Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 17, 2012

ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး [ဒု/သိမ်း]

By Nyein Chan Aye on Friday, November 16, 2012 at 6:02am



“ကြိုးကြာသံ” ရဲ့ အောင်မြင်မှုနဲ့အတူ ဆက်တိုက် ထွက်ရှိလာခဲ့တဲ့ တေးစုကတော့ ခင်မောင်တိုးရဲ့ ကိုယ်ပိုင် သီချင်းဟောင်း၊ သီချင်းကောင်းအများစုကို “မဇ္ဇျိမလှိုင်း” ရဲ့ တီးဟန် အသစ် ၊ ဂီတစီစဉ်ဖန်တီးမှု အသစ်၊ ခင်မောင်တိုးရဲ့ ဆိုဟန် အသစ် နဲ့ New Version ထွက်လာခဲ့တဲ့ “မျက်သွယ် (၁၉၈၆)” ဖြစ်ပါတယ်။ တီးဟန်၊ ဆိုဟန် ကောင်းလွန်းတော့ ဒီအခွေကို ခင်မောင်တိုးရဲ့ အကောင်းဆုံးအခွေ ရယ်လို့တောင် လေ့လာသူ၊ ဝါသနာရှင်များအကြားသတ်မှတ်လေ့ရှိပါတယ်။
သီချင်းသစ်တပုဒ်ဖြစ်တဲ့ ကိုမောင်မောင်ရဲ့ “နှင်းဆီပန်သူ” မှာ ကိုမောင်မောင် ဖန်တီးစီစဉ်တဲ့ တေးသံစဉ် စာသား၊ ခင်မောင်တိုးရဲ့ ဆိုဟန် နဲ့ “မဇ္ဇျိမလှိုင်း” ရဲ့ တီးခတ်ဟန်ဟာ နောင် ဒီလိုဖန်တီးမှု၊ တီးဟန်၊ ဆိုဟန်မျိုး နောင်ဘယ်တော့မှ မရတော့ဘူးလို့တောင် လူတချို့ဆိုလေ့ရှိပါတယ်။ အဲ့တေးစုထဲက သူတို့ သူငယ်ချင်းတသိုက် ကျောင်းသားဘဝ ခရမ်းပြာညတွေမှာ အမြဲသီဆိုခဲ့ကြတဲ့ ကိုရဲလွင်ရဲ့ နာမည်ကျော် “သဇင်ည” နဲ့ တင်မောင်လှိုင် ရဲ “ညှို့သူ” သီချင်းနှစ်ပုဒ်ကို ခင်မောင်တိုး နဲ့ အဖွဲ့ အသစ်ပြန်လည် ခံစားဖန်တီး သီဆို မှုဟာ ကျနော့်အတွက် အမြဲ နားထောင် ခံစားလွမ်းမောရတဲ့ သီချင်းတွေ ဖြစ်ခဲ့ရပါတယ်။ အဲ့ထဲက ကိုမောင်မောင်ရဲ့ “စောင်းကြိုးရှိုက်သံ” အသစ်ဗားရှင်း ကလည်း အလားတူပါပဲ။

ဒီတေးစုတွေနောက် ထွက်လာခဲ့တဲ့ ရောင်စဉ်ခုနှစ်သွယ် (၁၉၈၈) တေးစုဟာလည်း ပိုမိုရင့်ကျက်လာတဲ့ ဆိုဟန်၊ တေးစာသာ၊ ဂီတ ဖန်တီးမှုတွေနဲ့ ထုံမွှမ်းလှပခမ်းနားနေပါတယ်။ အဲ့ထဲက ခင်မောင်တိုး ကိုယ်တိုင် ကိုမောင်မောင်နဲ့ ပူးတွဲ ရေးခဲ့တဲ့ “ကာရန်သီညီစေ့မယ်” အချစ်သီချင်းလှလှလေးဟာအမြဲ ခံစားနားထောင်ရတဲ့ သီချင်းလေးဖြစ်ခဲ့ပါတယ်။ ကိုမောင်မောင်ရဲ့ ကလပ်စီကယ် ဂစ်တာ အစွမ်း နဲ့ ခင်မောင်တိုး ရဲ့ တည်ငြိမ်တဲ့ ဆိုဟန် ပေါင်းစပ်ထားတဲ့ “နန်းချယ်ရီ” သီချင်းလေးဟာလည်း ဗမာ့ဂီတသမိုင်းမှာ မှတ်တိုင် တခုအဖြစ် ကျန်ရစ်နေပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ထွက်ရှိလာခဲ့တဲ့ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” တေးစုကတော့ ကိုရဲလွင် (သံစဉ်) ၊ ကိုအောင်ဝင်း (စာသား) တို့ရဲ့ နာမည်ကျော် “ဝေးခဲ့ပြီ ပန်းခရမ်းပြာ”၊ “မြက်ခင်းစိမ်းနဲ့ တဲငယ်လေး’ သီချင်းတွေနဲ့အတူ အောင်မြင်မှုတွေ ဆက်လက်တည်ဆောင်နိုင်ခဲ့ပါတယ်။ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” သီချင်း ကို ခင်မောင်တိုး ဆိုဟန် ကောင်းလွန်းပြီး လူကြိုက်များလွန်းတော့ ခုဆုံးသွားရှာပြီဖြစ်တဲ့ ကိုအောင်ဝင်း တယောက်လည်း “ပန်းခရမ်းပြာ ကိုအောင်ဝင်း” ရယ်လို့ ကိုရဲလွင် (မူလ ပန်းခရမ်းပြာ သီချင်းဖန်တီးသူ) နဲ့ အတူ “ပန်းခရမ်းပြာ” နာမည်တပ် လူအများရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပါတော့တယ်။ အဲ့တေးစုထဲက ခင်မောင်တိုး နဲ့ ကိုနေဝင်း ပူးတွဲရေး “အချစ်ရဲ့ ဘဝမှတ်တမ်း”၊ ကိုမောင်မောင် ရဲ့ “အေးအတူပူအမျှ”၊ ခင်မောင်ပါ ရေး “ပျိုးမေတ္တာမိုး”၊ နိုင်မင်းရေး “ဝေဒနာညနေခင်း” သီချင်းတွေဟာလည်း လူကြိုက်များ ကျော်ကြားခဲ့ပါတယ်။

