Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 21, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့် မဖြစ်သင့်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့် မဖြစ်သင့်
--------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်သင့်မဖြစ်သင့်ဆိုတော့ဒီစကားဟာကျွန်တော်တစ်
ယောက် ထဲကဝေဖန်ပေးလို့ရနိုင်တဲ့စကားမဟုတ်ပါဘူး။ ကိုယ်လေ့လာမိသလောက်
ကိုယ်ပိုင်ဥာဏ်လေးတစ်ခုနဲ့စဉ်းစားပြီးဆုံးဖြတ်ပြောဆိုနေမယ့်အစားကျွန်တော့်ထက်
အသိဥာဏ်ပညာသာလွန်နေတဲ့ ပြည်သူသန်း(၆၀)လုံးထဲကအသိပညာရှင်၊အတတ်ပ
ညာရှင်တွေရဲ့ ယထာဘူတကျတဲ့ဆုံးဖြတ်ချက်က အက္ခရာကျပါလိမ့်မယ်။ ဒီလိုရွေးချယ်
ရတာဟာ သန်းပေါင်း (၆၀)ပြည်သူလူထုက သူတို့ရွေးချယ်တဲ့ သမ္မတရဲ့ကောင်းကျိုး၊
ဆိုးကျိုးတွေကိုသူတို့ခံစားရမှာဖြစ်ပါတယ်။
ပြည်သူအားလုံးကိုယ်စားဖြစ်သင့်တယ်
မဖြစ်သင့်ဘူးဆိုတာ ကျွန်တော့် personalခံစားချက်နဲ့ ပြောလို့ရတဲ့ကိစ္စတစ်ရပ်မဟုတ် ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်သင့်ပါတယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်လို့ပြည်သူအတွက် လောက်လောက်လားလား ကောင်းကျိုးမပြုနိုင်ရင်သမ္မတဖြစ်သင့်ပါတယ်လို့ ပြောတဲ့ကျွန်တော်ဟာပြည်သူတွေကိုယ်စားတာဝန်လာယူပေးမှာ
မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်သင့်ပါဘူးပြောလို့ ပြည်သူတွေဟာ
ကောင်းမွန်တဲ့သမ္မတတစ်ယောက်နဲ့လွဲချော်သွားခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်လို
ခေါင်းဆာင်ကောင်းသမ္မတဖြစ်ထိုက်သူ နောက်တစ်ယောက်ကိုကျွန်တော်အစားပြန်ပြီး
မပေးနိုင်ပါဘူး။ နိုင်ငံရဲ့ပညာရေးစနစ်သွက်သွက်ခါနိမ့်ကျနေတဲ့အချိန်မှာ ဒေါ်အောင်
ဆန်းစုကြည်လိုခေါင်းဆောင်ပညာတတ်တစ်ယောက်ထပ်ပြီးမွေးထုတ်ပေးဖို့ နောင်
အနှစ် ၁၀၀/ ၂၀၀ မှာပေါ်လာပါမယ်လို့လည်း ကျွန်တော်အာမခံချက်မပေးနိုင်ပါဘူး။
အဲ့ဒီတော့ ပြည်သူတွေရဲ့ရွေးချယ်မှုဆန္ဒအစစ်အမှန်ဟာ ပြည်သူတွေရဲ့အနာဂတ်ကို
ထိန်းကျောင်းသွားပါလိမ့်မယ်။

ဒါ့ကြောင်ကိုယ်သိသလောက်ပညာလေးနဲ့ ဝေဖန်ဆန်းစစ်ပြီး ဒေါ်စုသမ္မတမဖြစ်သင့်
ဘူးငါဒီလိုထင်တယ်၊ ပြောရင် နောက်ကပြည်သူသန်း(၆၀)ထက်တော်တယ်၊တတ်တယ်
လို့ကိုယ့်ကိုယ်ကိုယ်အာမခံနိုင်ပြီလားဆိုတာကိုယ့်ကိုယ်ကိုယ်အသိဆုံးသာဖြစ်ပါလိမ့်
မယ်။ ဒါပေမဲ့ တချို့ကသန်း(၆၀)ထက် အတတ်ပညာ၊ အသိပညာတွေးခေါ်ယူဆပုံကို
ယှဉ်နိုင်စွမ်းရှိသလိုလို ပြောဆိုချက်တွေနဲ့ကမ္ဘာကြီးကိုပိန်ပေါင်သီးလိုပုတ်ကစားလာ
