အကောင်ကြီးကြီး အမြီးရှည်ရှည်မဖြစ်လိုပါ အကောင်သေးသေး အမြီးရှည်ရှည်သာ ဖြစ်လိုပါ၏
ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ဘုရင့်သားတော်တစ်ပါးဟာ ဘုရင်ဖြစ်ဖို့အတွက် တိုင်းခန်းလှည့်လည်ပါတယ်။ဘုရင့်သားဟာ အသက်အရွယ်ငယ်သေးတဲ့အတွက်ကြောင့် ပညာရှိအတိုင်ပင်ခံအမတ်ကြီးကိုပါ ခေါ်ဆောင်သွားပြီးတော့ လေ့လာသင်ယူစေပါတယ်။
တစ်တိုင်းပြည်နဲ့ တစ်ပြည်ကြားမှာ တောအုပ်ထဲကနေ ဖြတ်သွားရပါတယ်။တောအုပ်ထဲမှာ ရဲမက်တွေ အနားယူနေတဲ့အချိန် ဘုရင့်သားနဲ့ အမတ်ကြီးတို့ဟာ တစ်နေရာကို ထွက်လာကြပါတယ်။
တစ်တိုင်းပြည်နဲ့ တစ်ပြည်ကြားမှာ တောအုပ်ထဲကနေ ဖြတ်သွားရပါတယ်။တောအုပ်ထဲမှာ ရဲမက်တွေ အနားယူနေတဲ့အချိန် ဘုရင့်သားနဲ့ အမတ်ကြီးတို့ဟာ တစ်နေရာကို ထွက်လာကြပါတယ်။
စမ်းချောင်းကလေးနားမှာ ရေဆေးပြီးတော့ ဘုရင့်သားက သစ်ပင်တစ်ပင်မှာ မျောက်တွေကို မြင်ပါတယ်။အဲဒီအချိန်မှာ အမတ်ကြီးက ဘုရင့်သားကို မျောက်တစ်ကောင်ကို လက်ညိုးထိုးပြပါတယ်။သစ်ပင်ထိပ်ဆုံးမှာ ထိုင်နေပြီးတော့ အကောင်ထွားထွားနဲ့ ပါ။အသီးအနှံကောင်းတာတွေကို စုပုံထားပြီးတော့ ထိုင်စားနေတဲ့ တစ်ကောင်ပါ။
အမတ်ကြီးက ခဲတစ်လုံးကို ယူပြီးတော့ ထိုမျောက်ကို လှမ်းပစ်လိုက်ပါတယ်။မျောက်ကို ခဲမှန်ပြီးတော့ မျောက်က သစ်ပင်ထိမ်ဖျားကနေ တစ်ဟုတ်ထိုးပြုတ်ကျပါတယ်။နီးရာ အကိုင်းကို အမြီးနဲ့ ချိတ်ပေမယ့်လဲ ကိုယ်အလေးချိန်များလွန်းလို့ ပြုတ်ကျပြီး သစ်ပင်အောက်မှာ မေ့လဲနေပါတယ်။အခြားမျောက်တွေကလဲ လာမထူကြပါဘူး။
အမတ်ကြီးက နောက်ထပ်အပင်တစ်ပင်ပေါ်က မျောက်တစ်ကောင်ကို လက်ညိုးထိုးပြပါတယ်။သစ်ပင်ထိပ်ဆုံးမှာ ရှိပြီးတော့ အသီးတွေခူးပြီးတော့ အောက်ကမျောက်တွေကို ပေးနေပါတယ်။အကောင်ကတော့ သိပ်မထွားပါဘူး။အမတ်ကြီးကခဲတစ်လုံးကောက်ပြီး ပစ်လိုက်ပြန်ပါတယ်။
မျောက်ကို ထိပါတယ်။မျောက်က ရုတ်တရက် သစ်ပင်ပေါ်က ပြုတ်ကျပေမယ့်လဲ နီးရာအကိုင်းကို အမြီးနဲ့ ချိတ်ပြီးတော့ တွဲလောင်းလေး ဖြစ်နေပါတယ်။အဲဒီအချိန်မှာ အခြားမျောက်တွေကလဲ လာဝိုင်းကူပေးကြပါတယ်။
အမတ်ကြီးက ဘုရင့်သားကိုပြောပါတယ်။အရှင့်သား ဒီမျောက်တွေကို ကြည့်ပါ။ပထမတစ်ကောင်က သစ်ပင်ထိပ်ဆုံးမှာ ရှိနေတယ့် အချိန်မှာ အသီးအနှံကောင်းပေ့ဆိုတာတွေချည်းကို ရွေးချယ်စားသောက်ပြိးတော့ ကိုယ်ခန္ဓာထွားထွားကြိုင်းကြိုင်းဖြစ်နေတယ်။အရှင့်သား လူဆိုတာ တစ်ချိန်ချိန်မှာတော့ ထိပ်ကိုရောက်စမြဲပါပဲ။ထိပ်ရောက်နေတဲ့ အခါမှာ အကောင်းဆုံး ဆိုတာတွေကို ရရှိနိုင်ပါတယ်။အဲဒါတွေကို အရမ်းလောဘတက်ပြီး အကုန်ရယူတဲ့အခါမှာတော့ ပြန်ကျတဲ့အခါမှာ အကျနာနိုင်ပါတယ်။
အရှင့်သား နောက်မျောက်တစ်ကောင်ကတော့ ထိပ်ဆုံးမှာ ရှိနေပေမယ့် အကောင်းဆုံးအသီးတွေကို အများနဲ့ မျှဝေအသုံးပြုတယ်။ကိုယ်ခန္ဓာမထွားကြိုင်းပေမယ့်လဲ ပြန်ကျတဲ့အခါ သစ်ပင်ခြေရင်းအထိမကျသလို အများက ၀ိုင်းဝန်းကူညီပေးတာကိုခံရတယ်။
ဒီနေရာမှာ အမြီးဆိုတဲ့ အချက်က ပိုအရေးပါပါတယ်။အမြီးကတော့ ပညာကိုရည်ညွန်းပါတယ်။တကယ်လို့ သင်ထိပ်ဆုံးရောက်နေပြီးတော့ ပညာမရှိလျင် ပြုတ်ကျလျင် အကျနာနိုင်ပြီးတော့ ပညာရှိရင်တော့ အောက်ဆုံးအထိပြန်မကျနိုင်တော့ပါဘူး။
ဒါပေမယ့် အရှင့်သား ပညာဘယ်လောက်များများ ထိပ်ဆုံးရောက်တဲ့အချိန် ကိုယ့်အိတ်ထဲကိုယ်ဖြည့်သူဟာ ပြန်ကျတဲ့အခါမှာ ပညာလည်း မကယ်နိုင်ဖြစ်တတ်ပါတယ်အရှင့်သား။အရှင့်သားတို့လို တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေ အနေနဲ့ ဒီအဖြစ်ကို သင်ခန်းစာယူပါလေ။
မောင်စိုင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။