ဗမာ့ ကိုယ်ပိုင်သံစဉ် ဂီတ လောက ရဲ့ ထိပ်ထိပ်ကြဲ ဘုရင် နှစ်ပါး ဖြစ်တဲ့ သူရယ်၊ စိုင်းထီးဆိုင် ရယ် ရဲ့ စုစည်း အားထုတ်တင်ဆက်ထားတဲ့ “လေးညှို့ရှင် (၁၉၉၁)” တေးစုဟာလည်း ထူးခြားလှပြီး “ခင်မောင်တိုး” ဆိုတဲ့ “ဂီတလေးညှို့ရှင်ကြီး” ကနေ ပစ်လွှတ်လိုက်တဲ့ ဂီတသံစဉ် တေးသီချင်းတွေဟာ အဲ့ခေတ် လူငယ်ထုရဲ့ ရင်ဘတ် နှလုံးသားထဲကို စူးစူးနစ်နစ် စိုက်ဝင်ခဲ့ရပါတယ်။

သီချင်းတွေကို စံချိန်မှီ၊ အရည်အချင်းပြည့်၊ ငွေနောက်မလိုက်၊ စီးပွားမဆန်၊ အနုပညာအရည်အသွး ဦးစားပေး စီစဉ်၊ ဖန်တီး လေ့ရှိတဲ့ ခင်မောင်တိုး ဟာ ၁၉၉၃ ခုနှစ်မှာတော့ ထူးထူးခြားခြား “ပန်တော်ဦး” နဲ့ “မြစ်တစ်စင်းဖြစ်တည်မှု” ဆိုပြီး တကိုယ်တော် တေးစု နှစ်ခု ဆက်တိုက် ထွက်ခဲ့ပါတယ်။ တေးစု နှစ်ခုစလုံး ဟာလည်း ထွက်တဲ့ အချိန်နီး၊ မြန်ပေမယ့် အချိန်ယူ ပြင်ဆင်ထားခဲ့တဲ့ သီချင်းကောင်းတွေနဲ့ စံချိန်မီဆိုတာ ထက် ပိုသာတဲ့ အရည်အသွေးကောင်း တေးစု နှစ်ခုဖြစ်ခဲ့ပါတယ်။

