Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 17, 2012

ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး


ယောရှုမှတ်စာ (၅း၁၄) တဖန်ပြန်လည်တွေ့ ဆုံဝေငှရခြင်းအတွက် ကျေးဇူးတော်ကိုချီးမွမ်းပါသည်၊ ညီအစ်ကိုများအသင်းတော် ကို အထူးကျေးဇူးတင်ပါသည်။ မဟာချိုင်မှအပြန်တွင် ဆရာတူးဂျာခေါ်၍ လာခဲ့ပါသည်။ ဘန်ကောက် တရုပ်အသင်းတော်တွင်လည်း ဟောကြားရန်ရှိပါသေးသည်။
ဆုတောင်းကြပါစို့ ။



လူတိုင်း မိမိ မျှော်လင့်ချက်၊ ရည်ရွယ်ချက် နှင့် တိုးတက်စေလိုကြပါသည်။ အခြားတိုင်းပြည်များတွင်ရောက်ရှိနေသော မြန်မာများသည် ပညာသင်၊ စီးပွားလုပ်။ လုပ်ငန်းရှင်များဖြစ်လာသော မြန်မာများမှာ ပထမဆုံး တပည့်ခံရသည်။ နှုတ်ကပတ်တော်ထဲတွင် ပါသော ပြည်ပထွက်အလုပ်လုပ်ရင်း ကြီးပွားလာသူတဦးအကြောင်းကို ဝေငှလိုပါသည်။

ဘုရားသခင်က အပြစ်မှကယ်နှုတ်ပြီး ကြွယ်ဝချမ်းသာသောအသက်တာ ရသွားရန်အတွက် အခက်အခဲ၊ အနှောက်အရှက်များ ရှိနေဦးမယ်ဖြစ်သည်။ မောရှေ ခေါ်ထုတ်လာသော က္ကုသရေလ လူမျိုးများသည် တတောဝင်၊ တတောထွက် နှင့် ရဖရိမ်သို့ ရောက်လာသည်။ အာဖရပ် လူမျိုးများနှင့် တွေ့ သောအခါ အဲဂုတ္တု (အီဂျစ်) လူမျိုးထံ ကျွန်ခံခဲ့ရသောကြောင့် စစ်မတိုက်တတ်ကြပါ။ ဘယ်လိုပြန်တိုက်မလဲ။

ထွက်မြောက်ရာကျမ်း ၁ရ တွင် ယောရှုထွက်လာပြီး ကျွန်တော့်လူမျိုး၊ ထိခိုက်လာလျှင် စစ်တိုက်ရန် အနစ်နာခံပါသည်။ သို့ နှင့် ယောရှုသည် မောရှည်၏ လက်ထောက်ဖြစ်လာပြီး သူ့ ဆရာ ဖြစ်ချင်သည့်အရာများကို ဖြစ်အောင်လုပ်ပေးသည်။ မောရှေကိစ္စများ ကို ဆရာသမား၊ အလုပ်ရှင်အတွက် ပြီးမြောက်အောင် အျနှစ် ၄၀ လုံးလုံး လုပ်ပေးခဲ့သည်။


မည်သည့်လုပ်ငန်းကိုလုပ်ပါစေ။

လုပ်ငန်းရှင်အပေါ်တွင် သစ္စာရှိစွာ လုပ်ပေးရန်လိုအပ်ပါသည်။ စင်ကာပူတွင် လွန်ခဲ့သော ၁၇ နှစ်က အိမ်ဖေါ်မိန်ကလေး ယခု သူဌေးဖြစ်သွားပြီဟုသိရသည်။ သူအိမ်ဖေါ်လုပ်ရာတွင် အိမ်ရှင်အန်တီက ကိတ်မုန့် ပညာသင်ပေးမယ်။ လိုအပ်တဲ့ စက်တွေပေးမယ်။ ဆိုင်တွေဆီကို ကိတ်မုန့် သွင်းပေးမယ် ဟုပြောကာ လုပ်ငန်းလုပ်ကိုင်စေခဲ့သည်။ သစ္စာရှိစွာ ၄ ၊ ၅ နှစ်ခန့် လုပ်ကိုင်ရင်း ထိုအိမ်ဖေါ်မလေးမှာ ယခုအခါ ကိတ်မုန်ဆိုင် ၁၀ဆိုင်၊ ၁၅ ဆိုင် ပိုင်ဆိုင်သွားပြီဖြစ်သည်။

