Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 17, 2012

အင်္ဂလိပ်စကားဘယ်လိုပြောမလဲ ?

  • Posted by AungKoU (UMK) on November 17, 2012 at 11:56 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

  • Send Message View Discussions

  • အင်္ဂလိပ်စကားဘယ်လိုပြောမလဲ ?
    ( How to speak English ?)
    စကားပြောခြင်းသည် လူမှုဆက်ဆံရေးတွင် အလွန်အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ လူသားတိုင်းနေ့စဉ်နှင့်အမျှ အကြောင်းအရာများစွာကိုစကားဖြင့်ပြောဆိုဆက်ဆံနေကြရသည်။ စကားကိုစနစ်တကျ ပြောတတ်ခြင်းသည်လည်းအရည်အချင်းတစ်ခုဖြစ်သည်။ မိခင်ဘာသာစကားကိုပင် စကားပြောတတ်သူတိုင်းမိန့်ခွန်းများ၊ ဟောပြောချက်များစသည်ဖြင့် အခြေအနေအမျိုးမျိုးကို စနစ်တကျပြောဆိုတတ်ရန် မလွယ်ဘဲစနစ်တကျလေ့ကျင့်ရန် လိုအပ်သည်။ နိုင်ငံခြားဘာသာစကားဖြစ်သောအင်္ဂလိပ်ဘာသာစကားအတွက်မူပိုမိုလေ့ကျင့်ရန်လိုအပ်သည်။ ပထမဆုံးအရေးကြီးသည်မှာယခင်ပြောခဲ့သည့်အတိုင်းအသံ၏သဘောတရားကိုမှန်မှန်ကန်ကန် စနစ်တကျလေ့ကျင့်ရမည်။

    စကားပြောခြင်းဆိုသည် ပန်ကုံးတစ်ကုံးသီကုံးသည်နှင့် အလားသဏ္ဍာန်တူပါသည်။ ပန်းကုံးတစ်ကုံးသီကုံးရာတွင် ပန်းကုံးတွင်ပါဝင်သောအရာများကိုစနစ်တကျမသုံးသပ်မိကြသကဲ့သို့ စကားတွင်ပါဝင်သောအကြောင်းအရာများကိုခွဲခြမ်းစိတ်ဖြာလေ့လာရန်မေ့လျော့ နေတတ်ကြသည်။ ဆဲလ်များဖြင့်ဖွဲ့စည်းထားသောပွင့်ချပ်များပါဝင်သည့် ပန်းပွင့်များကိုအပ်ချည်ကြိုးဖြင့်သီးကုံးလိုက်သောအခါ ပန်းကုံးတစ်ကုံးဖြစ်လာသည်။ ထို့အတူစကားပြောခြင်းသည် အသံဖြင့် ဖွဲ့စည်းထားသောစကားလုံးများကိုဝါကျများအဖြစ် တည်ဆောက်ကာ ၎င်းဝါကျများကိုပြောလိုသောအကြောင်းအရာသက်ရောက်အောင် စုစည်းလိုက်ခြင်းဖြင့် စကားဖြစ်လာသည်။
    ပန်းကုံး = စကား
    ပန်းပွင့် = ဝါကျ
    ပွင့်ချပ် = စကားလုံး
    ဆဲလ် = အသံ
    အပ်ချည်ကြိုး = ပြောလိုသောအကြောင်းအရာ
    ဖော်ပြပါဆက်စပ်မှု ပုံစံသည် ဘာသာစကားလေ့လာသူတိုင်းအတွက် စနစ်တကျလေ့လာသင်ယူရန် အထောက်အကူ ပြုနိုင်ပါသည်။ စကားပြောဆိုရာတွင် အရေးကြီးသည့် အခြေခံအကြောင်း (၂) ချက်မှာရှင်းလင်းပြတ်သားရန် နှင့် ချောမွေ့ပြေပြစ်ရန် ဖြစ်သည်။ ပြောစကားတွင် ရှင်းလင်းပြတ်သားမှုသည် အရေးကြီးသောအကြောင်းတစ်ချက် ဖြစ်သောကြောင့် အသံကိုစနစ်တကျနားလည်လေ့ကျင့်ရန်လိုအပ်သည်၊ အသံ၏သဘောတရားများကိုသေသေချာချာနားလည်မှသာပြောစကားများကိုနားလည်နိုင်ပြီး ပြန်လည်အတုယူပြောဆိုနိုင်မည်ဖြစ်သည်။ သို့ပါ၍ ဦးစွာအသံ၏ သဘောတရားများကိုအသေးစိတ်ပြောလိုပါသည်။

