16 November 2012 |By The Public Image
မြန်မာနိုင်ငံမှာ ရာသီဥတုကြောင့် သော်လည်းကောင်း ဒါမှမဟုတ် ငှက် မုဆိုးများရဲ့ ဖမ်းဆီး ခြင်းကြောင့် သော် လည်းကောင်း အကြောင်း အမျိုးမျိုး ကြောင့် အဖိုးတန်ငှက်မျိုးတွေ မျိုးသုဉ်း ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင် တွေ့ကြုံနေကြရပါတယ်။
မျိုးသုဉ်းမယ့် အန္တရယ်ကို စိုးရိမ် နေရတဲ့ ရှားပါးငှက်မျိုး စာရင်းဝင်ငဟစ်ရင်ဖြူငှက်တစ်မျိုးဟာ မြန်မာ ပြည်အထက်ပိုင်း ဧရာဝတီမြစ်အတွင်း မှာ နေထိုင်ကျက်စားနေတယ်လို့ သိရှိရပါတယ်။ ငှက်လေ့လာတဲ့ ပညာရှင်အဖွဲ့က ဒီငှက်အမျိုးအစားကို ၂၀ဝ၂-၂၀ဝ၃ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ကြတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီငှက် အမျိုးအစားဟာ အရွယ်ရောက်ရှိလာ တဲ့ ကောင်ရေ ၅၀ ကနေ ၂၄၉ကောင် အထိ ဟိမဝန္တာအရှေ့ဖျားဒေသ၊ ဘူတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ မြန်မာ၊ တိဗက်၊ တရုတ်နိုင်ငံတို့မှာကျက်စား နေတတ်ကြတယ်။ နီပေါ နိုင်ငံမှာဆိုရင် အဲ့ဒီငှက်မျိုးဟာ မျိုး သုဉ်းပျောက်ကွယ်သွားပြီလို့ သိရပါ တယ်။ ငဟစ်ရင်ဖြူငှက်တို့ရဲ့ အရောင် အသွေးကိုပြောရရင် အထီးနဲ့အမ အသွေးအရောင်တူပါတယ်။
နောက် အရွယ်အစားလည်းကြီးမားပါတယ်၊ သူတို့လည်တိုင်တွေဟာ ရှည်လျားလွန်း ပြီး ကိုယ်ထည်မှာ မီးခိုးရောင် ရင့်ရင့်ဖြစ်ပါတယ်၊ လည်မြိုပိုင်း၊ ဝမ်းဗိုက်ပိုင်း နှင့် အမြီးအောက်ပိုင်း တွေမှာတော့ အဖြူရောင်ဖြစ်ပြီး ထင်ရှားပေါ်လွင်ပါ တယ်။ ဒီငှက်ရဲ့ နှုတ်သီးက များသော အားဖြင့် မည်းနက်ပြီး၊ နှုတ်သီးအရင်း ပိုင်းကတော့ စိမ်းဝါရောင် ဖြစ်ပါတယ်။
ဒီငှက်တွေကို မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း ဒေသတွေမှာ ရှားပါးစွာ တွေ့နေရဆဲ ဖြစ်ပါတယ်၊ သူတို့ကို မြစ်ကမ်းဘေး တွေမှာ တွေ့လေ့တွေ့ထ ရှိတတ် သလို တစ်ကောင်တည်း သွားလာကျက်စား နေထိုင်လေ့ရှိတတ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။