ဝိုင်းစု ဘ၀ဖြတ် သန်းမှု ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ အနုပညာကိုချစ်မြတ် နိုးစွာနဲ့ အနုပညာလမ်းထဲမှာ လျှောက် လှမ်းနေတာပေါ့နော်။ အနုပညာကို ချစ်လို့ လားမသိပါဘူး။ အနုပညာ ကလည်း ၀ိုင်းစုကို ပြန်ကြည့်တယ် ထင်ပါတယ်။ ပရိသတ်ကလည်း ၀ိုင်းစုကို ချစ်ကြပါတယ်။ ၀ိုင်းစု အနုပညာလောကထဲကို စရောက် တုန်းကတော့ မင်းသမီး ၀ိုင်းစုခိုင် သိန်းအနေနဲ့အား ပေးကြတာပေါ့ နော်။ တဖြည်းဖြည်း နဲ့ ၀ိုင်းစုက သီချင်းလေးတွေလည်း ဆိုလာ တော့ အဆိုတော်ဝိုင်းစုအနေနဲ့ပါ ပရိသတ် ကသိလာတာပေါ့နော်။ နှစ်ခုစလုံး လူသိလာတာ ကံလေး လိုက်လာတယ်ပြောရမှာပဲ။
ကိုယ် တိုင်ကလည်းကြိုးစားပါတယ်။ ၀ိုင်းစုကို သီချင်းအနေနဲ့အရမ်း အားပေးကြ တဲ့ပရိသတ်တွေကို လည်း ကျေးဇူးတင်ပါတယ်။ တချို့ ပရိသတ်က မက်လောက်စရာ ကို ပိုကြိုက်တယ်တဲ့။ တချို့ကလည်း အခုထွက်ထားတဲ့ မျက်လှည့်ကို ပိုကြိုက်ကြ တယ်တဲ့။ သူတို့ အကြိုက်နဲ့သူတို့ပေါ့နော်။ ၀ိုင်းစုက တော့ ကြိုးစားတာပါပဲ။ ခုလည်း မျက်လှည့် ဗီစီဒီထွက်ဖို့ကြိုး စားနေ ပါတယ်။
ခုချိန်မှာ ကောင်းတာတွေကို ပဲရှေးရှုပြီးဖြတ် သန်းနေပါတယ်။ ၀ိုင်းစုက အဆိုးကို မတွေး ဘူး။ အဆိုးကိုတွေးရင် ကိုပါရင်ပါပူ သွားမှာစိုးလို့ပါ။ အဆိုးမတွေးဘဲ ကောင်း တာလေးကိုပဲတွေးပြီး၊ ကောင်းတာလေးတွေဖြစ်အောင် ကြိုးစားပြီးဖြတ်သန်းနေမှာပါပဲ။ အနုပညာရှင်တစ်ယောက်ရဲ့ဘ၀ နေထိုင်မှုအနုပညာဆိုတာက တကယ့်ကို ရိုးရှင်း ပါတယ်။ ကိုယ် ချစ်တဲ့အနုပညာကို ရင်ဝယ် ပိုက်ပြီးဖြတ်သန်းတယ်။ ဆိုးတာ တွေလာရင်လည်း အနုပညာ ကြောင့်ဆိုပြိး သည်းခံမြိုသိပ် ရပါတယ်။ ပြီးတော့ အစစအရာရာ ထိန်းပြီးနေရပါတယ်။ သူတို့က ဇာတ်ရုပ်တွေစုံအောင်သရုပ်ဆောင်တာဆိုတော့ မာယာရှိမယ်တောင် တချို့က ထင်ကြမှာ။ အမှန်တော့ မာယာမ ပါဘဲ ကိုယ်ချစ်တဲ့ အနုပညာကိုပိုပို ချစ်ပြီး ဘ၀ကို ဖြတ်သန်းနေ နေတာပါပဲ။
Hot News သတင်းအဖွဲ့
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။