မောရှေ အသက်ရွယ်ကြီးလာသောအခါ ယေရှုကို လူ ၇၀ ထဲမှ ရွေးချယ်ခဲ့သည်။ က္ကုသရေလလူမျိုးများ ဆန္နခံယူပွဲလုပ်ရာတွင် ၉၅ ရာနှုံး သဘောတူပြီး ယောရှုကိုရွေးချယ်ခဲ့ကြသည်။

အဲဂုထ္တုပြည်မှ က္ကုသရေလ လူမျိုးများ ထွက်လာသောအခါ ရှိသိမ်မြို့ တွင် စခန်းချနေစဉ် ဘေးပတ်လည်မှ ရန်သူနိုင်ငံ ဘုရင်များ စည်းဝေးထိုင်ကြသည်။ က္ကုသရေလတို့ အား ဘယ်ကဲ့သို့  နိုင်အောင်တိုက်ရမည် တိုင်ပင်ရာတွင် က္ကုသရေလတို့ နှင့်အတူ သူတို့ ၏ ထာဝရဘုရား အတူမပါရှိအောင် လုပ်ရန် ဆုံးဖြတ်ကြသည်။ ဘုရင်တပါးကို သွေးဆောင်ဖြားယောင်းကာ နက္ခတ်တာရာများကို ရှိခိုးလာအောင်လုပ်ကြသည်။ ယောင်္ကျားများကို သွေးဆောင်ရန်မလွယ်သောကြောင့် မိန်ကလေးများကို သွေးဆောင်ကြသည်။ ပျော်ပွဲရွှင်ပွဲများ ဖွင့်ပေးသည်။ (ဘန်ကောက်တွင် မနေတတ်လျှင် ပျက်စီးရပါသည်၊ အချုပ်ထဲရောက်နိုင်သည်။ နေတတ်လျှင် ဘန်ကောက်တွင် နေလို့ အင်မတန်ကောင်းပါသည်။)

ထိုကဲ့သို ညအနားယူရင်။ ပျော်ပွဲများမှာ တပါးအမျိုးသမီးများနှင် ဆွဲဆောင်ရမှ အကြံအောင်သွားသည်။ တရက်ထဲမှာ ကာလနာကျစေ၍ လူ ၂ သောင်းသေဆုံးခဲ့ရသည်။ ယခုခေတ် SAR, Bird Flue စသည်တို့ သည် ဘုရားသခင် ခွင့်ပြုသောကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ယခု ဘန်ကောက်မြို့ ရောက်လာသော မြန်မာများအတိုင်း က္ကုသရေလတို့ သည် ရှိသိန်းမှထွက်ခွာပြီး ဂျော်ဒန်ဖြစ်ကို ဖြတ်ကျော်၍ ခန္တာပြည်ဝင်ခဲ့ကြသည်။ ဂါဒ်လူမျိုး၊ မနာရှေ တို့ က မလိုက်ချင်ပဲ သဘောတူညီချက်ယူပြီး ယော်ဒန်မြစ်တဖက်တွင်နေခဲ့သည်။



က္ကုသရေလ လူမျိုး တို့ မှာ မိသာုးစုကဲ့သို့  အသင်းတော်လုပ်ငန်းကို လုပ်ကိုင်ရာတွင် (ကျမ်းစာကိုကိုင်ပြရင်း) သမ္မာကျမ်းစာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးပါဝင်ပါသည်။ ကိုယ့်အကြံအတိုင်း လုပ်လျှင် အောင်မြင်မှုရမည်မဟုတ်ပါ။ ပုဌိာန်ညာဉ်သေတ္တာကို ဂျော်ဒန်မြစ်ဘေးတွင်ချပြီး ယာဇ်ပယောဟိတ် နောက်မှာ တယောက်ပြီးတယောက် ဂျော်ဒန်မြစ်ကို ဖြတ်ကျော်ကြသည်။ ယာဇ်ပရောဟိတ်မှာ ချစ်စရာကောင်းပါသည်။ လူအများ ဖြက်ကျော်ပြီးသည့်အထိ သေတ္တာကိုမပြီး စောင့်ပါသည်။ အားလုံးကုန်မှ နောက်ဆုံးမှ ဖြစ်ကိုဖြတ်သည်။

