မာဂျေ | Thursday, 01 November 2012
"ခင်ဗျားကြီးကတော့ လုပ်ပြီ။ ဒီလောက် တိုးတက်နေတဲ့ခေတ်ကြီးမှာ ကိုယ်တိုင်က ပညာတတ်
စရာမလိုဘူး။ တတ်တဲ့ပညာရှင်တွေကို အလုပ်အပ်ပြီး ရယ်ဒီမိတ်တွေကို ရောင်းရုံပဲ"
"ဒီလိုဆိုရင် မင်းတပ်ထားတဲ့ ဆိုင်းဘုတ်ကို က မှားနေပြီ။ ဆိုင်းဘုတ်ရေးသည်လို့မတပ်ဘဲ
ဆိုင်းဘုတ်ရောင်းသည်လို့ပဲ တပ်ရမှာ"
"ခင်ဗျားကတော့ဗျာ၊ ဘာအမ်ဘီအေဘွဲ့ရ လဲ။ တော်တော် ပိန်းလှချည်လား။ ဒါ မာကက်တင်း
သဘောအရ ရေးထားတာ။ ဆိုင်းဘုတ် ရောင်းသည်လို့ လုပ်ထားရင် ဘာဆိုင်းဘုတ်လဲ၊ ငါလိုချင်
တဲ့ဆိုင်းဘုတ်မှ ရှိပါ့မလားဆိုပြီး ဆိုင်ထဲ မ၀င်ကြမှာစိုးလို့ တေလာမိတ်လို့ခေါ်တဲ့ ၀ယ်သူလိုချင်တာ
ရေးပေးမယ်ဆိုတဲ့သဘောနဲ့ တပ်ထားတာ။ သူတို့ လိုချင်တဲ့ဆိုင်းဘုတ်တွေမရှိရင်လည်း နောက်
တစ်နာရီမှလာပါ၊ ညနေမှ လာပါဆိုပြီး အလုပ်လက်ခံ၊ ရွှေတိဂုံဘုရား မြောက်ဘက်က အုတ်လမ်း
ထိပ်မှာ သွားအပ် လိုက်ရုံပဲ"
"ဟေ့ကောင် လူကို စော်ကားချင်စော်ကား၊ ပညာကိုမစော်ကားနဲ့။ ငါတို့က နိုင်ငံတကာ စံချိန်
စံညွှန်းတွေနဲ့အညီ စီးပွားရေးကို ဘယ်လိုလုပ်ရ မလဲသင်ထားတာ။ ခုထိ အဲဒီစံတွေမ၀င်သေး လို့
ခံနေရတာ၊ ပညာကြောင့်မဟုတ်ဘူး။ ဒီနိုင်ငံ ကို၌က ဘယ်လိုနည်းတွေနဲ့ စီးပွားရေးတွေလုပ်
နေကြမှန်း မသိလို့။ ငါတောင် ကွက်ပျောက် စီးပွားရေးဆိုတဲ့စာအုပ်တစ်အုပ် ရေးမလို့"
"တော်စမ်းပါ၊ သူများတွေလို မလျင်ရင်လည်း လျင်တဲ့သူတွေကို သွားခလုတ်တိုက်မနေနဲ့"
"အဲဒါတွေ အသာထားစမ်းပါဦး၊ ငါတို့နိုင်ငံမှာ နေ့တိုင်းနီးပါး ဆန္ဒပြပွဲတွေဖြစ်နေရတဲ့ကြားထဲ မှာ
မင်းကဆိုင်းဘုတ်တွေရောင်းပြီး မီးလောင်ရာ လေပင့် မလုပ်ချင်စမ်းပါနဲ့ကွာ။ မင်းဆိုင်းဘုတ် တွေ
ကလည်း တို့မီးရှို့မီး ဆိုင်းဘုတ်တွေ"
"ရှူးတိုးတိုးပြော၊ ခေတ်ကြီးက ပြောင်းသွားပြီ။ ဒီခေတ်က အရင်ခေတ်လိုထောင်ကျရင် သူများ က
ဆေးဖော်ကြောဖက် မလုပ်တဲ့ခေတ်မဟုတ် တော့ဘူး။ ထောင်ကျဖူးရင်၊ (အိုဗျာ)အနည်းဆုံး
အဖမ်းခံရရင် သူရဲကောင်းဖြစ်တဲ့ခေတ်။ ဒါ ကြောင့် တချို့က ထောင်မကျကျအောင်၊ အဖမ်း မခံ
ခံရအောင် လုပ်နေကြတာ။ သူရဲကောင်း အလွယ်ဖြစ်နည်းပေါ့ဗျာ။ အရင်ခေတ်ကလို အဖမ်းခံရရင်
ရိုက်နှက်ညှဉ်းပန်းခံရတာတွေ လည်းမရှိတော့ဘူး ကြားတယ်။ ဒါကြောင့် လူတော်တော်များများက
အဖမ်းခံချင်နေကြတာ။ ဘယ်နားမှာ ဘယ်သူတွေမကျေနပ်လို့ ဆန္ဒပြ မလဲနားစွင့်၊ ပြီးရင် သူတို့နဲ့