“ပန်တော်ဦး” ထဲမှာ ပန်းချီမောင်ဒီ ရဲ့ နာမည်ကြီး ကဗျာ “သိန်းငှက်ပျိုတို့ရဲ့သဘာဝ” ကို ကိုရဲလွင် ကဗျာစာသားတလုံး မတည်းဖြတ်ဘဲ နဲ့ (၃) နှစ်ကြာ သံစဉ်သွင်းဖန်တီးခဲ့တဲ့ သီချင်းကို ခင်မောင်တိုး ဆိုလိုက်တော့ ကျနော့် အတွက် အဲ့သီချင်းဟာ မော်ဒန် ပန်းချီကားတချပ်ဖြစ်ခဲ့ပါတယ်။ ကဗျာတပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ ဘဝ၊ ဒဿန၊ အတွေးအခေါ် တခုပေးတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ခဲ့ရပါတော့တယ်။ “ဒို့အဘိုးက ကွမ်းတရိုးဝါးရင်းနဲ့ ပြောပြခဲ့ဖူး…” တဲ့.. ဘဝ အကြောင်း၊ လောကအမြင်တွေ၊ ကျင့်ဝတ် နီတိ ပုံပြင်တွေ ကို ခင်မောင်တိုးက ဂီတတေးသွား အနေနဲ့ ဟစ်ကြွေး ဆုံးမသွားသလို ခံစားခဲ့ရပါတယ်။ ကျနော် တဦးတည်းသဘောနဲ့ ခင်မောင်တိုး ရဲ့ အကောင်းဆုံး သီချင်းကို ရွေးခွင့်ရရင် အဲ့သီချင်းကို ရွေးပါမယ်။ ဘဝမှာ အကြိမ်တထောင်မက နားထောင်ဖူးတဲ့ ရှားပါးသီချင်း စာရင်းဝင်လည်း ဖြစ်ပါတယ်။ ကျနော် အဲ့သီချင်း ရဲ့ သဘော၊ သဘာဝ၊ ဒဿန နဲ့ လောကအမြင်ကို စာတွေ စရေးတတ်တဲ့ အချိန်ကစလို့ ဆောင်းပါးရှည်ရေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။ ကျနော့်ရဲ့ ပုံဖော်ဖန်တီးမှုနိုင်မှု အနုပညာဝမ်းစာ က နည်းလွန်းတော့ “မြင်းထိန်း ငတာ” မဖြစ်ချင်လို့ အကြိမ်ကြိမ်လက်လျှော့ ခဲ့ရပါတယ်။
“ပန်တော်ဦး” ထဲမှာပဲ “ဘာလိုသေးလဲ” (ကိုရဲလွင် သံစဉ် ၊ မောင်သစ်မင်း ကဗျာ ၊ မူရင်း စိုးပိုင် ဆို) ကို ပြန်လည် ခံစား အသစ်ဖန်တီး သီဆိုထားတဲ့ အချစ်သီချင်း ရိုးရိုးလေး ဟာလည်း စိုးပိုင်ရဲ့ ဆိုဟန်နဲ့ အသားကျပြီးသား ဖြစ်နေတဲ့ နား နဲ့ ခံစားမှု နှလုံးကို ကျော်လွန် ဖြတ်သန်းနိုင်လောက်အောင် ခင်မောင်တိုးရဲ့ ဆိုဟန်က ကောင်းခဲ့ပါတယ်။

ဒီအခွေထဲက တခြားသီချင်းတွေရဲ့ ကောင်းမွန်မှုကို စာဖွဲ့ရရင်လည်း စာတပုဒ်စာမက ဖြစ်သွားပါမယ်။ ထူးခြားတာပဲ ဆိုရရင်တော့ ၁၉၉၃ မှာ ထွက်ခဲ့တဲ့ ဒီတေးစု နှစ်ခုလုံးမှာ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ တေးသံစဉ် စီစဉ်မှု၊ တီးခတ်မှု၊ ဆိုဟန်တွေဟာ ခေတ်နဲ့ ပို အံ့ဝင် ခွင်ကျ ဖြစ်လာတာကို ထည့်ပြောရပါမယ်။ အီလက်ထရောနစ် ဂစ်တာ အပြင်းစား အနောက်တိုင်း သံစဉ်တွေနဲ့ ပိုနားစွဲ နှစ်ခြိုက်နေပြီဖြစ်တဲ့ လူငယ်ထုကို ကိုယ်စားပြုနိုင်ဖို့ရာအတွက် ခံစားမှုတူ ပေးစွမ်းနိုင်တဲ့ ကိုယ်ပိုင်သံစဉ် ဂီတသစ်ဖန်တီးမှု ပုံစံကွဲတွေ ချပြထားတဲ့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ ကြိုးစားမှု၊ ပညာပြည့်ဝမှု နဲ့ စေတနာ ကို ဒီနှစ်ခွေလုံးမှာ သိသိသာသာ မြင်ခဲ့ရတဲ့ အတွက် ဖြစ်ပါတယ်။

ဥပမာ အနေနဲ့တော့ “မြစ်တစ်စင်းဖြစ်တည်မှု” မှာ ပါခဲ့တဲ့ အနုပညာရောင်းရင်း ညီငယ်တဦးဖြစ်တဲ့ ပန်းချီ ကိုမြိုး ရဲ့ ကဗျာစာသားကို အခြေခံပြီးကိုရဲလွင် နဲ့ ခင်မောင်တိုး ပူးတွဲ သံစဉ်ရှာ ဖန်တီးခဲ့တဲ့ “ခရမ်းပြာအိပ်မက်” ကို ပြရပါမယ်။ အပြင်းစား ဟယ်ဗီးမယ်တဲလ် သီချင်းတပုဒ်လို ခံစားမှု ပေးစွမ်းနိုင်ခဲ့ပြီး ခေတ်ဟန်အပြည့်ပါခဲ့ပါတယ်။