တယ်ဆိုတဲ့အတွေးအခေါ်သမားတွေကိုမြင်ရတော့စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာ
ပြည်ဟာသစ်တောပြုန်းတီးမှုတွေနဲ့ နေအပူချိန်တွေ မြင့်တက်လာတဲ့အချိန်မှာအဲ့ဒီပညာ
ရှင်ကြီးတွေအတွက် စိုးရိမ်ပူပန်မိပါတယ်။ သေချာတာတော့ ပြည်သူသန်း(၆၀)ထက်
ကျွန်တော်တို့မတော်နိုင်ပါဘူး။သမ္မတတစ်ယောက်ဖြစ်သင့်မဖြစ်သင့်တစ်ဦးတစ်ယော
က် တည်းက ဝေဖန်ဆုံးဖြတ်ပေးလို့မရသလို၊ တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ပြီး
သမ္မတလုပ်ပါလို့ခိုင်းလို့ရတဲ့ကိစ္စကမ္ဘာမှာမပေါ်သေးပါဘူး။ဒါပေမဲ့ကျွန်တော်တို့မြန်မာ
နိုင်ငံကအများနိုင်ငံထက်ထူးပါတယ်။ဦးသိန်းစိန်ကိုဘယ်ပြည်သူတွေကဘယ်အချိန်မှာ
ရွေးကောက်တင်မြှောက်ပြီးမဲပေးလိုက်တယ်မသိဘူး။ အပ်ချလောင်းဆိုသမ္မတဖြစ်တာ
ကျွန်တော်ဘယ်တုန်းကမှဦးသိန်းစိန်ကိုမဲမပေးခဲ့ဖူးဘူး။မဲပေးဖို့ထက်ဦးသိန်းစိန်နာမည်
ကိုကြားတောင်မကြားဖူးဘူး။ ကျွန်တော်တို့မဲမပေးဘဲနဲ့ ဦးသိန်းစိန်သမ္မတဖြစ်တာ
ဂင်းနစ်စံချိန်ဘာလို့မ၀င်တာပါလိမ့်။ကမ္ဘာမှာ ပြည်သူကမဲမပေးဘဲသမ္မတလုပ်နိုင်တာ
မြန်မာတစ်နိုင်ငံတည်းရှိလို့ လေးစားဂုဏ်ယူရမှာပါ။
အခုနောက်ပိုင်းမှာကျွန်တော်တို့ကြားနေရတဲ့စကားတွေမှာ ဒေါ်အောင်ဆန်းစုကြည်သ
မ္မတမဖြစ်သင့်ဘူးလို့ ပြောဆိုယူဆပုံတွေ တွေ့ရပါတယ်။ကျွန်တော်ဟာ နိုင်ငံရေးသ
မားမဟုတ်သလို ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ပြောနေကြတဲ့စကားတွေမှာ လက်ရှိ သွားနေတဲ့ သမ္မတစနစ်၊ လွှတ်တော်စနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတ မဖြစ်
စေချင်ရင်ဘယ်သူ့ကိုသမ္မတဖြစ်စေချင်ကြလဲ။ ဒေါ်အောင်ဆန်းစုကြည်မကောင်းရင်
ကောင်းတဲ့သူတစ်ယောက်ကိုထုတ်ပြပြောဆိုနိုင်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်မ
ကောင်းဘူး၊သမ္မတမဖြစ်သင့်ဘူးလို့ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ထက် ပြည်
သူထောက်ခံတဲ့သူတစ်ယောက်၊ ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်နိုင်ခဲ့သူ၊ ရပ်မယ့်
သူတစ်ယောက်ကိုမဖြစ်သင့်ပါဘူး၊မထောက်ခံပါဘူးလို့ပြောဆိုသူဟာညွှန်ပြနိုင်ရပါ
မယ်။ ဦးသိန်းစိန်ဟာဖြင့် ဒေါ်အောင်ဆန်းစုကြည်ထက် ပညာအရည်အချင်းသာတယ်၊
ဦးသိန်းစိန်သမ္မတ ဖြစ်သင့်တယ်လို့ ပြောရင်လည်း လက်ခံစဉ်းစားပေးရမှာပါ။ ကာချုပ်
မင်းအောင်လှိုင်ဟာဘာသာအပေါ်အသက်နဲ့ရင်းပြီးဘုန်းကြီးတွေထောင်ချမခံရအောင်
ရဟန်းသံဃာတွေဘက်ကရပ်ခဲ့တယ်ဆိုရင်လည်းလက်ခံစဉ်းစားပေးရမှာပါ။ဦးရွှေမန်း
ဟာလုံးဝလာဘ်မစားဘဲရတဲ့လစာလေးနဲ့ပိုင်ဆိုင်မှုဒီလောက်ဆိုပြီး ပြည်သူကိုချပြတယ်