က္ကုသရေလ လူမျိုးတို့ သည် ဂျော်ဒန်ဖြစ်ကို ဖြတ်ကျော်အပြီး မြစ်တွင် ကျောက်ခဲတတုံး ချထားခံသည်။ ယုံကြည်ခြင်း၊ အောင်မြင်ခြင်း အထိမ်းအမှတ်ဖြစ်သော်လည်း ကြာလာသောအခါ ဇာတိပကတိ ဖေါက်လာခဲသည့်၊ ဂျော်ဒန်မြစ်ရေ ကျဆင်းချိန်တွင် ဇာတိကျောက်တုံး ပြန်ပေါ်လာသကဲ့သို့ ဖြစ်သည်။ ကျမ်းစာကို နေ့ ညမပြတ် ဆင်ခြင်ဖတ်ရှုလျှင်၊ ကိုယ့်လူမျိုးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အကြံအစည်များ အောင်တတ်ပါသည်။

ကျွန်တော်တို့ လည်း ဘန်ကောက်သို့ လာပြီး ယုံကြည်ခြင်းအားဖြင့် မကြာမီတွင် ချမ်းသာစွာဖြစ့် ပြန်ရမည်။ ဂျော်ဒန်မြစ် ကျော်လွားပြီးသည့်နောက် အခက်အခဲများ လာဦးမည်ဖြစ်သည်။ ဆင်းရဲခြင်း၊ ၀မ်းနည်းခြင်း၊ ကျေကွဲခြင်းများနှင့် အချိန်မကုန်ရန်လိုသည်။ က္ကုသရေလများသည် ၁) အရေပြားလှီးမင်္ဂလာဆင်နွဲခြင်း ၂) ပဿခါပွဲတော် ကျင်းပခြင်း နှင် ၃)မာနမုန့် ရပ်ဆိုင်းခြင်း ကြုံတွေ့ လာရသည်။ ခါနန်ပြည်ရောက်လာပြီးနောက် နေစဉ်မိုးမှ ကျလာသော မာနမုန် ရပ်ဆိုင်းသောအခါ အလုပ်လုပ်ရန်လိုလာသည်။ အလုပ်မလုပ်ပဲ နေလျင် ဆင်းရဲနေမည်ဖြစ်ပြီး ပရွတ်ဆိတ်များ နွေအခါ အစာရှာသလို မိမိအသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေအလုပ်လုပ်ရတော့မည်။ ဘန်ကောက်တွင်သာမက ဂျပန်၊ အမေရိကား ရောက်သည်အထိ ဆက်လက် လုပ်ကိုင်သွားရမည်ဖြစ်သည်။

ခါနန်ပြည်အ၀င် ဂျော်ဒန်မြစ်ကို ကျော်ပြီးနောက် ယေရိခေါမြို့ ကြီးက စောင့်ကြိုနေတော့သည်။ အမြင့် ၉ ဒဿမ ၆ မီတာ မြင့်ပြီး အထူ ပေ၂၀ ရှိသော မြို့ ရိုးကြီးက စုံစမ်းနှောက်ရှက်ခြင်းအဖြစ် ခံနေပြီ။ နောက်သို့ ပြန် မလှည့်ရန်ဖြစ်ပြီး ဘုရားသခင်အတူပါရှိလျှင်ရပါသည်။ ဘန်ကောက်ရောက်ခြင်းလည်း ထို့ အတူပင်ဖြစ်သည်၊