ဆိုင်ဆိုင် မဆိုင်ဆိုင် ကျွန်တော့ဆီက ဆိုင်းဘုတ်တွေဝယ်သွားပြီး ခေါင်း ဆောင်တက်လုပ်တော့
တာပဲ။ အဖမ်းခံရ ဖို့ အလွယ်ဆုံးနည်းက ခွင့်မတောင်းဘဲ ဆန္ဒပြ တာလေ။ လူရာဝင်အောင်ပေါ့ဗျာ။
အဖမ်းခံရ ပြီဆိုရင်တော့ လာထားစမ်း၊ နိုင်ငံတကာက အထောက်အပံ့တို့၊ ဆုတံဆိပ်တို့"
"နင့်အမေဂလိမ်း၊ မင်းပြောမှ အဖမ်းမခံရဖူးဘဲ သရော်စာအရေးကောင်းလို့ အလုပ်ကပြုတ်ရုံပြုတ်ခဲ့
တဲ့ ငါတောင်အတော်ညံ့သလိုဖြစ်သွား ပြီ"
"အဲဒါကတော့ ကံကောင်းတယ်မှတ်။ ခင်ဗျား ရေးခဲ့တဲ့ခေတ်က အဖမ်းခံရရင် ထောင်ထဲမှာတင်
ခင်ဗျားနတ်ရွာစံသွားနိုင်တယ်။ အခုပြော နေတာက ဒီခေတ်၊ ကာလံဒေသံ အဂ္ဂတနံ ဆိုသလို
ပေါ့ဗျာ။ ခေတ်ကလည်းရှိသေးတယ်"
"ကဲ ကဲ အဲဒါတွေအသာထားပြီး မင်းဆီမှာ အရောင်းအသွက်ဆုံး ဆိုင်းဘုတ်လေးတွေ ပြောပြစမ်း
ပါ။ ငါ့စာထဲထည့်ရေးပေးမယ်လေ။ သူရဲကောင်းဖြစ်လိုသူများ မောင်ကြွက်နီနှင့်ဆက်သွယ်ပါဆိုပြီး"
"အရင်တုန်းကတော့ လျှပ်စစ်မီးပေးပါ၊ ရွှေကိုမလို မီးကိုလိုသည်၊ မီးမလာသောဒုက္ခမှ ပြည်သူများ
လွတ်မြောက်ပါစေ၊ မြစ်ဆုံစီမံကိန်း အခု ရပ်၊ ဧရာဝတီကို ကာကွယ်ပါ..ဆိုတဲ့ ဆိုင်းဘုတ် တွေ
အရောင်းသွက်တယ်။ အခုတလောတော့ ပွင့်လင်းမြင်သာမှုရှိပါ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပါ၊
တောင်တွေမဖြိုပါနဲ့၊ OIC အလို မရှိ၊ ကျူးကျော်မဟုတ်ပါဘူး၊ ငွေပေးနေတာပါ၊ ဥပဒေနှင့်အညီလုပ်
မှာလား၊ ညှိနှိုင်းဖြေရှင်းပေး မှာလား၊ လုပ်ခလစာ တိုးပေးပါ၊ အနိုင်ကျင့် ဗိုလ်ကျကုမ္ပဏီဝန်ထမ်းများ
ကို အရေးယူပေး၊ သမဂ္ဂဖြိုခွဲသူ ဒို့ရန်သူ၊ ဖျန်ဖြေရေးအဖွဲ့ ပြန်ပြင်ဖွဲ့၊ မြေယာတို့၏ မူလပိုင်ရှင်သည်
နိုင်ငံတော်၊ နိုင်ငံ တော်သည် မြေကြီးနှင့် ပြည်သူတွေပေါ့ဗျာ။ အောင်မယ်၊ မထင်ဘဲ ရောင်းနေရတဲ့
ဆိုင်းဘုတ် တစ်ခုရှိသေးတယ်၊ သမ္မတကြီး ကျန်းမာပါစေတဲ့။ အဲဒီဆိုင်းဘုတ်ထောင်ပြီး သမ္မတကြီး
ကို အရေးဆိုကြတာ။ တစ်နည်းပြောရရင် သမ္မတကြီးလည်ပင်း ကြိုးကွင်းစွပ်နေကြတာပေါ့။နောင်
မကြာခင် အရောင်းသွက်မယ့် ဆိုင်းဘုတ် တွေက အနစ်နာခံခဲ့သူများကို မမေ့ပါနဲ့၊ အခြေအနေ
ကောင်းမှ ဘက်ပြောင်းလာသူတွေ အလို မရှိဆိုတာတွေ ရောင်းရလိမ့်မယ်"
"အောင်မယ် မင်းက ဈေးကွက်လားရာကို တောင် ကြိုတွက်တတ်နေပြီ။ တစ်ခုလောက် အလွတ်
သဘောမေးပါရစေ။ အခုတလောဖြစ်နေတဲ့ ဆန္ဒပြပွဲတွေက မင်းလက်ချက်တော့မဟုတ်ပါဘူးနော်"
"ဟာဗျာ၊ ဖွ လွဲပါစေ ဖယ်ပါစေ။ ကျွန်တော့ ကို စစ်ကြောရေးမှာ အရိုက်ခံရ အောင် ခင်ဗျား ကြီးက