။သူဟာ ပြည်သူဘက်ကရဲရဲရင့်ရင့်ရပ်တည်ခဲ့တဲ့သမိုင်းကြောင်းတွေရှိတယ်ဆိုရင်
လည်းလက်ခံစဉ်းစားရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်မကောင်းဘူးပြောလို့လက်ခံ
တယ်။သမ္မတမဖြစ်သင့်ဘူးပြောလို့လက်ခံတယ်။သူ့ထက်ကောင်းပြီးတော်တဲ့ပုဂ္ဂိုလ်
ကိုပြောပြဆိုတော့လည်းမပြောပြနိုင်ဘူး။ကိုယ်တိုင်သမ္မတတက်လုပ်မလားဆိုတော့
လည်းဟင့်အင်း။အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည်မကောင်းဘူးပြောနေပြီး ဒေါ်
အောင်ဆန်းစုကြည်ထက် တော်တဲ့လူ၊ ဒေါ်အောင်ဆန်းစုကြည်ထက် ပြည်သူကိုအနစ်
နာခံပေးဆပ်သူမပေါ်သေးသမျှ၊မရှိသမျှ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတဖြစ်စေချင်ပါ
တယ်လို့ ပြည်သူတွေထောက်ခံနေတာ မှားတယ်လို့မယူဆပါဘူး။
ဒါပေမဲ့တစ်ဘက်မှာဒေါ်အောင်ဆန်းစုကြည်မကောင်းဘူး။ကုလားဘက်ပါတယ်။ ဒေါ်
အောင်ဆန်းစုကြည်သာသမ္မတဖြစ်ရင်မွတ်နိုင်ငံဖြစ်သွားမယ်လို့သုံးသပ်သူတွေပေါ်လာ
တယ်။ ရိုးရိုးသာမန်သူတွေရဲ့အတွေးကို ဒေါ်အောင်ဆန်းစုကြည်သာသမ္မတဖြစ်ရင်မွတ်
နိုင်ငံဖြစ်မယ်လို့အထင်ရောက်သွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူထောက်
ခံမှုကျအောင်ဆိုတဲ့ နိုင်ငံရေးခြေထိုးကွက်နဲ့ သေသေချာချာprojectကြီးချပြီးလုပ်ကြံ
လိုက်တယ်။အရင်ကတည်းက အေးချမ်းတဲ့နိုင်ငံကိုကျီးလန့်စာစားဖြစ်အောင်၊လူမျိုးတစ်
မျိုးနဲ့တစ်မျိုး အမုန်းပွားအောင်၊ တစ်ဘာသာနဲ့ တစ်ဘာသာ ပဋိပက္ခတွေဖြစ်အောင်
ဆရာဒကာတွေ လက်ဝါးချင်းရိုက်ပြီး တိုင်းပြည်မငြိမ်သက်အောင်ဖန်တီးလိုက်တယ်။
ပဋိပက္ခတွေဖြစ်စေဖို့ ပြည်သူတွေမပါရင်တောင်စွမ်းအားရှင်လူမိုက်အဖွဲ့တွေနဲ့ ဒေသ
အာဏာပိုင်တွေလက်ဝါးချင်းရိုက်ပြီးတခြားဘာသာဝင်တင်မဟုတ်ဘဲကိုယ့်ဘာသာဝင်
ဗုဒ္ဓဘာသာတွေပါအငြိမ်မနေရအောင်ကျီးလန့်စာစားဖြစ်အောင်နေအိမ်တွေမီးရှို့ခံရ
အောင်ဖျက်ဆီးခံရအောင်ဖန်တီးတယ်။အဲ့ဒီနောက်မှာပဲလုပ်ကြံသူအားလုံးရဲ့လေသံ
တွေ ပြည်သူတွေကုလားမမုန်းမုန်းအောင်ကြံဆောင်ပြီးသကာလ ဒေါ်အောင်ဆန်းစု
ကြည်က မွတ်ဘက်ပါသွားပြီဆိုတဲ့ အချက်လက်မမှန်တာတွေနဲ့ ပြည်သူနဲ့ လူထုခေါင်း
ဆောင်ကိုထောက်ခံမှုမဲ့သွားအောင်တမင်အကွက်ကျကျဖန်တီးလိုက်ပါတယ်။ ဒီအချက်
ကိုသုံးတာဟာ ဘယ်လောက်အောက်တန်းကျသလဲဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာ
ဝင်လူမျိုးစုရဲ့ရင်ထဲမှာ ဘာသာခြားအပေါ် မနှစ်မြို့နေတဲ့အချက်အားနည်းချက်ကိုအခွင့်