ပန်းချီ ကိုမြိုး ရဲ့ တခြား ကဗျာစာသားတခုကို ကိုရဲလွင် နဲ့ ခင်မောင်တိုးပဲ ပူးတွဲ သံစဉ်ရှာ အသက်သွင်းခဲ့တဲ့ “လွမ်းတမ်းတတယ်ခိုင်” သီချင်း၊ ကိုရဲလွင် သံစဉ်၊ ကိုအောင်ဝင်း စာသား ကို ခင်မောင်တိုး လှလှပပ သီဆိုခဲ့တဲ့ “ဆုံးဖြတ်တဲ့အတိုင်း” သီချင်းနဲ့ အခြား ဂီတညီငယ် “မဇ္ဇျိမလှိုင်း” ရဲ့ ဝိုင်းတော်သား သားထွေး ရေးတဲ့ “ရင်ခုန်စွာလိုက်ခဲ့” သီချင်းတွေဟာလည်း ဂန္တဝင်တွင်မယ့် အချစ်သီချင်းကောင်းလေးတွေအဖြစ် “မြစ်တစ်စင်းဖြစ်တည်မှု” တေးစုထဲမှာ ပါဝင်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာတော့ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ တကိုယ်တော် စင်တင်တေးဂီတပွဲကြီးကို ရန်ကုန်မှာ လုပ်ခဲ့ပြီး Live သီဆိုထားတဲ့ သီချင်းတွေကို အသံသွင်း၊ အခွေနှစ်ခွေတွဲ (ကက်ဆက်အခွေကာဗာအကြီး နဲ့ သီချင်းစာအုပ်အသေး ပါတွဲလျက်) ထူးထူးခြားခြားထွက်ခဲ့ပါတယ်။ Live ဆိုတာကို ရန်ကုန်မှာ ရှိမနေလို့ သွားမကြည့်ရတဲ့ သားဖြစ်သူကျနော်ကို အဖေက ကိုယ်တိုင် အခွေနှစ်ခွေတွဲ ဝယ်ပေးခဲ့တာလည်း အမြဲမှတ်မှတ်ရရ ရှိနေရပါတယ်။ ကိုမောင်မောင် ရဲ့ နာမည်ကျော် “ဝတ်မှုံ (မူရင်း မွန်းအောင်ဆို)” ကို ခင်မောင်တိုး ပြန်လည်ဆန်းသစ် Live ဆိုဟန် နားထောင်ပြီး “ဒီတပုဒ်နားထောင်လိုက်ရတာနဲ့ကို ဒီနှစ်ခွေတွဲက တန်တယ်” လို့ အဖေ့ကို ပြန်ပြောတော့ အဖေ ကျေနပ်သွားခဲ့တာလည်း သတိရမိပါတယ်။ အဲ့နောက်ပိုင်းဆက်တိုက် ထွက်ခဲ့တဲ့ “ရည်ရွယ်သူ” မှာ စိုင်းထီးဆိုင် ရဲ့ “လောင်စာအချစ်မီး” ကို ခင်မောင်တိုး ကိုယ်ပိုင်ဟန်နဲ့ အသစ်ခံစားဆိုတာကို နားထောင်ခဲ့ရတော့လည်း အလားတူ ခံစားမှုမျိုး ရရရှိခဲ့ပါတယ်။

(၉၅/၉၆) မှာပဲ တက္ကသိုလ်နောက်ခံ ကာဗာ နဲ့ ထွက်လာခဲ့တဲ့ “မှီတွယ်ရာ.. လွမ်း” တေးစုဟာလည်း တက္ကသိုလ် ဘဝ အပျော်၊အပါး၊အလွမ်း၊အမောတွေကို ကြိုတင်ရင်ခုန်တတ်နေပြီဖြစ်တဲ့ အရွယ်ဆိုတော့ အမှတ်ထင်ထင် ဖြစ်ခဲ့ပါတယ်။ ဆက်တိုက်လိုလိုပဲ ထွက်လာခဲ့တဲ့ “လှိုင်းထက်ကခြေရာ” မှာ စန္ဒာရား လှထွဋ် ရေး နာမည်ကြီး ရုပ်ရှင်နောက်ခံတေး “တပြည်သူမရွှေထား” ပါဝင်ခဲ့တာကိုလည်း အမှတ်ထားမိခဲ့ပါတယ်။