ယေရခေါမြို့ ကြီးကို ယောရှုက လှမ်းကြည့်နေစဉ်တွင် အနား၌ ဒါးကိုင်လူတဦး ကန့် လန့် ရပ်နေသည်ကိုမြင်သည်နှင့် ယောရှုကမေးရာ ထိုလူက မိမိသည် ထာဝရဘုရား၏ ဗိုလ်ခြေအုပ်ချုပ်ရသော ဗိုလ်မှူးဖြစ်သည်ဟု ဖြေသည်။ ယောရှု ချက်ခြင်းနားလည်လိုက်ပြီး ဖိနပ်ချွတ် ပျတ်ဝတ်ကိုးကွယ်လိုက်ပါသည်။ ထို့ အတူ ကျွန်တော်တို့ ခရစ်ယာန်အသက်တာတွင် အောင်မြင်သင့်သလောက် မအောင်မြင်ရခြင်းမှာ ထာဝရဘုရားကို ဦးတိုက်ထားခြင်းများ လုပ်ရန်လိုအပ်ပါသည်။ ဗိုလ်ချုပ်က လက်နက်နှင့်တိုက်မှာ မဟုတ်ပါ။ ပုဋ္ဋိန်ညာဉ် သေတ္တာကို ယေရိခေါမြို့ တွင် ပထမနေ့ တပတ်၊ ဒုတိယနေ့ တပတ် စီနှင့် ၇ ရက် - ၇ ကြိမ်တိုင်ပတ်ရာတွင် စကားမပြော၊ အသံမထွက်ပဲ ပတ်ကြသည်။ ဘာမှမဖြစ်ပါ။ တပိုးမှုတ်သောအခါတွင်မှာ ဟေဗြဲကျမ်းတွင် ပါသည့် ယုံကြည်ခြင်းအတိုင် ယေရိခေါမြို့ ကြီး ပြိုသွားတော့သည်။ ဂျော်ဒန်မြစ်ကျော်ဖြတ်ခြင်၊ ယေရိခေါမြို့ ရိုးပြိုခြင်းနှင့် ဂိဘောင်တိုက်ပွဲတွင် နေ၊ နက္ခတ်တာရာများ ရပ်သွားစေခြင်းတို့ သည် ယုံကြည်ခြင်း၏ ရလဒ်များဖြစ်သည်။

အောင်မြင်သောအသက်တာအတွက်
၁။ သမ္ဘာကျမ်းကို နေ့ ညမပျက် ဆင်ခြင်အောက်မေ့ရမည် ပါပြီးသားပင်ဖြစ်သည်။
၂။ ယောရှုလို အားယူ၍ ရဲရင့်ခြင်းရှိရမည်။ မစိုးရိမ်နှင့် မကြောက်လန့် နှင့်၊ စိတ်မပျက်နှင့် ဟု ၄ ခါပြောရမည်။
၃။ ထိုအခါ သင်သွားလေရာတွင် ထာဝရဘုရားအတူရှိမည်ဖြစ်သည်။
တိုင်းရင်းသူ၊ တိုင်းရင်းသားများ သွားလေရာတွင် ဘုရားသခင်ကျေးဇူးတော်ကို ချီမွမ်းရမည်ဖြစ်သည်။ ၀မ်းနည်း ကျေကွဲနေသော်လည်း သီချင်းအတူ လိုက်ဆိုလိုက်ပါ။ ပွင့်သွားမည်ဖြစ်သည်။ မိမိဘယ်နေရာမှာရောက်နေသလဲ။ ကောင်းကြီးမင်္ဂလာများ ခံစားရသည့်ကျေးဇူးမျးကို ကျေးဇူးတော်ချီမွမ်းပါ၊ ဆပ်ကပ်ပါ၊ ရှေ့ ရှောက်ရမည့် ခရီးလမ်းများတွင်လည်း အလုပ်လုပ်ကိုင်ရင်း ရှေ့ လာမည့်  အခက်အခဲများကို ကျော်လွားရန် တိုက်တွန်းဝေငှလိုက်ပါသည်။

ဆုတောင်းကြပါစို့ ။
အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ၊
Rev. Dr ဦးကျော်ဝင်း (ဘန်ကောက်မြို့  MCA အသင်းတော် ၁၅-သြဂုတ်-၂၀၀၄)




