ဆီးချို သွေးချို ဖြစ်တယ် ဆိုရင် တင်းကျပ် လှသော စည်းမျဉ်း စည်းကမ်း တွေလိုက်နာ ရတော့မှာ။ အဲဒီလို လိုက်နာရမည့် စည်းကမ်း တွေလည်း အများကြီး ရှိတယ်ဆိုပြီး ပြောကြတာ လည်း မှန်ကန် တယ်လို့ မဆိုနိုင်
ပါဘူး။ ကိုယ့်မှာ ဆီးချို
သွေးချို ရှိပြီ ဆိုရင် တော့ မိမိ စားသောက် ရမည့် အစား အစာ များကို စီမံချက်
ချဖို့တော့ လိုပါသည်။ ဒါပေမယ့် အခြေခ စည်းကမ်း ကတော့ ရိုးရိုးလေး ပါပဲ။
ဒီနေရာမှာ ဆီးချို အစားအစာ (Diabetics Diet) ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းနဲ့ ပတ်သက် လို့လည်း ရှင်းပြ ချင်ပါ သည်။ တကယ် တော့ ဆီးချို သွေးချို သမား များစား ရမယ့် အစား အစာ စာရင်း ရယ်လို့ သီးသန့် သတ် မှတ်ထားတာ မျိုး မရှိပါဘူး။ ဆိုလိုရင်းက ဆီးချို သွေးချို သမားများ စားတဲ့ အစား အစာဟာ အဲဒီလူရဲ့ နေ့စဉ် လှုပ်ရှားမှု များနဲ့ လိုက်လျော ညီထွေဖြစ် အောင် ရွေးချယ် စားသောက်ခြင်း သာဖြစ်ပြီး သွေးတွင်း သကြားဓာတ် ပမာဏ (Blood Sugar) ကိုလည်း အတတ် နိုင်ဆုံး ပုံမှန်ရှိရမည့် ပမာဏနှင့် အနီး စပ်ဆုံး တူညီစေရန် သောက်နေ ရသော ဆီးချိုသွေးချိုထိန်းဆေး များနှင့်အတူ လိုက်လျော ညီထွေရှိရန် ဖြစ်ပါသည်။ ဆီးချို သွေးချို လူနာတစ်ဦး အနေဖြင့် မိမိယခု စားသုံး နေသော အစားအစာ များကို ပြောင်းလဲရန် လိုအပ်ပါ သလားဟု မေးခဲ့လျှင် လိုအပ်နိုင် ပါသည်။ သို့သော် လူအများ ထင်ထား ကြသလို အများကြီး ပြောင်း လဲရန် လည်း မလိုပါ။ ဥပမာ သကြား အချိုလွန်ကဲ စွာ ပါဝင်သော စားစရာများကို ရှောင်ကြဉ်ပြီး အသင့်အတင့် ချိုသော စားစရာ များကို အသင့်အတင့် စားနိုင် ပါသည်။

စားစရာ တစ်ခုကို လုံးဝ မစားရတော့ ဟူ၍ မရှိပါ။ ကစီဓာတ် ပါဝင်သော စားစရာ များသည် ဆီးချို သွေးချို လူနာများ အတွက် အန္တရာယ် ဖြစ်စေသည် ဟူ၍ တစ်ထစ်ချ မှတ်ယူ ထားခြင်းသည် လည်း မမှန်ပါ။ ကစီဓာတ် များက ကျန်းမာ ရေးနှင့် ညီညွတ် သော ဆီးချို သွေးချို အစားအစာ အတွက် အခြေခံ အဖြစ် ပါဝင်နေသော စားစရာများ ဖြစ်ပါသည်။ ကစီ ဓာတ်များက သွေးတွင်း သကြားဓာတ် ပမာဏအပေါ် ကြီးမား သော အကျိုး သက်ရောက်မှုရှိသည့် အတွက် ကစီဓာတ်ကို ဘယ်လောက် များများ စားရမလဲ ဆိုသည့် အချက် ကသာ အရေးကြီး ပါသည်။ ကစီဓာတ်ပါသော စားစရာ များ၊ ဥပမာ ဆန်၊ ဂျုံစသည်တို့ထဲ တွင် များစွာသော မရှိမဖြစ် အာဟာ ရဓာတ်များဖြစ်သည့် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမျှင် ဓာတ်များပါဝင် နေပါသည်။ ထို့ကြောင့်မည်သည့် ကစီ ဓာတ်ပါသော စားစရာရွေးချယ် သင့်သလဲဆိုရင် အာဟာရဓာတ် အများဆုံး ပါသော ကစီဓာတ် ဖြစ်သည့် ဂျုံကြမ်းဖြင့် ပြုလုပ် ထားသော ပေါင်မုန့် Whole Grain Breads ၊ အမျှင်ဓာတ် များများပါသည့် သစ်သီး ဝလံများနှင့် ဟင်းသီး ဟင်းရွက်များ ဖြစ်ပါသည်။ သူတို့နိုင်ငံတွေ မှာတော့ အာဟာရ ကျွမ်းကျင်သူ Dietitan နှင့် ဆွေးနွေး နိုင်ပါသည်။