နှစ်ပိုင်းအနည်းငယ် ခြားပြီး ၁၉၉၉/၂၀၀၀ ပတ်ဝန်းကျင်မှာ ထွက်လာခဲ့တဲ့ “သီချင်းတပုဒ်” နဲ့ “တိတ်တခိုး” တေးစုတွေဟာလည်း ခင်မောင်တိုး ပရိသတ်တွေ စောင့်ရတာ တန်အောင် ကောင်းတဲ့ အခွေတွေဖြစ်ခဲ့ပါတယ်။ RIT ရောင်းရင်း မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ နာမည်ကြီး ကဗျာတွေကို ဂီတညီငယ် နိုင်မင်းက သံစဉ်သွင်းပေးခဲ့တဲ့ “တိတ်တခိုး” ဟာ ခင်မောင်တိုးရဲ့ အောင်မြင်မှု မကျသေးဘူး ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ခင်မောင်တိုးရဲ့ ပီသ၊ ရှင်းပြတ် တဲ့ အသံ၊ ညက်ညော်တဲ့ ဆိုဟန် နဲ့ “မဇ္ဇျိမလှိုင်း” ရဲ့ လှပတဲ့ တေးသံစဉ်တွေကြောင့် ကဗျာ က နေ သံစဉ်သီချင်းအဖြစ် အနုပညာပုံသဏ္ဍာန် ပြောင်းထားပေမယ့် အနုပညာရသ ပေးစွမ်းနိုင်မှုကတော့ မယုတ်လျော့ မပြောင်းလဲ့တဲ့အပြင် ပိုတောင် အသက်ဝင် ရသမြောက် လှပခဲ့ပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းတော့ ကျနော် စိတ်နှလုံး၊အာရုံဟာ သီချင်းသစ်၊ အထူးသဖြင့် ပေါ်ပင် ခေတ်စားလာတဲ့ ခေတ်ဂီတ ပုံစံ၊ ရပ်ဝန်း နဲ့ ခေတ်အဆိုတော်တွေအပေါ် ခံစား မမွေ့လျော်နိုင်တော့ဘဲ.. သီချင်းဟောင်း နဲ့ လူဟောင်းတွေနဲ့ပဲ ဂီတချင်ခြင်းပြေ ကျေနပ်လာသလို ခင်မောင်တိုးလည်း ဈေးကွက်အနေအထားကြောင့် သီချင်းအသစ်တွေ မတင်ဆက်နိုင်တော့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နီးစပ်တဲ့ အသိုင်းအဝိုင်းကတဆင့်၊ စာနယ်ဇင်း အင်တာဗျူးတွေကတဆင့် ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” သီချင်းအသစ်တွေ ဖန်တီးနေမြဲဆိုတာတော့ သိခွင့်ရခဲ့ပါတယ်။ ခုအချိန်မှာ ခင်မောင်တိုး သီချင်းအသစ် ထွက်လို့ရှိရင် ချက်ချင်း ဝယ်ယူနားထောင် နေဦးမှာ ဖြစ်ပေမယ့်လည်း သူပေးခဲ့တဲ့ သီချင်းတွေဟာ ကျနော့် ဘဝအတွက်၊ စိတ်နှလုံး အာဟာရ အတွက် လိုတာထက်တောင် ပိုနေပြီဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်များရဲ့ အစောပိုင်းကာလ များမှာ တိုင်းပြည်မှာ ကြီးစိုးခဲ့တဲ့ ဗုံမဟုတ်၊ ပတ်မဟုတ်ကောင်တွေရဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ် နဲ့ ဆံပင်ရှည်ထား အနုပညာ ဖြော်ဖြေမှုတွေ မလုပ်ရဘူးလို့ တားမြစ်ပြီး ပြဿနာ လူတန်းစာ၊ ပြဿနာခေတ်၊ ပြဿနာ လူငယ်တွေကို အမြဲကိုယ်စားပြုတဲ့ “ပြဿနာ အုပ်စု” အထိမ်းအမှတ်၊ အမှတ်အသား “ဆံပင်ရှည်ထားခြင်း” ကို ထိခိုက်လာတော့ “ငါသီချင်းဆို မစားဘူးကွ..” ဆိုပြီး မန္တလေး ပြန်သွားခဲ့တယ်လို့ ကြားဖူးထားခဲ့တဲ့ ဂီတ ဘဝသာမက လူမှု ပုဂ္ဂလိက ဘဝမှာလည်း အနေမှန်ခဲ့တဲ့ ခင်မောင်တိုးတယောက် ၂၀၀၀ ခုနှစ် အလယ်များမှာ မလုပ်ချင်တဲ့ အလုပ်တချို့၊ ကျနော် မမြင်ရက်၊ မမြင်ချင်၊ မခံစားနိုင်တဲ့ အလုပ်တချို့ စိတ်မပါဘဲ လုပ်ခဲ့ရတာကို တွေ့ရတော့လည်း ကြေကွဲဝမ်းနည်းမိခဲ့ပေမယ့် သူ့အပေါ် လေးစားမှုကတော့ မလျော့ခဲ့ပါဘူး..။ နောက်ပိုင်း သူ့သားအကြီး နဲ့ မိတ်ဆွေအရင်း ဖြစ်ရလို့ သူ ဒီလို ကိစ္စတွေကို အမျိုးမျိုး ငြင်းပယ်၊ ရှောင်ပုန်းခဲ့ပေမယ့် နောက်ဆုံး မတတ်သာ၊ အကြပ်ကိုင်လို့ လုပ်ခဲ့ရပုံတွေကို အဖြစ်မှန်သိခွင့်ရတော့လည်း သူ့အပေါ် ပိုလို့ စာနာနားလည်ဖြစ်ခဲ့ရပြီး ခေတ်ဆိုး၊ စနစ်ဆိုး နဲ့ လူဆိုးတွေကို ပြစ်ပြစ်နှစ်နှစ် ဆဲချင်စိတ်ဖြစ်ခဲ့ရပါတယ်။ သူ့ဘဝတလျှောက် ထွက်ခဲ့တဲ့ သီချင်းများစွာရဲ့ စာသားတွေဟာလည်း ပုံအမျိုးမျိုးဖျက်၊ မင်နီအမျိုးမျိုးကို ရှောင်ပြီးမှ ခံစားသူ ပရိတ်သတ်ရှေ့ ရောက်လာခဲ့တာ များပါတယ်။ သူတို့နဲ့ မထိုက်တန်တဲ့ စနစ်အဖွဲ့အစည်း၊ ဘက်မညီတဲ့ ကောင်းကင်၊ သမမမျှတတဲ့ ရာသီဥတုတွေကြား ကန္တာရခရီးကြမ်း နှစ်များကို ဂီတအပေါ် ချစ်မြတ်နိုးမှု၊ ရူးသွပ်မှုစိတ်နဲ့ သက်ဆုံးတိုင် မယိုင်မလဲလျှောက်ခဲ့ကြတဲ့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ ကျေးဇူးနဲ့ ပေးဆပ်မှု၊ သက်ရောက်မှုက ကျနော်တို့ လူ့အဖွဲ့အစည်းအပေါ် ကြီးမားလှပါတယ်။