အောင်မြင်သောခရစ်ယာန်အသက်တာ ဗွီစီဒီ၊ ဒီဗွီဒီများ ရယူလိုသူများ ဆက်သွယ်ရန်

မြန်မာနိုင်ငံ။ ဒေါ်နန်းသီတာအောင်၊ အမှတ် ၉၄ ဒုတိယအထပ်၊ ၅၁လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း ၀၉-၈၀၃၁၅၄၃၊ ၀၁-၂၉၆၄၈၈
ထိုင်းနိုင်ငံ။ ဆရာစိုင်းအေး #196 Ekamai Soi 16, Sukhumvit 63, Bangkok Thailand
Rev. SaiAye (+66870805255) sai373@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it
မလေးရှာနိုင်ငံ။ KL Myanmar Christian Fellowship
စင်ကာပူနိုင်ငံ။ ဦးသိန်းကျော် ၈၅၀၁၅၀၀၃၊ ဆရာစံဝင်းချို ၉၂၃၁၈၀၄၃၊ ဆရာအောင်နိုင် ၈၃၈၃၂၇၉၅
ကိုဂျိုးဇက်ဇေယျာမင်း ၉၇၃၆၁၀၂၄၊ ဦးဇော်အောင် ၉၃၃၆၀၆၆၂


ဆရာဦးကျော်ဝင်း DVD - သမ္မာကျမ်းနှင့်စီးပွားရေးပညာ (၂၀၀၉ - ဒီဇင်ဘာ၊ ရန်ကုန်)


ဆရာဦးကျော်ဝင်း ကိုယ်ရေးရာဇ၀င်(အကျဉ်း)
၁၉၄၉တွင် ရှမ်းပြည်နယ်၊ကွတ်ခိုင်အနီးရှိ၊ ၀ါးတောရွာတွင် မွေးဖွားခဲ့သည်။ ရွာမှာ အိမ်ခြေ ၆အိမ်မျှရှိပြီး မောင်နှမ ၈ယောက်တွင် နံပါတ်(၃)ဖြစ်သည်။ ဖခင်၊မိခင်တို့က လယ်လုပ်ကိုင်ကြွေးမွေးခဲ့သည်။ ထို့နောက် ဖခင်ကြီးသည် ကွတ်ခိုင်မြို့ပေါ်ရောက်လာပြီး နယ်လှည့် ဧ၀ံဂေလိ၊ အကော်ဒီယံတီး တရားဟောဆရာတဦးအားဖြင့် ခရစ်တော်ကို လက်ခံခဲ့သည်။ ထို့နောက် ဖခင်ကြီးသည် ယုံကြည်ချက်ဖြင့် ဆုတောင်း၊ ဆပ်ကပ်ရာမှာ အသေးငယ်ဆုံးသောအမှုတွင်ပင် သစ္စာရှိစွာလုပ်ကိုင်ရင်း ယက္ကန်းလုပ်ငန်းရှင်ဘ၀သို့ တဖြေးဖြေးရောက်ရှိလာပြီး၊ သားသမီးများကို ပညာသင်ပေးနိုင်ခဲ့သည်။
ဆရာဦးကျော်ဝင်း အတန်းပညာပြီးဆုံးပြီး မိမိကိုယ်အားကိုးလုပ်ဆောင်ရင်း၊ စီးပွားရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါသည်။ သို့သော် ခရစ်တော်ကို အားကိုး၍ မလုပ်ဆောင်ခဲ့ခြင်းကြောင့်၊ ဆုံးရှုံးမှုရင်ဆိုင်ခဲ့ရသည်။ ထိုအခါမှ ဘုရားသခင်မပါသော စီးပွားရေးမှာ တခဏတွင်း ဆုံးရှုံးနိုင်သည်ကို သိရပြီး၊ အိမ်၊ကား၊ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချကာ ကျောပိုးအိတ် တစ်လုံးထမ်းပြီး၊ မြန်မာပြည်တစ်ဝှမ်း၊ မြို့ရွာ၊ တောကြိုတောင်ကြားမကျန် ၁၀နှစ်ကျော် သွားခဲ့ပြီး၊ ခရစ်တော်အကြောင်း သက်သေခံ၊ ဝေငှပြောကြားခဲ့သည်။
ဘုရားသခင်ထံမှ အဖြေတခုရသည်မှာ မိမိတစ်ဦးတည်း၊ ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်ဟောကြားသည်ထက်၊ မြန်မာပြည် သန်း၅၀လူဦးရေအတွက် အမှုဆောင်ပေါင်း ထောင်ကျော်စေလွှတ်ပေးလိုသော ၀ိညာဉ်တော် နှိုးဆော်လာပြီး၊ အထူးဆုတောင်းဆပ်ကပ်ပါသည်။ ထိုအမှုအတွက် ငွေရရှိရေး လိုအပ်သဖြင့် ဒုးထောက်၊ဆပ်ကပ်ရင်း စီးပွားရေးလုပ်ငန်းများကို မြန်မာပြည်သစ်မြစ်၊သစ်ဖုများ၊ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်းဖြင့် စတင်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံခြားမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ကိုင်ရင်ုး ၁၉၉၀နောက်ပိုင်းတွင် အေတီအမ်၊ နိုင်ငံခြားငွေ ကိုင်တွယ်သော ဘဏ်လုပ်ငန်းတခုနှင့် ရန်ကုန်လေကြောင်းပိုင်ရှင်ဘ၀သို့ တက်လှမ်းခဲ့သည်။ ၁၉၉၇ နောက်ပိုင်းတွင် လုပ်ငန်းများရပ်တံ့ခဲ့သော်လည်း မိမိလုပ်ငန်းများကို ၀ယ်မည့်သူပေါ်လာပြီး၊ ရင်းနှီးငွေများပြန်လည်ရရှိခဲ့သည်။ ထို့နောက် သြစကြေးလျှားနိုင်ငံ၊ တိုင်ဝမ်း၊ ထိုင်း၊ စင်ကာပူ ..စသည့်နိုင်ငံစုံတွင် စီးပွားရေးဆက်လက်လုပ်ကိုင်ရင်း၊ ကျမ်းစာကျောင်းများတည်ထောင်ခဲ့သည်။

