိတာ တစ်ခုခု အကျိုးဆောင်ပေးရမယ်။လူတွေ ချမ်းသာလာကြတာ အဲဒီလိုနည်းနဲ့မို့လို့ ဖြစ်ပါတယ်..လို့ ။
၇။ Idea (စိတ်ကူးအကြံများ ထုတ်ပါ) Bill Gates ကပြောတယ်.. "ကျွန်တော် အကြံတစ်ခု ရှိခဲ့ပါတယ်။ အဲဒါက..ပထမဦးဆုံး micro-computer software ကုမ္ပဏီ ကို တည်ထောင်ဖို့ပါ။" အတော့်ကိုကောင်းတဲ့ စိတ်ကူး ပါ။ တကယ်တော့ တီတီထွင်ထွင် လုပ် နိုင်ဖို့ အကြံဥာဏ်ကောင်း ရှာကြံတယ် ဆိုတာ သိပ်မှော်ဆန်တဲ့  အရာတော့  မဟုတ်ဘူးလေ။
၈။Persist (ဇွဲ ရှိရမယ်) Joe Kraus ပြောတာကတော့"မရမနေ ဇွဲနဲ့ လုပ်ကိုင်ခြင်းဟာ ကျွန်တော်တို့အောင်မြင်မှုတွေရဲ့ အဓိကအချက်တစ်ခုပါ..တဲ့ ။ မအောင်မြင်မှုတွေ အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။ စိတ်ညစ်စရာတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။ စိတ်ညစ်စရာတွေကတော့ ရှုံ့ချမှုတွေ၊ ပယ်ချခံရမှုတွေ၊ စိတ်အနှောင့်အယှက်ပေးတဲ့လူတွေ နဲ့ စိတ်ဖိစီးမှုတွေ ပေါ့ ။
ကျနော်ပြောတာကိုယုံပါ။ ဒါတွေဟာ ခင်ဗျားတို့ ကို အောင်မြင်မှုဆီ အရောက်ပို့ပေးကြမဲ့ အရေးကြီးဆုံး ရှစ်ချက်ပါပဲ...”
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(၂၇-၆-၂၀၁၄)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။