23 November 2012 |By Popular News
မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ ကို မကြာခင်မှာပြု လုပ်တော့ မှာ ဖြစ်တဲ့ အတွက် အနုပညာရှင်တွေ အနေနဲ့ ဘယ်သူတွေ ရရှိကြ မလဲဆို တာကို ပရိသတ်တွေ အနေနဲ့စိတ် ဝင်စားနေကြပါတယ်။ ဒီနှစ်အတွက် အကယ်ဒမီ စာရင်းဝင်ထားတဲ့ ရုပ်ရှင်ကား တစ်ကားကတော့ ‘ရင်ကွဲနာ’ ဇာတ်ကားလေး ပဲဖြစ်ပါတယ်။
‘ရင်ကွဲနာ’ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ အနေနဲ့လည်း အကယ်ဒမီရင်ခုန်မှုအနေနဲ့ ဘယ်လိုတွေရှိနေကြမလဲဆိုတာကို ဒီဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်တဲ့ ချစ်စနိုးဦးက အရင် နှစ်တွေနဲ့မတူတဲ့ သူ့ရဲ့ရင်ခုန်မှု အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။ ”ဒီနှစ်ကကျတော့ သူများတွေလိုလည်း မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ်လည်းရင် ခုန်လို့ရတယ်။ ရင်တော့ တော်တော်ခုန်နေပါ ပြီ။ကိုယ်လည်း ဒီလိုအခွင့်အရေးကို ပထမဦး ဆုံးအကြိမ် အခွင့်အရေးရတာဆိုတော့ ဘာပဲ ပြောပြောကိုယ်အခွင့်အရေးရတဲ့ကားလေး ဒီနှစ်လည်းပါတယ်ဆိုတော့ တော်တော်လေး ရင်ခုန်ပါတယ်။ ရရင် လည်း လိုချင်ပါတယ်။ ရ၊ မရဆိုတာတော့ ကုသိုလ်ကံနဲ့လည်း ဆိုင် တယ်။ ကိုယ့်အတွက် ဒီနှစ်က ပိုပြီးအဓိပ္ပာယ် ရှိပါတယ်” လို့ပြောတဲ့ ချစ်စနိုးဦးက အကယ် ဒမီဆုဆို တာက အနုပညာရှင်တွေရဲ့ ဘဝ မှတ်တိုင်တစ်ခုအနေနဲ့ ပြောလို့ရကြောင်း လည်း ပြောပါတယ်။
“လူတိုင်းပါပဲ။ ချစ်စနိုးဦးတစ်ယောက် တည်းမဟုတ်ပါဘူး။ ကိုယ့်ကားေ လးပါရင် အကုန်လုံးလိုချင်ကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဘဝမှတ်တိုင်တစ်ခုလို့ ပြောလို့ရနိုင် ပါတယ်”လို့ပြောပါတယ်။ နှစ်စဉ်နှစ်တိုင်း နေပြည်တော်မှာကျင်းပတဲ့ အကယ်ဒမီပေးပွဲက ဒီနှစ်မှာတော့ ရန်ကုန်မှာ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် အနုပညာရှင်တွေအနေနဲ့ အကယ်ဒမီပွဲတက် ရတာ ပိုပြီးအဆင်ပြေသွားကြောင်းပြောတဲ့ ချစ်စနိုးဦးက ဒီနှစ်အကယ်ဒမီပေးပွဲကို ပြောင်းလဲမှုတွေနဲ့ မြင်တွေ့နိုင်မယ်လို့ထင် ကြောင်း ပြောပါတယ်။”သွားရေး၊ လာရေးတွေ အကုန် လုံး တအားအဆင်ပြေသွား မှာပါ။ ဟိုမှာကျတော့ အဲဒီအတွက်ကို အချိန်ပေးရတာပေါ့။ ဒီမှာကျတော့ ကိုယ့်အိမ်ကသွားရုံပဲလေ။ ဒါပေမဲ့ ဟိုမှာကျတော့ အနုပညာရှင်မောင် နှမတွေ စုစုဝေးဝေးနဲ့ ပျော်ရတယ်။ ဒီမှာကျ တော့လည်း တစ်မျိုးစီပေါ့။ အခု အစစ အရာရာ အကုန်လုံးက အရင်နှစ်တွေနဲ့မတူဘူး။ ဘယ်လို ဖြစ်မလဲဆိုတာက ပွဲရောက်မှပဲ သိ ရမှာပေါ့။လောလောဆယ်တော့ အားလုံး က ပြောင်းထားတယ်လို့ ပြောကြတယ်။အခုတော့ ဘာမှ ပြောလို့မရသေးပါဘူး” လို့ပြော တဲ့ချစ်စနိုးဦးက အကယ်ဒမီဆု ရခဲ့မယ်ဆိုရင် အရင်ကထက်ပိုပြီး တာဝန်ပို ကြီးသွားမယ်လို့ ထင်ကြောင်းကို…
“အကယ်ဒမီရသွားမယ်ဆိုရင် ကိုယ့်ကို ဒီအတွက် ဆုတစ်ဆုပေးလိုက်တယ်ဆို ကတည်းက နောက် လုပ်မယ့်အလုပ်တွေမှာ ရိုးရိုးချစ်စနိုးဦးအနေနဲ့ လုပ်လို့မရတော့ဘူး။ ပိုပြီးတာဝန်ကြီးသွားမယ်လို့ထင်တယ်။ အခု တော့ ဘာမှမသိသေးတဲ့အတွက် ဖြစ်လာမှပဲ အေ ကာင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။