    အသံ(Sound)
    အင်္ဂလိပ်ဘာသာစကားတွင် အသံထွက်(pronunciation) နှင့် စာလုံးပေါင်း(spelling) ထပ်တူမညီသည်မှာ (၇၀)ရာခိုင်နှုန်းကျော်ခန့်အထိရှိသည်။ စာလုံးပေါင်းပုံစံတူသော်လည်းအသံထွက်မတူသည်ကိုအများအပြားတွေ့ရမည်။ (e.g. put, but)စာလုံးပေါင်းပုံစံမတူဘဲအသံထွက်တူညီသည်ကိုလည်းတွေ့ရမည်။ (e.g. see, key, tea)အက္ခရာတစ်ခု(alphabet) သည် စကားလုံးတစ်ခု၏ စာလုံးပေါင်းတွင်ပါဝင်ပြီးအသံထွက်ရာတွင် မပါဝင်သည်ကိုလည်းတွေ့ရသည်။(e.g. psychology, listen) ထို့ကြောင့် အင်္ဂလိပ်စကားလုံးတစ်ခုကိုစာလုံးပေါင်းအတိုင်းအသံထွက်၍မရသောကြောင့် အသံများကိုသေသေချာချာလေ့လာရန်လိုသည်။ အင်္ဂလိပ်ဘာသာစကားတွင် အက္ခရာ(alphabet) ၂၆ လုံးသာရှိသော်လည်းဗျည်းသံ(consonant sound) ၂၄ သံ နှင့် သရသံ(vowel sound) ၂၀ စုစုပေါင်း ၄၄-သံရှိသည်။ အသံထွက်များကိုစာဖြင့်အတိအကျ ရေးသားဖော်ပြရန် မလွယ်ကူသဖြင့် အသံထွက်သင်္ကေတ (phonetic symbols) များနှင့် ဥပမာစကားလုံးများဖြင့်သာဖော်ပြပါမည်။
    ဗျည်းသံများ(consonant sounds)
    p pen, copy, tap
    b back, baby, job
    t tea, tight, knot
    d day, ladder, odd
    k key, school,clock
    g get, giggle, dog
    church, match, nature
    dʒ judge, age, soldier
    f fat, coffee, rough
    v view, heavy, move
    θ thing, author, path
    ð this, other

    s soon, cease, sister
    z zero, music, roses, buzz
    ʃ ship, sure, national
    ʒ pleasure, vision
    h hot, whole, ahead
    m more, hammer, sum
    n nice, know, funny, sun
    ŋ ring, anger, thanks, sung
    l light, valley, feel
    r right, wrong, sorry, arrange
    j yet, use, beauty, few
    w wet, one, when, queen

    သရသံများ (vowel sounds)
    ɪ kit, bid, minute
    e dress, bed, head
    æ trap, bad
    ɒ lot, odd, wash
    ʌ strut, mud, love, blood
    ʊ foot, good, put
    iː fleece, sea, machine
    eɪ face, day, break
    aɪ price, high, try
    ɔɪ choice, boy
    uː goose, two, blue, group

