Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 13, 2012

နီဒါတေလာ ၊ ပလတ်စတစ်အိတ်တစ်လုံး ၊ ရေကူးဝတ်စုံတစ်ထည် နှင့် အင်တာနက်စစ်ပွဲများ

 

By Myo Chit Myanmar on Tuesday, November 13, 2012 at 5:31pm

Diaspora Models ပွဲရဲ့ OnLine Voting မှာ မဲအများဆုံး ရထားတဲ့ Miss Georgia က ဘာလို့ ဆုမရတာလဲဆိုတာကို ကျွန်တော့် ကို အပူတပြင်းမေးလာတဲ့ ညီတွေ ညီမတွေ အားလုံးကို ကျွန်တော် လက်ရှိစုံစမ်းနေဆဲမို့ အဖြေတိတိကျကျ တတ်အပ် မပေးနိုင်သေးပါဘူး။


ဒါပေမယ့် Miss Georgia ဟာ မဲအများဆုံး ဖြစ်ခဲ့တယ်ဆိုတာရယ် သူရထားတဲ့မဲတွေကလိမ်ရထားတာတွေ မဟုတ်ဘူးဆိုတာရယ် ကတော့ သေချာသလို ခုထိ ချန်ထားသေးတဲ့ ပုံတွေက သက်သေပါဘဲ။

ကျွန်တော် အဲ့ဒိ ကိစ္စကို ဆက်သွယ်ပြီး သေချာတိကျတဲ့ အဖြေရရင် မေးမြန်းသူတွေရော သူငယ်ချင်းတွေ အားလုံးကို ချက်ချင်း အသိပေးမှာပါ။

ခက်တာက ဒီကိစ္စက မယ်ရသွားတဲ့သူ ကိစ္စမျိုးလို TOP PRIORTY မဟုတ်တဲ့အတွက် သူတို့ ဖက်က ကျွန်တော်တောင်းဆိုမေးမြန်းထားတာကို ချက်ချင်း ပြန်မဖြေကြားသေးတာလို့ ထင်ပါတယ်။


ကျွန်တော် ဒီနေ့ အဲ့ဒိအတွက် ဆက်သွယ်မေးမြန်းဖို့ ထပ်မံရှာဖွေနေရင်းနဲ့ အရင်က တစ်ခါမှ မတွေ့ဖူးခဲ့သေးတဲ့ ဒီပွဲရဲ့ စည်းမျဉ်းတွေ လိုအပ်ချက်တွေကို http://www.diasporamodels.com/que-ans.html


မှာ လိုက်ဖတ်မိတော့ ..

မယ်ရတဲ့သူတောင်မှ နယ်က ရပ်ဝေးက လာပြိုင်တဲ့ သူတွေ ကိုဆိုရင် အခန်းတောင် ငှားမပေးတော့ ကိုယ့်စားရိတ်နဲ့ ကိုယ် အသွားအပြန် အားလုံး အကုန်ခံရတာဖြစ်ပါတယ်။

ခရီးသွားစားရိတ် တည်းခိုခန်းခ အစားအသောက် တွေ ဘာတစ်ခုမှ မပေးတာကို သိတော့ အရမ်းအံ့အားသင့်မိရင်း ဆုကျတော့ ဘာများပေးလေမလဲဆိုတဲ့ သိချင်စိတ်ဖြစ်လာပါတယ်။


ဒါကြောင့် ဒီပြိုင်ပွဲမှာ ပေးခဲ့တဲ့ဆုတွေ ရဲ့ စာရင်း စာမျက်နှာ http://www.diasporamodels.com/prizes-2012.html

ကို သေချာ အချိန်ပေး ဖတ်ကြည့်လိုက်တော့မှဘဲ ...

Miss Georgia အပါအဝင် မယ်ဆုမရတော့မှာကို သေချာကြိုသိနေပြီးသား မယ်တစ်ချို့ဟာ Final နေ့ မှာ နှစ်သိမ့်ဆု ရှင် ငါးမျိုးထဲမှာပါမပါ ဆိုတာသိဖို့ ဘာလို့ လာတောင် မလာတော့တာလဲ ဆိုတာကို နားလည်သွားခဲ့သလို ...