ခုတော့ သူတယောက် အားလုံးကို နှုတ်ဆက်ပြီး အောင်မြင်မှုပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာနဲ့ ကျေးဇူးတရား တပွေ့တပိုက်ကြီးကို ထားခဲ့ပြီး လူလောကကို လှလှပပ၊ သိက္ခာ ရှိရှိ ကျောခိုင်း ထွက်ခွာသွားခဲ့ပြီ။

သူရဲ့ ကျန်ရစ်ခဲ့တဲ့ ဂီတ ရောင်းရင်း ညီအကို “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားတွေဖြစ်တဲ့ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇော်မျိုးထွဋ်၊ သားထွေး၊ တွတ်ကီ စတဲ့ ဂီတရဲဘော်တွေက သူ့အကြောင်းတွေပြော၊ အလွမ်းသီချင်းတွေ ရေး/တီး/ဆို ရင်းနဲ့ပဲ လူ့အဖွဲ့အစည်းသာယာလှပငြိမ်းချမ်းအောင် ဆက်လက်လုပ်ဆောင်သွားရတော့မှာပေါ့..။

သူတို့ “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားချင်း ဘယ်လောက် အနေနီး၊ စိတ်သဘောနီး၊ နှလုံးသွေးချင်းနီး၊ ရင်ဘတ်ချင်းနီးပြီး ချစ်ခင်ခဲ့ကြတာဆိုတာ သူတို့ ပူးပေါင်း ဖန်တီးခဲ့တဲ့ သီချင်းကောင်းတွေက သက်သေပါပဲ..။ ကိုမောင်မောင် မင်္ဂလာဆောင်တော့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ (ခင်ဝမ်း အပါအဝင်) က Live Show ကျင်းပပြီး မင်္ဂလာ လက်ဖွဲ့ပေးဖူးခဲ့တယ်။ ခင်မောင်တိုး မင်္ဂလာဆောင်တော့ ကိုရဲလွင် နဲ့ ကိုမောင်မောင် က “ဘ၀လမ်းအစခရီး” ဆိုတဲ့ သီချင်းလေးတပုဒ်ကို ခင်မောင်တိုးနဲ့ တွဲရေးပြီး လက်ဖွဲ့ပေးဖူးခဲ့တယ်။ အဲ့လို ဖြတ်သန်းခဲ့ကြတဲ့ ဘဝတွေမှာ ခုတော့ ကျန်ရစ်ခဲ့သူတွေက လွမ်းဆွတ်တသရတော့မှာပေါ့..။

ဗမာပြည်ရဲ့ ရှားပါး ဂီတပညာရှင် တဦးဖြစ်တဲ့ မိုးကျော် (အမေရိကန်ကပြား) ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးရှာတော့ သူ့ရဲ့ ဂီတရောင်းရင်းတွေဖြစ်တဲ့ ရာပြည့် က "တေးမြုံငှက်သို့ တမ်းချင်း" ၊ တင်ဝင်း (ဆေး/မန်း) က "မိုးကျော်" (ခိုင်ထူး ဆို) ၊ ကိုနေဝင်း က "ကြွေချိန်မသင့်ကြွေတဲ့ပန်းမို့'၊ ကိုဇာလျန်း "ကြယ်ကြွေချိန် ကျူးရင့်ကြိုး” ဆိုပြီး သီချင်းစပ်ဆို၊ သီဆို ဂုဏ်ပြုလွမ်းကြသလို ခင်မောင်တိုး ကလည်း “ပြန်မလှည့်တော့ဘူး” ဆိုတဲ့ သင်္ခါရတရား သဘောအပြည့်ပါတဲ့ သီချင်းလေးကို ဆိုပြီး အမှတ်တရ လွမ်းဆွတ်ခဲ့ဖူးပါတယ်။ ခုတော့ သူကိုယ်တိုင် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပရိတ်သတ်ကို ကျေနပ်အောင် နှုတ်ဆက်ခွင့် မရဘဲ ရေခြားမြေခြားမှာ ဆေးကုရင်း “ပြန်မလှည့်တော့မယ့် လမ်းကို” လျှောက်လှမ်းသွားခဲ့ပါပြီ..။

“မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားလိုလို ဖြစ်ခဲ့တဲ့ ဂီတ မိတ်ဆွေ ရောင်းရင်းကြီး၊ ဗမာပြည်ရဲ့ ရှားပါး အနုပညာ အစိုင်အခဲကြီး ခင်ဝမ်း (ဂျပန်ကပြား) တယောက်ဆုံးတော့ သူက “ခုနှစ်နှစ်အလွန်” ဆိုပြီး လွမ်းတသသ ဖြစ်ခဲ့ရတယ်..။ ခုတော့ ကျန်ခဲ့တဲ့သူတွေက သူ့ကို ပြန်ပြီး လွမ်းဆွတ်ရင်းနဲ့ သူ့ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာ ဖန်တီးခဲ့မှုတွေကို ဖော်ထုတ်ရဦးတော့မှာပေါ့..။

ဒီနေရာမှာ စကားချပ် အနေနဲ့ ခင်မောင်တိုးရဲ့ ကျန်ရစ်သူ မိသားစု၊ ဂီတလောက က တေးထုတ်လုပ်သူတွေ နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ကို အနူးအညွတ် မေတ္တာ ရပ်ခံချင်တာကတော့ ခင်မောင်တိုး သီဆိုခဲ့တဲ့ ဂန္တဝင်တေးသီချင်းကောင်းတွေကို ခုခေတ် နောက်ပေါက် အဆိုတော်များပေးဆို ဖျက်ဆီးပြီး ပေါ့ပျက်ပျက်၊ ပစ်စလက်ခတ်၊ ဖြစ်ကတတ်စမ်း လွမ်းဆွတ်မှုမျိုး မလုပ်ဖို့ပါပဲ ခင်ဗျာ..။ ရင်ဘတ်ချင်းတူတဲ့ “မဇ္ဇျိမလှိုင်း” အုပ်စုဝင်ထဲကတော့ ဘယ်သူဆိုဆို ဆိုကြပါခင်ဗျာ..။

ခင်မောင်တိုး ကိုယ်တိုင်လည်း ဒီသဘော ရှိတယ်ဆိုတာ၊ သူ့ နဲ့ သူ့ရဲဘော် တေးရေး နဲ့ “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားတွေ နှလုံးသားချင်းနီး နားလည်သဘောတူညီမှုထားကာ သူအသက်ရှင်စဉ်တုန်း သူ့သီချင်းဟောင်း၊ အကောင်းတွေ သူများပေးဆို အများစု ဖျက်ဆီးခြင်း မခံခဲ့ရတာကိုကြည့်ရင် သိနိုင်ပါတယ်။

သိပ်မကြာသေးခင်တုန်းက ကိုနေဝင်းကို ဂုဏ်ပြုတဲ့ Live Show လုပ်တော့ ကိုနေဝင်းရဲ့ သီချင်းကောင်းတွေ ဆိုချင်သလို ဆိုကြပြီး ပျက်စီးသွားတာ ခံစားရလို့ မကျေမနပ်ဖြစ်နေတဲ့ စိတ်အနာ မပျောက်သေးခင် ခုအချိန် ခင်မောင်တိုးရဲ့ သီချင်းတွေကို အလားတူ အဖြစ်ဆိုးမျိုး မကြုံပါရစေနဲ့ ခင်ဗျာ..။

နိဂုံးချုပ်အနေနဲ့တော့ သင်္ခါရ သဘောကိုပဲ တွေးမိ သံဝေဂဖြစ်ရတဲ့ အကြောင်းကို ရေးချင်ပါတယ်။ ဟိုတလောက သုခမိန်လှိုင် (သိဒ္ဓတ္တလှိုင် ကဗျာဆရာ/တေးရေးဆရာ) က သူ့ရဲ့ လူမှုကွယ်ရက်စာမျက်နှာမှာ “မင်းမင်းလတ်ကို လိုက်ပို့ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံအယ်လ်ဘမ်တခု တင်ပါတယ်။ မင်းမင်းလတ် ဆုံးတော့ (၁၉၉၇) လိုက်ပို့ကြတဲ့ ဂီတ မိတ်ဆွေတွေရဲ့ ပုံတွေ စုစည်းထားတာပါ။ အဲ့ထဲမှာ ပါခဲ့တဲ့ ခင်ဝမ်း (၂၀၀၀)၊ ထူးအိမ်သင် (၂၀၀၄) ၊ စိုင်းထီးဆိုင် (၂၀၀၈) အစရှိတဲ့ ဗမာပြည်ရဲ့ ရှားပါးအဖိုးတန်တဲ့ ကြယ်ပွင့်ကြီးတွေ တပွင့်ပြီးတပွင့် မြေခသက်ဆင်းခဲ့ရပုံကို ဓာတ်ပုံစုစည်းမှု အနုပညာနဲ့ သုခမိန်လှိုင် က တင်ဆင်ထားတာပါ..။