ကောင်းယူပြီးနိုင်ငံရေးလုပ်ကြံခြေထိုးခံလိုက်တာဖြစ်တယ်။အခုထိလည်း နိုင်ငံရေးနယ်ပယ်မှာ မနှံ့စပ်သူ သာမန်ပြည်သူတချို့ဟာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရင်မွတ်
နိုင်ငံဖြစ်သွားမယ်လို့ ပြည်သူနဲ့ လူထုကြား သွေးထိုးလှုံ့ဆော်ချက်တွေကို ယုံကြည်နေမိ
သူတွေရှိနေတာဝမ်းနည်းစရာပါ။ဒီလိုယုံကြည်နေသူတွေအနေနဲ့ကလည်းကျွန်တော်တို့
့နိုင်ငံရဲ့အရင်စစ်အစိုးရ(နအဖ)လက်ထက်အစိုးရသတင်းစာတွေမှ ဒေါ်အောင်ဆန်းစု
ကြည်ဟာ ဒေါ်လာစားအနောက်မယားဆိုပြီးပုတ်ခတ်ဝေဖန်တိုက်ခိုက်တဲ့ပုံတွေ မြင်ဖူး
ခဲ့ကြမှာပါ။အနောက်နိုင်ငံအမေရိကန်ကိုမုန်းတီးရေး၊အရှေ့နိုင်ငံတရုတ်ကိုအားကိုး
ရေးတွေ ရှေ့တန်းတင်လိုက်ချိန်မှာ မြန်မာနိုင်ငံရှိသမျှသယံဇာတတွေ ပြောင်သွားခဲ့ပါ
တယ်။ သမ္မတစနစ်ဒီမိုကရေစီခေတ်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးနိုင်ဖို့master keyတစ်
ချောင်း မို့ အနောက်မယားဒေါ်လာစားလို့ အပုတ်ချဖို့မဖြစ်နိုင်တော့တာကြောင့်ကုလား
ဗမာအရေးကို သေသေချာချာကျကျနနဖန်တီးပြီး၊ရွာလုံးကျွတ်မီးရှို့တဲ့အဆင့်တွေထိ
ရောက်အောင်ကုလားဗမာမုန်းတီးရေးမီးတွေမွှေးခဲ့ကြပြီးပဋိပက္ခဖြစ်စဉ်တစ်လျှောက်
မှာလည်းတရားမ၀င်ဝါဒဖြန့်မီဒီယာတွေကနေ ဒေါ်အောင်ဆန်းစုကြည်မကောင်း
ကြောင်း ကုလားဘက် ပါကြောင်းတွေ သာသာထိုးထိုးရေးကြပါတယ်။ ဒါတွေကို တချို့နိုင်ငံရေးမသိ နားမလည်သူပြည်သူတချို့ ယုံမိသွားကြပါတယ်။
အမျိုးသားရေးခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်ကြံပြီးနောက်မှာဘာကိုသွားတွေ့လဲဆိုတော့
ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်ဖို့၅၉/စဟာအမျိုးဘာသာစောင့်ရှောက်ဖို့ ပြင်စရာ
မလိုပါဘူးဆိုပြီးဥပဒေနားမလည်တဲ့ ပြည်သူတချို့ကြားထဲဆိုက်ဝါးတွေပစ်ထည့်လိုက်ပါ
တယ်။ ကုလားဗမာအရေး ဖန်တီးပြီး အမျိုးသားရေးဘန်းပြ ပဋိပက္ခတွေဖန်တီးတဲ့
ရလာဒ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတမဖြစ်စေဖို့ရည်ရွယ်လုပ်ခဲ့တာဟုတ်မ
ဟုတ်ဆိုတာစဉ်းစားလို့ရလာမှာဖြစ်ပါတယ်။ ပြည်သူတွေဗမာလူမျိုးတွေကုလားကိုကြပ်
ကြပ်မုန်းလေလေ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ဝေးလေလေ ပုံစံကိုစနစ်တကျ
တည်ဆောက်လာတာမှန်းအားလုံးသိလာကြမယ်လို့ထင်ပါတယ်။ဘာကြောင့်မို့ကုလား
ဗမာမုန်းတီးရေးတွေအင်နဲ့အားနဲ့တည်ဆောက်လာသလဲဆိုတာ ဒေါ်အောင်ဆန်းစု
ကြည်ကိုစစ်အာဏာရှင်အုပ်စုဟာ၉၀ရွေးကောက်ပွဲကာလမှာကတည်းက ရွေးကောက်
ပွဲပြီးရင်စစ်တန်းလျားပြန်ပါမယ်လို့အာမခံပြီးတကယ်မှာ ပြည်သူတစ်ရပ်လုံးကပေးခဲ့တဲ့
မဲတွေကိုလျစ်လျူရှု့မျက်နှာပြောင်တိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်