အချွန်နဲ့မနေပြန်ပြီ။ ကျွန်တော်က ဘတ်စ်ကားတိုးစီးပြီး ပြည်သူတွေကြားမှာနေ တာဗျ။ ဒါကြောင့်
တိုင်းပြည်မှာ ဘာတွေဖြစ်သလဲဆိုတာ ချက်ချင်းသိတယ်။ ဒါကြောင့် အခုနောက်ထပ်အသုံးပြုမယ့်
ဆိုင်းဘုတ်တွေကို ပန်းချီဆရာဆီ သွားအပ်ပြီးပြန်လာတာ။ ပြီး တော့ စီးပွားရေးကိုချဲ့ထွင်ဖို့လည်း
လုပ်ထားပြီး ပြီ။ ကျွန်တော်လေ့လာမိသလောက် ဘယ်သူ တွေ ဆန္ဒပြတာ များသလဲဆိုရင်
လယ်သိမ်းခံရတဲ့ တောင်သူတွေ၊ စက်ရုံက အလုပ်သမားတွေများ တယ်။ ဒါကြောင့် နောက်ထပ်
ဆိုင်းဘုတ်တစ်ခု ဆိုင်မှာ တင်မလို့။ အဲဒါကတော့ဆိုင်းဘုတ် လက်လီလက်ကား ငှားသည်၊
တန်ဖိုးတစ်ဝက်ကို အပေါင်ထားခဲ့ပါပေါ့ဗျာ။ တော်ကြာ ငှားတယ်ဆို ပြီး ပြန်လာမပေးမှာလည်း
စိုးရသေးတယ်။ အဓိကကတော့ ကျွန်တော်ကငွေရှာတာ။ သူတို့ က နာမည်ရှာတာ။ နောက်ဆုံး
မတော့ အတူတူပါ ပဲ။ ကျွန်တော့မှာလည်း ယောက္ခမလောင်းကြီးက သူ ကွမ်းယာရောင်းတဲ့ဝင်ငွေ
ထက်သာမှ သူ့ သမီးနဲ့ပေးစားမယ်ဆိုလို့ ကြံဖန်စီးပွားရှာနေ ရတာ။ အချစ်ဆိုတဲ့မီးက တော်တော်ပူ
တာပဲ နော်"
"မောင်ကြွက်နီရယ်၊ မင်းကတော့ ကြည့်ရင်းကြည့်ရင်း ကြည်ညိုဖို့ ကောင်းလာပြီ။ ဒီလိုလုပ်ပါလား၊
မင်းဆီမှာ ငါရှယ်ယာဝင်မယ်လေ"
"ကိုယ်တစ်ယောက်တည်းစားနေတာကို သူများကိုခွဲမပေးနိုင်ဘူးဗျ။ ဒီစကားပြောတာကိုက ခင်ဗျား
စီးပွားရေးပညာ မတတ်သေးဘူး ဆိုတာ ပြရာရောက်နေတယ်။ ရှယ်ယာခေါ်တယ်ဆိုတာ အကြွေး
တွေထူပြီး အခြေအနေသိပ် မကောင်းလို့၊ စွန့်စားရမှာများပြီး လုပ်ငန်း အောင်မြင်ဖို့ မသေချာမှ
ခေါ်တာ။ ကျွန်တော့ အလုပ်က ရောင်းရတာ၊ ငှားရတာ လက်တောင် မလည်ဘူး။ ဒီတစ်ခါတော့
လူကြီးတွေမရှိလို့ (အဲလေ)ကန်တော့ပါသေးရဲ့ဗျာ။ နောက်ထပ် စီးပွားရေး လုပ်ငန်း အသစ်လုပ်ရင်
ခင်ဗျားကို ပြောပါ့မယ်။ အခုတော့ ကိုယ့်ဟာကိုယ် မိန်းမယူဖို့ ရှာပါရ စေ" ဆိုလို့ ရှယ်ယာမ၀င်ရဘဲ
ပြန်လာခဲ့ရ ကြောင်းပါ။
"အလဲ့ မောင်ကြွက်နီ၊ မင်းဘယ်တုန်းက ပန်းချီ အခြေခံသင်တန်းတွေ ဘာတွေတက်လိုက်တာလဲ"
လို့ မေးလိုက်ရတယ်။ ဟုတ်တယ်လေ၊ သူ့ လမ်းထိပ်မှာ မောင်ကြွက်နီ အခန်းတစ်ခန်းငှားပြီး စီးပွား
ရေးကို ဇောက်ချလုပ်နေပြီလို့ စိတ်ကူး ချိုချို ကိုစန်းဦးက ပြောတာကြားတာနဲ့ သွားကြည့် တော့
ဆိုင်ခန်းထိပ်မှာ ဆိုင်းဘုတ်မျိုးစုံရောင်းသည်လို့ တပ်ထားသလို အခန်းထဲမှာ ဆိုင်းဘုတ် မျိုးစုံ
ချိတ်ထားတာ တွေ့လို့ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။