ခုတော့ နောက်ထပ် ကြယ်ပွင့်တပွင့် ကြွေသွားခဲ့ရပြန်တာပေါ့..။

ရတနာမြိုင် မှာ “သံပြိုင်တင့်ဆန်း ပွင့်ဝေခဲ့တဲ့” “အရိုင်း (The Wild Ones)” နဲ့ “လိုင်း (The Medium Wave)” ရဲ့ ထိပ်သီး အဆိုတော်ကြီး နှစ်ဦးလုံး ခု မရှိတော့ပါဘူး။

ဒီလို အကောင်းသိပ်ကြိုက်တဲ့ ဘုရားသခင်က ကျနော်တို့ ရဲ့ လောကလူ့ဘောင်အတွက် ဘုရားလိုတန်ခိုးထက် အစွမ်းဖြစ်စေတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ခဏခဏ ခေါ်.. ခေါ် သွားတတ်တော့ ခု ကျန်နေသေးတဲ့ ကိုနေဝင်း၊ ကိုရဲလွင်၊ သားထွေး အစရှိတဲ့ ကျန်ရှိနေသေးတဲ့ ခင်မောင်တိုး ရဲ့ ဂီတ ရဲဘော်ရောင်းရင်းကြီးတွေကိုတော့ ကျနော်တို့နဲ့အတူ နှစ်ပေါင်းများစွာ ဆက်လက်ရှိပေးဖို့ ဘုရားသခင်ကို တပါတည်း တောင်းပန်ချင်ပါတယ်။

ဂီတမိတ်ဆွေ ရောင်းရင်း သူငယ်ချင်းအရင်းတွေကို နောက်ဆုံးအချိန်အမှီ လိုက်လိုက်တွေ့နေရတဲ့ ဂျေမောင်မောင် ကိုလည်း နောင်ဒီလို ခရီးတွေ ထွက် ထွက်နေရတာလည်း မမြင်ချင်တော့ပါဘူး။

လူလောက ကို ကောင်းကျိုးများစွာပြုခဲ့တဲ့ ခင်မောင်တိုး တယောက် ကောင်းရာသုဂတိလားမှာ သေချာတဲ့ အတွက် အထူးဆုမတောင်းတော့ပါ..။ ဒါပေမယ့် ခင်မောင်တိုး တယောက် မြင့်မြတ်တဲ့ ဘုံဘဝမှာ ကိုမောင်မောင်၊ ခင်ဝမ်း၊ ကိုမျိုးခင်၊ မိုးကျော်၊ ပန်းချီ ကေမြိုး၊ ကိုအောင်ဝင်း တို့နဲ့ အတူ သီချင်းတွေ တွဲရေး၊ တီး၊ ဆို လုပ်ခွင့်ရဖို့တော့ ဖြစ်နိုင်ရင် ဆုတောင်းပေးလိုက်ချင်ပါတယ်..။

ကြေကွဲဝမ်းနည်းစွာဖြင့်ဆိုတာထက်ပိုတဲ့ စိတ်ခံစားမှုဖြင့်

ငြိမ်းချမ်းအေး
၁၆ ၊ နိုဝင်ဘာ ၊၂၀၁၂
သောကြာနေ့၊ ၁၁ နာရီ ၊ ၃၄ မိနစ်

မှတ်ချက်။ ။ ဒီစာကို ဒေသစံတော်ချိန် ညနေ (၆) နာရီ ခန့်မှာ စတင်ရေးသားပြီး ည ၁၁ နာရီ ခွဲကျော်ကျော်မှာ ပြီးတယ်..။ ဦးနှောက်ဖြင့် မရေးဘဲ နှလုံးသားခံစားချက်အတိုင်းရေးတယ်..။ ခံစားရသလို ရေးထားခြင်းဖြစ်တဲ့အတွက် ခုနှစ် နဲ့ အချက်အလက်များကို ပြန်လည် မစီစစ်၊ လွဲနေတဲ့ အချက်များ၊ (အထူးသဖြင့် တေးစုများထွက်ခဲ့တဲ့ ခုနှစ်တွေ လွဲနေရင်) နောင် သမိုင်းမှတ်တမ်းအမှန်ကျန်အောင် သိသူများ ထောက်ပြ ပြင်ပေးနိုင်ပါတယ်..။ စာထဲတွင် ခင်မောင်တိုး အပါအဝင် အနုပညာရှင်များရဲ့ နာမည်တွေကို အနုပညာနာမည်အတိုင်း ညွှန်းဆိုခေါ်ဝေါ်ထားပါတယ်။

တဆက်တည်း မိုးမခ တွင် ဖတ်နိုင်ရန်: http://moemaka.com/?p=29173

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။