OMG!! OMG!!! I have something to share :D :D
ဒီရက်ပိုင်း ပိုစ့်တွေဆက်တိုက်တက်နေလို့ မျက်စိနောက်နေပြီလား မသိဘူး(:P)။ ကန်ဒီခုလေးတင် Facebook မှာလျှောက်ကလိရင်း Facebook Background Layout ထည့်နည်းလေး ရှာတွေ့ထားတယ်။ သူများတွေ သိပြီးသားလားတော့ မပြောတတ်ဘူး။ ကန်ဒီတော့ ခုမှသိတာ... အဲ့ဒါနဲ့ Excited ဖြစ်ပြီး ပြောပြချင်တာနဲ့ စာထရေးတော့တာပဲ ဟဟဟ xD (ကန်ဒီသိသလို သိစေချင်တဲ့ စေတနာနဲ့ပါ :D)
■ ပထမဆုံး Facebook Home Page ရဲ့ Left Column (Messageတို့ ဘာတို့အောက်နား)မှာ Change Layout ဆိုတာ တွေ့လိမ့်မယ်။ အဲ့ဒါကို နှိပ်လိုက်...
■ နှိပ်လိုက်ရင် ဒီ Page ရောက်သွားလိမ့်မယ်။ အဲ့ရောက်သွားရင် Left Column မှာ Layout Theme တွေရှိတယ်။ အဲ့ထဲက Theme တစ်ခုခုကို နှိပ်လိုက်နော်...
■ နှိပ်လိုက်တယ်ဆိုရင်ပဲ အနီနဲ့ဝိုင်းပြထားတဲ့ Install the Free PageRage Plug-in ဆိုတာတွေ့လိမ့်မယ် (Home page မှာဆို အဲ့ဒါမပေါ်လို့ Theme တခုခုအရင်နှိပ်ခိုင်းတာ)။ အဲ့ဒါကို နှိပ်လိုက်တာနဲ့ Set up File ကို ဒေါင်းခိုင်းလိမ့်မယ်။ ထုံးစံအတိုင်းဒေါင်းပြီး ကိုယ့် Desktop ပေါ်မှာဖြစ်ဖြစ် Save လိုက်... Save ပြီးတဲ့ Set up File ကိုဖွင့်ပြီး သူပြောတဲ့အတိုင်း Step by Step Install လိုက်နော်။ ဘယ်လောက်မှ မကြာဘူး။ ပြီးရင် သူက Browser တွေကို Restart ချပေးလိမ့်မယ်။
■ Restart ချပြီး ပြန်ပေါ်လာတာနဲ့ ဒီPage တွေ့လိမ့်မယ်။ အဲ့မှာ Account ဖွင့်လိုက်။ ဖွင့်ပြီးတာနဲ့ ကိုယ်ကြိုက်တဲ့ Layout ကို စိတ်ကြိုက်ဗြောင်းဆန်အောင်ရွေး ဟီးဟီး xD
■ အကြီးမြင်ရအောင် Preview ကြည့်လို့လည်း ရတယ်။ ကြိုက်ပြီဆို Select this layout နှိပ်လိုက်တော့။ မနှိပ်ခင် အဲ့ရွေးထားတဲ့ Layout ကို Profile မှာပဲ ထည့်ချင်တာလား.. Page တိုင်းထည့်ချင်တာလား.. ဆိုတာလည်း ရွေးလို့ရသေးတယ်။ အဲ့ဒါပြီးရင်တော့ ဒန် တန် တန်... Facebook မှာ ဒီလို Background လေး ရပါပြီ :D :D :D
■ ပြင်ချင်သေးရင် Left Column က Change Layout နှိပ်ပြီးပြင်... မလိုချင်လို့ ဖျက်ချင်ရင်တော့ Remove Layout ပေါ့ ^_^
Good Luck :)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။