    əʊ goat, show, no
    aʊ mouth, now
    ɪə near, here, weary
    eə square. fair, various
    ɑː start, father
    ɔː thought, law, north, war
    ʊə poor, jury, cure
    ɜː nurse, stir, learn, refer
    ə about, common, standard
    i happy, radiate, glorious
    u thank you, influence, situation
    ဖိသံ(Stress)
    အသံ၏အစိတ်အပိုင်းများတွင်ဗျည်းသံ၊သရသံများသာမက stress သည်အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ရှင်းလင်းပြတ်သားသောစကားဖြစ်ရန်အတွက် ဖိသံ(stress)ကိုစနစ်တကျအသုံးပြုတတ်ရန်လည်းလိုအပ်သည်။ ဖိသံ(stress)ကိုနားလည်ရန် စကားလုံးတစ်လုံးတွင် ပါဝင်သောအသံ(ဝဏ္ဏ)များကိုသိရမည်။
    ဥပမာ syl-la-ble အသံ၃-သံ
    in-sti-tu-tion အသံ၎-သံ
    ၎င်းအသံ(ဝဏ္ဏ) များပေါ်တွင် ဖိသောအသံ(stress)ကို'အမှတ်အသားဖြင့် ဖော်ပြသည်။စကား၏ဝတ္တရား(part of speech) အပေါ်တွင်မူတည်၍ stress ပြောင်းသွားတတ်ပါသည်။ အသံ-၂သံ ရှိသောစကားလုံးတစ်လုံးတွင် နာမ်(noun)ကိုပထမအသံတွင် ဖိရပြီး ကြိယာ(verb) ကိုဒုတိယအသံတွင် ဖိရသည်။
    ဥပမာ noun verb
    'object ob'ject
    'convict con'vict
    'import im'port
    'record re'cord
    ချွင်းချက် ad'dress ad'dress
    'promise 'promise
    'comment 'comment
    ရှေ့ဆက်ပုဒ်(prefix) ပါဝင်သောအသံ(၂)သံရှိစကားလုံးများ
    ရှေ့ဆက်ပုဒ်များဖြစ်သော a-, be-,re- စသည်တို့ပါဝင်သောအသံ(၂)သံရှိစကားလုံးများတွင် စကားလုံး၏မူလအသံတွင်သာstressရှိသည်။
    e.g. a'loud a'rise a'loft
    br'fore be'come be'hind
    re'clim re'sent re'turn
    နောက်ဆက်ပုဒ်(suffix) ပါဝင်သောစကားလုံးများ
    ဖော်ပြပါနောက်ဆက်ပုဒ်များပါဝင်သည့်စကားလုံးများတွင်စကားလုံး၏နောက်ဆက်သံကို stress ဖြင့်ရွတ်ဆိုရသည်။
    e.g. (a) -eer engi'neer volunt'eer black marte'teer
    (b) -iee addre'see pay'ee emplo'yee
    (c) -ique uni'ique physi'que ob'lique
    (d) -ain ob'tain enter'tain ascer'tain
    (e) -esque pictu'resque gro'tesque bur'lesque
    (f) -esec co'alesce
    (g) -itis arthr'itis bron'chitis
    (h) -ete de'lete comp'lete
    (i) -aire question'naire million'naire
    (j) -ette cigare'tte cass'ette
    (k) -ade lemo'nade per'vade
    (l) -ever when'ever how'ever
    (m) -ese chi'nese bur'mese
    (n) -esent ado'lesent efferve'sent
    အသံအနိမ့်အမြင့် (Intonation)