(ကောလဟာလ တစ်ခုကတော့ဖြင့် Miss Georgia ကို ငွေကြေးချမ်းသာသူတစ်ဦးက မယ် ဆုရှင်သာရမှာဖြစ်တဲ့ သူမ လုံးဝ မရတော့မှာလဲ သေချာနေတဲ့ ဆု 1000$ ထက် ငွေသား အများကြီး ပိုပေးပြီး နှစ်သိမ့်ဆု အတွက် နောက်ဆုတ်စေခဲ့တယ်လို့ ကြားထားပါတယ် ဒါကို စုံစမ်းနေဆဲပါ)


ဒါကြောင့် တရားဝင်အားဖြင့် ဒုတိယ မဲအများဆုံးသာဖြစ်တဲ့ နီဒါတေလာ ကို Most Online Voting လို့ သတ်မှတ်လိုက်တယ် ဆိုတာရယ်။

ကျွန်တော် ကြည့်ရတဲ့ Video File ထဲမှာ Most Online Voting ဆုရှင်အကြောင်း စပြောစဉ်က နဲ့ Miss Myanmar လို့ ခေါ်လိုက်တဲ့ကြားထဲမှာ အသံတစ်ချို့ကိုပြုပြင် ဖြတ်တောက်ထားသလိုလေး ဘာကြောင့် ဖြစ်နေတယ် ဆိုတာတွေရယ် အားလုံး ကို သေချာ ခြုံငုံ နားလည် သဘောပေါက်လိုက်ပါတော့တယ်။


သူတို့ရဲ့ တရားဝင် ဆုစာရင်း List ကို မူရင်း Link မှာ သေချာကြည့်နိုင်သလို အောက်ပါပုံမှာ မြင်ရတဲ့အတိုင်း ဘာသာပြန်ပေးလိုက်ပါတယ်။ဘေးက ကွင်းစကွင်းပိတ် ( ... ) တွေထဲကတော့ ကျွန်တော့် ရဲ့ ထပ်မံသုံးသပ်တင်ပြချက်တွေပါ ၊ ဘာသာပြန်ထားခြင်း မဟုတ်ပါဘူး။

ဒါတွေ ဖတ်ကြည့်ပြီးရင် ပိုနားလည်မှာပါ။

 


ပထမ ဆုရသူ Miss Diaspora Of The Year တစ်ဦးတည်းသာရမည့် ဆုလက်ဆောင်များ

(၁) ငွေသား 1000.00$ USD (နှစ်ကုန်လျင် ဝင်ငွေခွန် ပြန်ပေးရဦးမည်)

(၂) Diaspora မဂ္ဂဇင်းမှာ မျက်နှာဖုံး (တစ်လတွင်သာပါမည်)

(၃) Antigua ဆိုတဲ့ Guatemala နိုင်ငံက ကျွန်းလေးတစ်ခုကို သွားဖို့ လေယာဉ်လက်မှတ် (Economy ဖြစ်ဖို့များသည်)

(၄) မယ်သရဖူ

(၅) ဒီဇိုင်းနာချုပ် ဖိနပ်တစ်ရန် (Size ရွေးလို့ရမည် ဟု ထင်ပါသည်)

(၆) သူတို့ ခွင့်ပြုသဘောတူထားတဲ့ ကြော်ငြာတွေ အခမ်းအနားတွေအမှာ အလကားပေးဝတ်မယ့် အဝတ်အစား (ပြန်ပေးရန်မလို)

(၇) Victoria Secret တံဆိပ် ရေကူးဝတ်စုံ တစ်ထည် (နှစ်သိမ့်ဆု ရသူ ငါးဦးလုံး ရမည်)

(၈) Official Miss Diaspora Of The Year တံဆိပ် စလွယ် တစ်ခု

(၉) Official Diaspora Models Business Card တစ်ထုတ် (ကုန်သွားလျင် အလကားထပ်မရပါ)

