23 November 2012 |By Popular News
နိုဝင်ဘာ၁ဝ ရက်နေ့က နယူးယောက် မြို့မှာ ကျင်းပတဲ့ Miss Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ Miss Myanmar USA မြန်မာမော်ဒယ် ယမုံမိုးက အင်တာနက် မဲအများဆုံး ဆုရရှိတဲ့ အတွက် People Choice Award ကို ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ Miss Georgia က အင်တာနက် မဲအများဆုံးဖြစ်နေပေမယ့် အကောင့် အတု သုံးထားတဲ့ အတွက် ဆုမရရှိခဲ့ဘဲ အမှန်အကန် အကောင့်များ နဲ့ မြန်မာပရိသတ် များရဲ့ အားပေးမှုကြောင့် Miss Myanmar USA က ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ထူးခြားတဲ့အတွေ့အကြုံ တစ်ခုပဲဖြစ်ပြီး ဒီဆုရရှိတဲ့အတွက်လည်း တအား ဝမ်းသာပျော်ရွှင်ကာ သူ့ကို အားပေးတဲ့ မြန်မာပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာမော်ဒယ် ယမုံမိုး က ဥရောပ ၂ဝ၁၃မော်ဒယ် ပြိုင်ပွဲမှာလည်း Miss Myanmar အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ အတွက်လည်း သူတတ်နိုင်သလောက် ကူညီပေးမှာဖြစ်ပြီး ရန်ပုံငွေများ ကောက်ခံကာ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လှူဒါန်းပေးဖို့ အစီအစဉ် ရှိကြောင်း မြန်မာမော်ဒယ်ယမုံမိုးက ပြောပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။