    စကားပြောဆိုရာတွင် ပိုမိုရှင်းလင်းနားလည်နိုင်စေရန် intonation ကလည်းအရေးကြီးပါသည်။ စကား၏အဓိပ္ပာယ်၊ စကားပြောသူ၏သဘောထား၊ စကား၏ဆိုလိုရင်းစသည်တို့ကိုနားလည်နိုင်ရန်intonationကကူညီပေးနိုင်ပါသည်။ စကားပြောဆိုရာတွင် intonation ပြောင်းသွားပါကလည်းဆိုလိုရင်းရည်ရွယ်ချက်ပြောင်းသွားနိုင်သည်ကိုသတိပြုရမည်။အင်္ဂလိပ်စကားပြောဆိုရာတွင်နားလည်ထားရမည့်အခြေခံ intonation (၃)မျိုးကို"အင်္ဂလိပ်ဘာသာစကားကိုချဉ်းကပ်ခြင်း"ဆောင်းပါး (Education Digest Journal အတွဲ-၁၊ အမှတ်-၃၅၊၃၆)တွင်ဖော်ပြပြီးဖြစ်သည်။အသံထွက်သည် listening အတွက်ရော speaking အတွက်ပါ အလွန်ရေးကြီးပါသည်။ အသံထွက်ကိုသတိမထားပါကနားထောင်ရာတွင်လည်းကောင်း၊ ပြောဆိုရာတွင်လည်းကောင်းနားလည်မှုလွဲမှားနိုင်ပါသည်။ ဥပမာ- row နှင့် roll ကိုကြားသောအခါ သတိမထားပါကနားကြားလွဲကာအဓိပ္ပာယ်ပါလွဲမှားနိုင်သည်။
    အသံ၏သဘောတရားများကိုနားလည်လျှင် ၎င်းကိုအခြေခံကာအင်္ဂလိပ်စကားပြောကိုမည်သို့ လေ့ကျင့်ရမည်ကို ဆက်လက်ပြောလိုပါသည်။ပထမဆုံးသတိပြုရန်အချက်မှာမှန်ကန်သည်အထိထပ်ခါထပ်ခါ၊ အကြိမ်ကြိမ် လေ့ကျင့်ခြင်းသည် လေ့လာမှုအားလုံးအတွက် အမြန်ဆုံးသောနည်းလမ်း ဖြစ်သည်။
    - Television, Video, News, Tape, CD, DVD စသည်များကိုအသုံးပြုကာNative speaker များ၏အသံများကိုတတ်နိုင်သမျှနားထောင်ပါ၊ ၎င်းကိုအတုယူပြီးပြောဆိုခြင်းဖြင့် တိကျသော sound, stress, intonation များကိုရရှိနိုင်သည်။ အတုယူပြောဆိုရာတွင် Video Lesson များဖြစ်ပါက ၎င်းတို့၏ပါးစပ်လှုပ်ရှားမှုကိုသတိထားပြီးလေ့လာပါ၊ အသံထွက်ရာတွင် အထောက်အကူပြုနိုင်ပါသည်။
    - အင်္ဂလိပ်စကားပြောလေ့ကျင့်ရာတွင် တေးဂီတများသည်လည်းအလွန်ထိရောက်သည်၊ လူတိုင်းသည် ဂီတကိုနှစ်သက်ကြသောကြောင့်တေးသီချင်းများကိုလိုက်ဆိုခြင်းကစကားပြောရာတွင်ချောမွေ့စေနိုင်သည်။
    - တစ်နေ့လျှင် ၁၅-၂၀ မိနစ်ခန့် စာပိုဒ်များကိုအသံထွက်ဖတ်ပါ၊ စာဖတ်ရာတွင် အသံထွက်များကိုကြိုးစားပြီးမှန်မှန်ကန်ကန် ဖတ်ပါ၊ သုံးလခန့် ဆက်တိုက်ဖတ်လျှင် ပါးစပ်ကြွက်သားများသန်မာပြီးစကားပြောရာတွင်အထောက်အကူပြုနိုင်သည်ကိုသုတေသနများတွင် အတိအကျဖော်ပြထားသည်။
    - အကြောင်းအရာတစ်ခုကိုလေ့ကျင့်ရာတွင် မိမိ၏အသံကိုအသံဖမ်းပြီးပြန်လည်စစ်ဆေးပါ၊ မူရင်းအသံများနှင့်ပြန်လည်စစ်ဆေးကာအမှားများကိုသတိထားပြီးမှန်သည်အထိအကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ပါ။ ပထမဆုံးအသံထွက်မှန်ရန်သာ ကြိုးစားပါ၊ အသံမှန်သောအခါ stress, intonation များကိုဆက်လက်လေ့ကျင့်ပါ၊ လေ့ကျင့်ရာတွင်သတိပြုရမည်မှာ ကြားသည့်အတိုင်းဆိုပါ၊ ဤနေရာတွင် စာဖြင့်ဖော်ရသည်မှာအတန်ခက်ခဲပါသည်၊ ဥပမာအားဖြင့် ယနေ့ခောတ်ကလေးငယ်များသည် 