(၁၀) DiasporaModels.com မှာ Personalize လုပ်ထားတဲ့ ကိုယ်ပိုင် WebPage တစ်ခု (BLOG/FaceBook တို့ကဲ့သို့ ကိုယ်တင်ချင်ရာ တင်၍မရပါ)

(၁၁) Name@DiasporaModels.com Extension နဲ့ Free EMail Account တစ်ခု (တခြားသော E-Mail များကဲ့သို့ ဈေးမကြီးပါ)

(၁၂) နောက်နှစ် ကျင်းပမယ့် Diaspora Models 2013 ပွဲ ကို အခမဲ့ လာကြည့်ဖို့ လက်မှတ်လေးစောင် (ပိုလိုချင်လျင် အိပ်စိုက်ဝယ်ရမည်)

(၁၃) နောက်နှစ် ကျင်းပမယ့် Diaspora Models 2013 ပွဲ လာရန် ဆံပင် နှင့် မိတ်ကပ် အလကားပြင်ခွင့် (တစ်ပွဲစာအတွက်သာ)

နှစ်သိမ့်ဆုခေါင်းစဉ် ငါးခု အတွက်ပေးသည့်ဆု

မယ်အားလုံး ရမည့် လက်ဆောင်များထက် Victoria Secret တံဆိပ် ရေကူးဝတ်စုံတစ်ထည် သာပိုသည်။

ပြိုင်ပွဲဝင်ခဲ့သူ မယ် အားလုံး ရမည့် လက်ဆောင်များ

(၁) ပလပ်စတစ်အိတ် တစ်လုံး နဲ့ ထည့်ထားတဲ့ မိပ်ကပ် နှင့် မိန်းကလေး အသုံးအဆောင် တိုလီမုတ်စ KIT တစ်ဘူး

(MALL တွေမှာ မိန်းမ ပစ္စည်းတစ်ခုခု သွားဝယ်ရင်ရတဲ့ FREE GIFT လက်ဆောင်များနှင့် တစ်ပုံထဲဖြစ်သည်။)

(၂) diasporamodels.com မှာ ဒီနှစ် ပြိုင်ပွဲဝင်သူ မယ်အားလုံး နဲ့ တွဲရိုက်ထားတဲ့ ကြော်ငြာဓါတ်ပုံတစ်ပုံ

(၃) မိမိဓါတ်ပုံ နဲ့ Portfilio Page လေးတစ်ခု (ပြိုင်ပွဲစဝင်ကထဲကပေးပြီး)

(၄) ယှဉ်ပြိုင်နေစဉ် ကာလအတွင်း အက ၊ မော်ဒယ်ပညာ နဲ့ ကိုယ်ကာယာ လေ့ကျင့်ခန်း အခမဲ့သင်တန်းများ ပေးခြင်း

(၅) ယှဉ်ပြိုင်နေစဉ် ကာလအတွင်း ဆံပင် နဲ့ မိတ်ကပ် အခမဲ့ ပြင်ဆင်ပေးခြင်း

စသည်တို့ဘဲ ဖြစ်ပါတယ်။


ဒီတော့ကာ နှစ်သိမ့်ဆု ငါးဦး ထဲမှာ ပါတဲ့သူတွေ အားလုံး အိမ်ပြန်ရင် ကိုယ်နဲ့ပါလာမယ့် အရာတွေဟာ ..

အဝါရောင် ပလတ်စတစ်အိတ်တစ်လုံး ထဲက ရေကူးဝတ်စုံတစ်ထည် နဲ့ တိုလီမုတ်စလေးများသာ ဖြစ်နေခဲ့တာကို ဝမ်းနည်းစွာ နားလည်လိုက်ခဲ့ရပါတယ်။

ကျွန်တော် အစကထင်ခဲ့တာက ဒီ အမေရိကား က ပွဲမှာလဲ နန်းခင်ဇေယျာ တို့ ပွဲတုန်းကလိုဘဲ ...

မယ်ဆုနဲ့ လွဲခဲ့ရင်တောင် ..

Miss Internet ဆု ..

People Choice ဆု ..

Ambassador ဆု ..