ယေဘုယျအား ဖြင့် မချိုလွန်းသော သစ်သီးများ၊ ဘူးသီး၊ ခရမ်းသီး၊ ပဲရွက်၊ ကန်စွန်း ရွက်၊ ဘူးရွက် စသည့် ဟင်းသီးဟင်းရွက် များ ဖြစ်ပါသည်။ နောက် အမှား တစ်ခုမှာ ဆီးချို သွေးချိုသမား တစ်ယောက်အနေဖြင့် မိမိ စားမိသော အစားအစာများကို လိုက်၍ ဆီးချိုသွေးချို ထိန်းဆေးများ၏ ပမာဏကို ညှိ၍ Adjust အပြောင်း အလဲ လုပ်နိုင်သည် ဆိုသော အချက် မှာလည်း မှားယွင်းသော အယူအဆ တစ်ခုဖြစ်ပါသည်။
အကယ်၍ အင်ဆူလင် သုံးစွဲနေ ရသူဖြစ်ပါက မိမိစားလိုသည့် အစား
အစာ အမျိုးအစားနှင့် ပမာဏကို မိမိထိုးမည့် အင်ဆူလင် အမျိုးအစား နှင့် ပမာဏတို့
ကိုက်ညီမှုရှိရန် လေ့ လာ သင်ယူနိုင် ပါသည်။ သို့သော် ထိုကဲ့သို့ ဆိုလိုက်ခြင်း
အားဖြင့် မိမိ စားချင် သလောက် စားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ထို့ပြင်
သွေးတွင်း သကြားဓာတ် ပမာဏတည်ငြိမ်ရန် ဆီးချိုသွေးချို ထိန်းဆေးတွေပိုပြီး
သောက်လိုက်မယ် ဟူ၍လည်း မှတ် ယူရန် မဟုတ်ပါ။ ဆရာဝန်၏ ညွှန်ကြားချက် မရှိဘဲ ဆီးချို
သွေးချို ထိန်းဆေး များ၏ ပမာဏကို မိမိစားသော ကစီဓာတ် ပမာဏနှင့် မိမိဘာသာ ညှိယူရန်
မကြိုးစားပါနှင့်။ အများစုသော ဆီးချို သွေးချို ထိန်းဆေး များသည် မိမိအား ကုသ နေသော
ဆရာဝန်၏ ညွှန်ကြား ချက်အောက် တွင် အမြဲတမ်း ရှိနေမှသာ အကောင်းဆုံး သော အကျိုး
အာနိသင် ရရှိနိုင်မှာ ဖြစ်ပါသည်။
ဆီးချို သွေးချို ဖြစ်လျှင် မိမိကြိုက် နှစ်သက် သော အစားအစာ များကို တစ်သက်လုံး စွန့်လွှတ် လိုက်ရန် လိုအပ်သည် ဟူသော အချက်မှာ လည်း အယူအဆ အမှား တစ်ခုဖြစ်ပါ သည်။ ဆီးချို သွေးချိုရောဂါ ဖြစ်တယ် ဆိုတာနဲ့ မိမိကြိုက် နှစ်သက် သော စားစရာ များကို တစ်သက်လုံး စွန့် ပစ်ရန် အ ကြောင်းပြချက် မရှိပါ။ သို့ သော် ဘာတွေ လုပ်ရမလဲဆို လျှင်-

(က) မိမိ ကြိုက်နှစ်သက် သည့် အစား အစာများအား ပြင်ဆင်ပုံနည်း လမ်း ပြောင်း လဲရန် လိုအပ်နိုင်ပါသည်။
(ခ) သင်ကြိုက် နှစ်သက် သည့် အစားအစာ နှင့်အတူ သင်စားလေ့ရှိ သော စားစရာများ ကို ပြောင်းလဲရန် လိုအပ်ပါသည်။
(ဂ) သင်ကြိုက် နှစ်သက်သော စားစရာများ ၏ တစ်ခါစား ပမာဏကို လျှော့ချရန် လိုအပ်ပါသည်။ ယခင် တုန်းကလို ကိုယ်ကြိုက်တဲ့ စားစရာ ဆိုလျှင် တဝကြီး စားပစ် လိုက်မယ်၊ အပြတ် တီးလိုက်မယ် ဟူသော စိတ် ထားမျိုးမထားရပါ။
(ဃ) သင်၏ စားသောက်မှု ပုံစံကို လိုက်နာရန် အတွက် မိမိအကြိုက်ဆုံး စားစရာ များကို ဆုလာဘ် အဖြစ် ထည့်သွင်း အသုံးချပါ။
ဆိုလိုတာ ကတော့ ဥပမာ ချောကလက် ကြိုက် တယ်ဆိုရင် ကိုယ်စားမယ့် တစ်နေ့ တာ အစားအစာ စာရင်းထဲမှာ သင့် လျော်တဲ့ ပမာဏရှိတဲ့ ချောကလက် ကို ထည့်သွင်း ရေးဆွဲထားခြင်း အားဖြင့် မိမိ ကိုယ် ကိုမိမိ ဆုချ လိုက်ခြင်း ဖြစ်ပါ သည်။
ဒေါက်တာ အယ်ဒီတာ
အေးချမ်းမွန်မှ HEALTH DIGEST တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :HEALTH DIGEST
http://www.lubo601.com/2012/11/blog-post_6796.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။