သွင်းအကျဉ်းချခဲ့ပြီးအာဏာကိုလက်မလွှတ်တမ်းကိုင်တွယ်ရာကအခုဆိုရင်တိုင်းပြည်
ဟာအခွံပဲကျန်ပြီးလူအရင်းမြစ်အရှားပါးဆုံး နိုင်ငံတစ်နိုင်ငံအဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပါ
တယ်။အခုချိန်ထိလည်း ဒေါ်အောင်ဆန်းစုကြည်ကိုအာဏာရသွားမှာစစ်အာဏာရှင်
တစ်စုဟာ ကြောက်လွန်းနေတဲ့အတွက် နိုင်ငံရေးလုပ်ကြံဖို့ဘာသာ၊သာသနာ၊ဘုန်းကြီး
ပါမရှောင်ခုတုန်းလုပ်ခဲ့တာအထင်အရှားပါ။ နောက်ထပ်လိုအပ်လို့ နိုင်ငံရေးအသုံးချစ
ရာလိုရင်ကုလားဗမာမှမဟုတ်လူမျိုးချင်းခရစ်ယာန်နဲ့ဗမာလည်းတိုက်ပေးသင့်ရင်တိုက်
ပေးမှာပါပဲ။ ပြည်သူနဲ့ဘုန်းကြီးလည်းလိုအပ်ရင်သွေးခွဲသင့်ခွဲမှာပါပဲ။ရန်တိုက်ပေးသင့်
ရင် ရန်တိုက်ပေးနေဦးမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ စစ်အစိုးရအငွေ့သက်တွေ
ကျန်နေတဲ့ဒီလိုအကျပ်အတည်းကာလမှာကိုယ်မြင်တာလေးတစ်ခုထဲကွက်မြင်ပြီးသုံး
သပ်လို့မရသလို နိုင်ငံရေးလှည့်ကွက်၊ အသုံးချမှုတွေ အချိန်မရွေးကြုံနိုင်တာကြောင့်
သတိကြီးကြီးထားနိုင်ဖို့ကအရေးကြီးပါတယ်။
အခုဒီခေါင်းစဉ်ကိုကိုရူပကမေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်သင့်မဖြစ်
သင့်ဆိုတာကကျွန်တော်တို့ပညာအားနဲ့လိုက်မမှီဘဲတွက်ချက်ပြရမဲ့အပိုင်းတွေပါလာ
တော့ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတဖြစ်စေချင်လားဆိုတော့သမ္မတမဖြစ်စေချင်ပါ
ဘူး။ ဘာ့ကြောင့်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေချင်တာလဲဆိုတော့လက်ရှိ
ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊လူနေမှုစနစ်တွေအားလုံးဟာ
လုပ်ချင်သလိုလုပ်ခဲ့လို့ချွတ်ခြုံကျပြီးပျက်စီးခြင်းငါးပါးဆိုက်နေတဲ့ဟာကြီးကို ဒေါ်အောင်
ဆန်းစုကြည်သမ္မတလုပ်တော့ဘယ်ကစပြီးဘယ်လိုပြန်ပြုပြင်အဖတ်ဆယ်မလဲကျွန်
တော်စဉ်းစားတယ်။ နှစ်ပေါင်းငါးဆယ်ကျော်လောက်စနစ်တကျကဏ္ဍပေါင်းစုံကပျက်သ
ထက်ပျက်လာအောင်လုပ်သွားသူတွေကြောင့် နိုင်ငံတစ်ခုလုံးဘာကဏ္ဍမှာမှဂုဏ်ယူစ
ရာမရှိလောက်အောင်စုတ်ပဲ့နေတာ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြင်မယ်ဆိုရင်တောင်
လူတွေရဲ့စိတ်ဓါတ်ဟာ ပြင်မရတော့အောင်ပျက်စီးနေပြီ။အာဏာရှင်စနစ်ထဲမှာ နေ
သားကျပြီးခံရလွန်းလို့တချို့လူတွေကအရေတွေထူကုနပ်ပါပြီ။တိုင်းပြည်စုတ်ပြတ်သတ်
သွားသလို လူတွေရဲ့စိတ်ဓါတ်တွေကလည်းစုတ်ပြတ်သတ်နိမ်ကျသွားတယ်။ကိုယ်ကျင့် တရားတွေလည်းခေါင်းပါးသွာတယ်။ဒါကိုဒေါ်အောင်ဆန်းစုကြည်သမ္မတလုပ်ပြီး ပြုပြင်