စသဖြင့် ဂုဏ်ယူစရာ Crystal Trophy လှလှပပလေးတွေ အိမ်ပြန်သယ်သွားနိုင်မယ်လို့ တထစ်ချ ယုံကြည်ခဲ့တာပါ။

ဒါကြောင့် ကျွန်တော် ရေးခဲ့သမျှတွေထဲမှာ မြန်မာပြည်ပက မိန်းမ တစ်ယောက်ကို မြန်မာမယ် အဖြစ် လက်မခံနိုင်တဲ့ အဓိက အကျဆုံး အကြောင်းတစ်ချက်က ..

 " သူမ ရမယ့် ဆုဟာ မြန်မာ ပြည်ကို ပြန်ပါသွားမှာ မဟုတ်ဘဲ ပြည်ပမှာဘဲ ကျန်ရှိနေမယ့် ဆု တံဆိပ်/ရုပ်ထု တစ်ခုဖြစ်နေတာမို့ " လို့ဘဲ အမြဲ သုံးသပ်မိခဲ့တာပါ။

ဒီတော့ ဖြစ်ပျက်ခဲ့သမျှတွေ အားလုံး သေချာပြန်ခြုံငုံ သုံးသပ်ကြည့်လိုက်တော့ ...


အစထဲက ဒီပွဲနာမည် တစ်ခါမှ မကြားဖူးပေမယ့် သူလဲသူ့ ဘာသာ အတိုင်းအတာတစ်ခု အထိအရေးပါမယ်လို့ ကျွန်တော် တစ်ကယ်ယုံကြည်ခဲ့ပါတယ်။

ဒါကြောင့်လဲ ဒီ ပွဲမှာ မြန်မာပြည်သား မဟုတ်တဲ့ သူတစ်ယောက်က နိုင်ငံအမည်ခံသင့် မသင့် ဆိုတာတွေထိ အရေးတယူ တွေးခေါ်ခံစားမိခဲ့လို့ တော်တော်လေး အချိန်တွေလဲ ကုန်ခဲ့ပါတယ်။

ဒီ ပွဲမှာ မြန်မာမယ်ဟာ ပထမဆု " မယ် " တော့ ရမှာ မဟုတ်မှန်းလဲ ဘယ်တုန်းကမှ သံသယမရှိခဲ့သလို အဲ့ဒါဟာ အဓိက အချက်လဲ မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့် မြန်မာဆိုတဲ့ နာမတော်ကို အလွဲသုံးစား လုပ်နေတယ်လို့ ထင်လို့သာ ဒီ OnLine Voting ဆိုတာကို ကျွန်တော် ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ပါတယ်။

ဒါ့ကြောင့်လဲ .. အကောင့်အတုတွေ နဲ့ ဘယ်သူဆိုတာ သိနေသောသူများ ရဲ့ အဆဲဆိုခံ

နောက်ကွယ်မှာ မဆီမဆိုင် တွေ ကိုင်တုတ် အစွပ်ဆွဲခံပြီး တော့ကို ဟာသများစွာကြားက ပေကပ် အတိုက်အခံလုပ်ပြီးကို ပေါ်တင်ဆန့်ကျင်ပြခဲ့တာပါ။

ဒီအတွက် ကျွန်တော့် မှာ ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာ ဘာမှ မထိခိုက် မနစ်နာခဲ့ပေမယ့် အချိန်တော့ တော်တော်လေး ကုန်ပြီး ခေါင်းစားခံခဲ့ရတာဝန်ခံပါတယ်။

ဒါပေမယ့် ဗျာ



ခု မှသေချာပြန်တွေးကြည့်တော့ နီဒါတေလာ ပထမ ဆု နဲ့ မယ် မဖြစ်ဘူးဆိုတာ ကြိုသိနေခဲ့ရက်နဲ့ ...

သူ ဟာ တခြား ဘယ်ခေါင်းစဉ်အောက်က နှစ်သိမ့်ဆု နဲ့ ဖြစ်စေ ပြိုင်ပွဲဝင်မယ်အားလုံးထက်ထူးပြီး ဘာဆုမျိုးဘဲ ပို ရမယ် ဆိုတာကိုတောင် သေချာ မလေ့လာခဲ့မိဘဲနဲ့



" မြန်မာအမည်နဲ့ ဆုဟာ မြန်မာပြည် အတွက်ဘဲ ဖြစ်ရမယ် " ဆိုတဲ့ ခံစားယုံကြည်ချက်ကြောင့် အသေအလဲ အင်တာနက် မှာ စစ်ခင်း တိုက်ပွဲဝင်ခဲ့ရတာတွေဟာ ...



