Presenter လုပ်ဖြစ်တာက နန်းမြတ်ငယ်ငယ်ကတည်းက ကျောင်းပွဲတွေမှာဆိုရင် Presenter လုပ်ပေးရတယ်။ Presenter အလုပ်ကိုလည်း လေ့လာဖြစ်တယ်။ ဥပမာ – ပွဲတစ်ခုမှာ မမိုး(တင်မိုးလွင်) ပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ပေါ့။ သူတို့ဘယ်လိုပြောလဲ လေ့လာဖြစ်တယ်။ နောက်ပြီး Presenter လုပ်ရတာက တချို့ပွဲတွေမှာ အင်္ဂလိပ်လိုပြောရတယ်။ မှတ်မှတ်ရရဆိုရင် ပွဲတစ်ပွဲတုန်းက အင်္ဂလိပ်လိုပြောရတော့ လုပ်မယ်၊ မလုပ်ဘူး စဉ်းစားသေးတယ်။ နောက်ပြီးမှ လက်ခံပြီး လုပ်လိုက်တာပေါ့။ ကိုယ့်ကိုယ်ကို ကောင်းတယ်လို့လည်း မဟုတ်ပါဘူး။ အများကြီးတော့ ကြိုးစားထားတယ်။ အဖက်ဖက်ကလည်း အသံတွေ ပြန်ကြားရတယ်။ အဆင်ပြေတယ်ဆိုတာ ပြန်ကြားရတယ်။ အင်္ဂလိပ်လိုလည်း ကောင်းကောင်းမပြောနိုင်ပါဘူး။ ကိုယ်တိုင်လည်း တော်တဲ့အထဲမှာ မပါဘူးဆိုတာ သိတယ်။ ငယ်ငယ်တုန်းကတော့ အင်္ဂလိပ်စာကို တက်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ ခုနစ်တန်းလောက်ထိ အင်္ဂလိပ်စာကို လုပ်ဖြစ်တယ်။ ကျောင်းစာတွေများနေပြီးတော့ နောက်ပိုင်းအင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လုံးဝမတက်ဖြစ်ဘူး။ ငယ်ငယ်တုန်းက သင်ထားတာရော နောက်ပြီး တောက်လျှောက် အင်္ဂလိပ်လိုပဲ သင်ရတာဆိုတော့ ပွဲတွေမှာ Presenter လုပ်တဲ့အခါ အဆင်ပြေသွားတာပါ။ နန်းမြတ်က မြန်မာစကားကိုတော့ အကျွမ်းကျင်ဆုံးပါပဲ။ နောက်တစ်ခုဆိုမှ အင်္ဂလိပ်စကားကျွမ်းကျင်တာပါ။ တရုတ်စကားတွေ ဘာတွေတော့ မပြောတတ်ဘူး။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။