မယ်ဆိုရင်တော်ရုံနှစ်အနည်းငယ်နဲ့တိုင်းပြည်ချောက်ထဲက ပြန်တက်လာနိုင်မှာမဟုတ်
ဘူး။သူတို့ရဲ့ ရှေ့ဆောင်လမ်းပြအုပ်ချုပ်သူတွေကိုယ်တိုင်ကခိုးတယ်၊၀ှက်တယ်။ ဖြောင်
တယ်။သူတို့ရဲ့စံပြပုဂ္ဂိုလ်တွေကိုယ်တိုင်ကသူခိုးကြီးတွေဖြစ်တော့ နောက်ကအတုယူရ
မဲ့ပြည်သူတွေကအချောင်သမား၊ငတတ်ပြားတွေပဲဖြစ်လာတယ်။ ခေါင်းဆောင်တွေက
စပြီးခိုးတော့ နောက်လိုက်တွေကလည်း ဘယ်သူ့ဆီကခိုးရပါ့မလဲအချောင်ရပါ့မလဲစဉ်း
စားလာတော့အခုဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရင်ကောတိုင်းပြည်ကိုပြုပြင်ပြော
င်းလဲမယ်ဆိုရင်စိတ်ဓါတ်တွေချွတ်ခြုံကျသွားတာကိုဘယ်လိုပြန်ပြုပြင်မလဲ။စိတ်ဓါတ်
တွေကို ပြုပြင်လို့မရရင်တိုင်းပြည်ကလည်း ပြုပြင်ခဏပါပဲ။ ပြန်ပျက်စီးမှာပါ။ တော်
တော် ပြန်ပြင်ယူရမဲ့ကဏ္ဍတွေမှာသူတို့ဘာသာသူတို့စုတ်ပြတ်နေတာ နေသားကျနေ
တာကျွန်တော်အနေနဲ့ဆိုရင်တော့အပင်ပမ်းမခံတော့ဘူး။အခုဒေါ်အောင်ဆန်းစုကြည်
ကို ထောက်ခံကြသူတွေမြင်ရတော့ပုဂ္ဂိုလ်ခင်ပြီးတရားမင်စိတ်ဓါတ်တွေပြုပြင်မယ်ဆို
ရင်တော့ ကောင်းလာနိုင်ပါတယ်။
တစ်ဘက်ကပြန်ကြည့်တော့လည်း ဒီအတိုင်းလျစ်လျူရှု့ထားရအောင် တိုင်းပြည်မှာ ကျွန်တော်တို့တစ်ယောက်ထဲနေရတာမဟုတ်ပါ။လူ့အဖွဲ့စည်းရှိတဲ့ နိုင်ငံ၊လူမျိုးဂုဏ်သိ
က္ခာတွေနဲ့နေနေရတဲ့ ကမ္ဘာနဲ့ အိမ်နီးချင်းတွေနဲ့ဆက်ဆံနေရတဲ့ နိုင်ငံပါ။ ပြည်သူဆိုတဲ့
မျိုးဆက်ကလည်းဒီတစ်ဆက်ထဲနဲ့မျိုးတုန်းပျောက်ကွယ်သွားမယ်ဆိုရင်တော့ ဒေါ်အောင်
ဆန်းစုကြည်သမ္မတမလုပ်ဖို့ကန့်ကွက်ရပါမယ်။ကျွန်တော်တို့ရဲ့မျိုးဆက်တွေ နောင်လာ
နောက်သားတွေအရေးပြန်ကြည့်ရင်းစဉ်းစားကြည့်တော့ကမ္ဘာမှာလူတောမတိုးတဲ့နိုင်ငံ
။အစုတ်ပြတ်ဆုံးနိုင်ငံ။အကျင့်ပြတ်ခြအစားဆုံးနိုင်ငံအနေနဲ့စီးပွားရေးမှာဖွတ်။ပညာရေးမှာအိမ်ဖော်ကျွန်။ကျန်းမာရေးမှာ ပြည်သူဘ၀အာမခံချက်ကောင်းတဲ့ကျန်းမာရေးစနစ်မ
ရှိ။လူမှုရေးမှာ မြန်မာတွေကတိုင်းတစ်ပါးသားကိုမော်ကြည့်ရတဲ့အဆင်းရဲအစုတ်ပြတ်ဆုံးလူသားစနစ်။ဒါတွေကို နောင်လာနောက်သားကိုယ့်မျိုးဆက်တွေအပေါ်ထားခဲ့နိုင်မ
လားလို့ တွေးတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံရဲ့ ကောင်းမွန်ပြီးတိုးတက်တဲ့စနစ် ပြည်သူ
အတွက်တာဝန်ယူပြီး တာဝန်ခံရဲတဲ့ သမ္မတတစ်ယောက်တော့ရှိသင့်ပါပြီ။ အဲ့ဒီတော့
ပြည်သူအတွက်တာဝန်ယူပြီးတာဝန်ခံနိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုရွေးချယ်ရနိုင်ရပါ
မယ်။အခုတိုင်းပြည်ကိုဦးဆောင်နေတဲ့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ ပြည်သူတွေ