'Justienber' စသည့် ရေပန်းစားသည့် အင်္ဂလိပ်သီချင်းများကို ကြားရများလာသောအခါ နားရည်ဝပြီးသီဆိုတတ်ကြသည်၊သီဆိုရာတွင် ပီပီသသမှန်မှန်ကန်ကန် သီဆိုနိုင်ကြသည်ကိုတွေ့ရသည်၊ ၎င်းကလေးငယ်များသည် ကြားသည့်အတိုင်းလိုက်ဆိုသောကြောင့် ဖြစ်သည်။ အရွယ်ရောက်ပြီးသူများကမူနားကကြားသော်လည်းမူလအသံကိုသတိမထားဘဲမိမိအသံထွက်တတ်သလိုဆိုတတ်ကြသည်၊ ထိုအချက်ကိုသတိထားဆင်ခြင်ကြရမည်။
    - အင်္ဂလိပ်ဘာသာစကားသင်ကြားသောစာသင်ခန်းအပြင် ပတ်ဝန်းကျင်တွင်လည်းတတ်နိုင်သမျှ အင်္ဂလိပ်လိုသာပြောဆိုပါ၊ မိမိလေ့ကျင့်မှတ်သားထားသောစကားလုံး၊ ဝါကျများကိုအင်္ဂလိပ်စကားပြောသည့်အချိန်တိုင်းတွင် ထည့်ပြီးပြောပါ။
    - ရိုးရိုးစကားပြောပုံစံများလေ့ကျင့်ပြီးသောအခါ မိန့်ခွန်းများ၊ သတင်းများအစရှိသည်ဖြင့် လိုအပ်သည်များကိုအထက်ပါနည်းများအတိုင်းဆက်လက်လေ့ကျင့်ပါ၊ စကားပြောဆိုရသည့် အခြေအနေပြောင်းသည်နှင့်အမျှ ပြောရသည့်ပုံစံများပြောင်းလဲသွားသည်ကိုတွေ့ရလိမ့်မည်။ ဆိုလိုသည်မှာဈေးဝယ်ရာတွင် ပြောသည့်စကားပြော နှင့် ရုံးဋ္ဌာနများတွင် ပြောသည့်စကားပြောပုံစံများတူမည်မဟုတ်ပါ။ (စကားလုံးအသုံးအနှုန်း၊ လေယူလေသိမ်း၊ အထူးသဖြင့် ပြောဟန်ဆိုဟန်များမတူညီသည်ကိုဆိုလိုသည်)
    အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများကိုအခြေခံကာနေ့စဉ်မှန်မှန် လေ့ကျင့်လျှင် အင်္ဂလိပ်ဘာသာစကားကိုအတိုင်းအတာတစ်ခုအထိမှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်းချောချောမွေ့မွေ့ပြောဆိုနိုင်ပါလိမ့်မည်။ "The fastest way to learn anything is to do again and again until to get it right."ဟူသောစကားအတိုင်းလိုချင်သည့် ပန်းတိုင်ကိုရောက်သည်အထိစိတ်ရှည်ရှည်ဖြင့်အကြိမ်ကြိမ်လေ့ကျင့်ကာလမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းနိုင်ကြပါစေကြောင်းရေးသားလိုက်ပါသည်။
    Ref: SPOKEN – CONVERSATIONAL ENGLISH; A Resource Book for Teachers of English
    Education Digest Journal Vol-1, No-41, 42
    အောင်ကိုဦး (UMK)


    အောင်ကိုကိုဦး
    Assistant English Language Teacher
    U MYA KYAING ENGLISH LANGUAGE SCHOOL for life
    Phone: 95+ 9 - 421752568
    Attachments:


    Read more: အင်္ဂလိပ်စကားဘယ်လိုပြောမလဲ ? - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A753179&xgs=1&xg_source=msg_share_topic#ixzz2CU9JHp7S


    http://www.lubo601.com/2012/11/blog-post_4394.html#more

    No comments:

    Post a Comment

    မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
    ဗဟုသုတ ရနိုင်တယ်။