စီးပွားရေးတဖက်ဖြင့် ကျမ်းစာကျောင်းများဆက်လက်တက်ရင်း ဖိလိပိုင်နိုင်ငံ၊ ဓမ္မတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ Ph.D ရရှိပြီး၊ သြစကြေးလျှားနိုင်ငံ International Christian Church ICC အသင်းတော်မှတဆင့် တရုပ်ပြည်၊ တိုင်ဝမ်၊ မြန်မာပြည်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် နိုင်ငံတကာမှ မြန်မာများအတွက် အခြေခံဓမ္မသင်တန်းများပို့ချသည်။ ဟောကြားလျှက်ရှိသည်။

၂၀၁၁ နောက်ပိုင်းတွင် တိုင်ဝမ်တွင် အခြေစိုက်လျှက် စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ရင်း၊ အမှုတော်ဆောင်လျှက်ရှိသည်။ ဘ၀ရည်မှန်းချက်မှာ ဘုရားအမှုတော်ကို ရာနှုန်းပြည်ဆောင်ရွက်ရန်ဖြစ်သည်။




တရားဒေသနာ အချို့

ဆရာဦးကျော်ဝင်း 6-Jul-2008, Singapore
ဆရာဦးကျော်ဝင်း


ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး ၁၅-သြဂုတ်-၂၀၀၄ ယောရှုမှတ်စာ (၅း၁၄)
ဆရာဦးကျော်ဝင်း


ဆရာဦးကျော်ဝင်း


U Kyaw Win's Testimony 1998 (0.4MB Pdf file)

မုရန် ပြန်လည်တင်ပြသည်။
ဆရာဦးကျော်ဝင်း၏ ယုဒသန်အသင်းတော်ဒေသနာဗွီဒီယိုကို ကြည့်ရှုနားဆင်နိုင်ပါသည်။


Video Sermons by MCA Bangkok
http://www.youtube.com/watch?v=2aev-car2sg

 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။