အတွက်ဘယ်နေရာမှာဘယ်လိုခေါင်းခံခဲ့လဲ။ဘာတွေကိုတာဝန်ယူပြီး ပြည်သူရှေ့က
မားမားမတ်မတ်ရပ်ဖူးလဲကျွန်တော်မတွေ့ဘူး။သူကတော့ပြောတာပဲ။ ပြုပြင်ပြောင်းလဲရေးအစိုးရလို့။အဲ့ဒါတော့သူအာမခံပြီးလုပ်သွားပေးတယ်။ဘုန်းကြီးတွေလူဝတ်လဲ
ထောင်ချပြီးဘုန်းကြီးတောင်အာမခံနဲ့နေရတဲ့စနစ်။ဘယ်လောက်ပြုပြင်ပြောင်းလဲပေး
လဲ သမီးလေးကျေးရွာက ပြည်သူတွေ DKBA ထဲတောင်ပြောင်းပြေးရတယ်။ကျူးကျော်၊
တပ်ပိုင်မြေနဲ့ ပြည်သူတွေနေရာဗြောင်ကျကျထင်တိုင်းကျဲပြီးသိမ်းတယ်။ဒီကိစ္စတွေနဲ့
ပတ်သတ်ပြီးတိုင်းပြည်ရဲ့ ပြည်သူ့အာဏာ ပေးထားရတဲ့သမ္မတဟာ ပြည်သူအရေးများ
စွာကိုဝန်ကြီးရှောင် ခေါင်းရှောင်တဲ့သမ္မတလို့ပြည်သူအများကမှတ်ချက်ပေးကြပါတယ်။
ဒီလိုဆင်းရဲသား ပပျောက်ရေး စီမံကိန်းနဲ့ နေစရာမရှိအောင်လုပ်၊ ဘုန်းကြီးတွေ
သင်္ကန်းချွတ်ထောင်ချပြီးပြု ပြင်ပြောင်းလဲတဲ့အစိုးရတော့ ပြည်သူများအလိုရှိမယ်မထင်
ပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၀၇/ဃ)အရဘာသာရေးကို နိုင်ငံရေးအတွက်အလွဲသုံး
စား ပြုခြင်း။ဖွဲ့စည်းပုံမပြင်ဆင်မှီကကာလအတွင်းအသက်ဝင်နေသော်လည်းနိုင်ငံရေး
အတွက် ဘာသာရေးအသုံးချမှု လူမျိုးရေးအသုံးချမှုတွေကိုအရေးယူနိုင်ခြင်းမရှိခဲ့ပါဘူး။
ဥပဒေအထက်မှာဘယ်သူမှမရှိဘူးဆိုပြီးဇွတ်ငြင်းနေပေမဲ့ဥပဒေထက်၊ နောက်ကွယ်က
လက်မဲကြီးတွေရဲ့ ဘာသာရေးရေးမုန်းတီးစေခြင်း၊ လူမျိုးရေးမုန်းတီးမှု သွေးခွဲသပ်လျှို
အသုံချမှု နိုင်ငံရေးအသုံးချမှုတွေကိုမတားဆီးအရေးမယူဘဲလျစ်လျူရှု့ပေးနေတာအ
ထင်း သားပေါ်လွင်ခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံဟာ အသက်ဝင်ပါတယ်ဆိုပြီး ဖွဲ့စည်းပုံ
ကိုချောင်ထိုးလိုတာယူသုံး၊ဖွဲ့စည်းပုံအထက်ကနေလက်တစ်လုံးခြားလုပ်ချင်ရာလုပ်နေတဲ့ ကိစ္စတွေဟာ ပြောမကုန်ပါ။ ဥပဒေမဏ္ဍိုင်ဟာ လိုသလိုအသုံးချနေသူတွေရှိသလို
ဥပဒေအထက်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာပုဒ်မနဲ့ ပြန်အရေးယူလို့ယူရမှန်းမသိ
အောင်ဥပဒေနဲ့ကျင့်သုံးသူတွေအတွက်၎င်းတို့ကိုယ်တိုင်ကလည်းဖွဲ့စည်းပုံဟာအရေးမ
ပါတဲ့စာအုပ်သက်သက်မျှသာပါ။ဒါ့ကြောင့်ဖွဲ့စည်းပုံဟာလည်း ရေးသူတွေကိုယ်တိုင်မ
လိုက်နာကြသလို တစ်ဘက်သတ်တွေ ရေးထားတဲ့ ပုဒ်မတွေဟာလည်း ပြည်သူကို
လုံးဝအကျိုးပြုမနေတဲ့အတွက် ပြင်ဆင်ရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်သင့်လားဆိုတော့မိမိအမြင်သက်သက်ကိုတင်ပြရ
မယ်ဆိုရင် ဖြစ်သင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာတိုင်း
ပြည် သယံဇာတ အလုံးအခဲနဲ့ခိုးထားသူမဟုတ်ပါ။လာဘ်လာဘတွေတနင့်တစ်ပိုးမစား
ထားပါ။ပိုင်ဆိုင်မှုအရလည်းလူထုထောက်ခံမှုပဲချမ်းသာတဲ့သာမန်မိန်းမသားတစ်ဦး
သက်သက်ပါ။တချို့ကဒေါ်အောင်ဆန်းစုကြည်ကိုကျမှသမ္မတဖြစ်လို့ဘာလုပ်ပေးမှာလဲ
ဆိုတဲ့ မေးခွန်းတွေ ပြန်ထုတ်ကြပါတယ်။သမ္မတဦးသိန်းစိန်လက်ရှိသမ္မတဖြစ်သာသွား
ပြီး ပြည်သူကို ဘာလုပ်ပေးမယ်လို့ အာမခံချက်ပေးခဲ့ပြီး ဘယ်သူထောက်ခံလို့ သမ္မတ
ဖြစ်လို့ ဖြစ်မှန်းမသိမှာ ဒေါ်စုသမ္မတလုပ်မယ်ဆိုတော့မှဘာလုပ်ပေးမှာလည်းဘာပေး
မှာလဲဆိုတော့အသေချာဆုံးကတော့သူသမ္မတဖြစ်ရင် ပြည်သူကိုဒုက္ခပေးမှာတော့မ
ဟုတ်ပါဘူး။ တချို့က ပြောပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်သင့်ဘူးလို့
emotionထုတ်ပြီးပြောကြတယ်။သမ္မတရာထူးဆိုတာemotionထုတ်ပြီးသမ္မတလုပ်ပါလို့
ခန့်လို့မရဘူး။ emotion ထုတ်ပြီးသမ္မတမလုပ်ပါနဲ့ ပြောလို့မရဘူး။ လူတစ်ယောက်ရဲ့ အရည်ချင်းနဲ့စွမ်းဆောင်နိုင်မှုကိုကြည့်ပြီးငါတို့အတွက်သမ္မတဖြစ်ထိုက်သူ၊မဖြစ်ထိုက်
သူကို အချက်လက်ကျကျ ယထာဘူတကျကျရွေးချယ်တင်မြှောက်ကြတာဖြစ်ပါတယ်။
ကျွန်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာသမ္မတဖြစ်ထိုက်ပါတယ်လို့ ရွေးချယ်တာ
ဟာ ပုဂ္ဂိုလ်ရေးပတ်သတ်မှု ရှိလို့။ သူ့ပါတီကောင်းလို့ ။ ပြည်သူတွေထောက်ခံနေတဲ့
အချက်ကြောင့် သမ္မတဖြစ်သင့်ပါတယ်လို့ ဒီလိုကိစ္စရပ်တွေနဲ့ ထည့်သွင်းစဉ်းစားတာ
မဟုတ်ပါ။ နိုင်ငံရေးအရ နိုင်ငံရဲ့သမ္မတဖြစ်ထိုက်သူသူပဲရှိတယ်လို့မြင်တဲ့အတွက် ရွေး
ချယ်ရခြင်းသာဖြစ်ပါတယ်။ အခုပြောနေကြတဲ့ သမ္မတမဖြစ်သင့်ဘူး ဖြစ်သင့်ပါတယ်
ဆိုတဲ့ အငြင်းခုံတွေကို ခဏရပ်ပြီး သဘာဝကျအောင်မင်းကတော့လှေလှော်တက်မှာပဲ
ဘယ်သူကလှေမလှော်တက်ဘူး။ဒါမျိုးငြင်းနေမဲ့အစား လှေချပြီး ပေးလှော်ခိုင်းလိုက်ရင် အရည်ချင်းကိုသိရမှာပါ။သမ္မတဖြစ်သင့်တယ်မဖြစ်သင့်ဘူး ပြောနေကြမဲ့အစားသမ္မတ
လုပ်ခိုင်လိုက်ပါ။ လေနဲ့ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်သင့်ဘူး။သူကဒီလိုဒီလိုရှိ
တယ်လို့emotionထုတ်ပြီးတွက်ချက်ပြနေမဲ့အစားကိုယ်တိုင်သမ္မတတက်လုပ်ဖို့ ရွေး
ကောက်ပွဲဝင်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်မကောင်းဘူးပြောချင်ရင် ဒေါ်အောင်
ဆန်းစုကြည်ထက်အစစအရာရာကောင်းနေဖို့ကိုယ့်ကိုယ်အရင်ပြန်ဆန်းစစ်ပြီးပြုပြင်
လိုက်ပါ။ လူကောင်းတစ်ယောက် ဖြစ်လာတဲ့နေ့ ပြည်သူတွေ အသိပညာရှင် အတတ်
ပညာရှင်တွေအမေလိုခေါ်လာရတဲ့တစ်နေ့မှာအနှီးပုဂ္ဂိုလ်ကိုကျွန်တော်မဲလာပေးပါရစေ

သံမဏိ
၂၁.၆.၂၀၁၄

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။