" ပလပ်စတစ်အိတ် တစ်လုံးထဲက ရေကူးဝတ်စုံတစ်ထည် နဲ့ တိုလီမုတ်စ တွေ အတွက်ပါလား " လို့ နားလည်လိုက်မိတဲ့အခါမှာ

ကျွန်တော် အတော်လေး ဝမ်းနည်း အားငယ် စိတ်မကောင်း ဖြစ်သွားမိပါတယ်။



ဒါ ရိပြီး လှောင်ပြီး ချိုးနှိမ်ပြီး ပြောတာ လုံးဝမဟုတ်ရပါဘူးဗျာ။



ပြိုင်ပွဲတစ်ခုမှာ ရလာဒ်ဟာ သကြားလုံး တစ်လုံး ၊ ရေသန့်ဗူးတစ်ဗူး အတွက်ဘဲ ဖြစ်စေ ပြိုင်ပွဲဝင်သူရဲ့ အားကစားစိတ်ဓါတ်က အဓိက ဆိုတာ နားလည်လက်ခံပါတယ်။

ဘေးက ပုရိသတ်ဟာလဲ အဲ့ဒါကိုဘဲ နားလည်လို့ ဇွဲ နဲ့ အားပေးကြတာများပါတယ်။





ဒါပေမယ့်ပေါ့ဗျာ ...



ရိုးသားစွာဝန်ခံရရင် ...





ဟိုး စစခြင်းကထဲက ကျွန်တော် အပြင်းအထန် ဆန့်ကျင်နေခဲ့တဲ့ ရလာဒ်တစ်ခုဟာ ..

ပလပ်စတစ်အိတ် တစ်လုံးထဲက ရေကူးဝတ်စုံတစ်ထည် နဲ့ တိုလီမုတ်စလေးတွေသာဖြစ်နေမှန်း သေချာစွာ သိခဲ့ရင် ...

ကျွန်တော် ဘယ်တော့မှ ခုလောက် စိတ် နဲ့ အချိန်ကို အပြင်းအထန် အသုံးချခဲ့မှာ မဟုတ်ဘူးဆိုတာပါဘဲ။





ဒီအတွက် ကျွန်တော် နဲ့ စိတ်တူ ကိုယ်တူ မိုးခါးရေ မသောက်ဘဲ တိုက်ပွဲဝင်ခဲ့တဲ့ ညီအစ်ကို မောင်နှမ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကျွန်တော် အရမ်း အားလဲနာ ကျေးဇူးလဲတင်ပါတယ်။

သူတို့ပါ ကျွန်တော် နဲ့ အတူ အများနဲ့ တစ်ယောက် အင်တာနက် ကွန်ယက်ပေါ်က စစ်ပွဲတွေကြားထဲမှာ နည်းမျိုးစုံ အဆဲခံ အဆိုခံ အတိုက်ခိုက်ခံပြီး ကြံ့ကြံ့ခံ ရပ်တည်ပေးခဲ့ရတာတွေ အားလုံးဟာ ..နောက်ဆုံးတော့ပလပ်စတစ်အိတ် တစ်လုံးထဲက ရေကူးဝတ်စုံတစ်ထည် နဲ့ တိုလီမုတ်စတွေ အတွက် ဖြစ်နေခဲ့ရတာကို ကျွန်တော် အနူးအညွတ်တောင်းပန်ရင်းနဲ့ဘဲ ...





နီဒါတေလာ ၊ ပလပ်စတစ်အိတ်တစ်လုံး ၊ ရေကူးဝတ်စုံတစ်ထည် နှင့် အင်တာနက်စစ်ပွဲများ အားလုံးကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပါကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်ခင်ဗျားးး ။ ။ ။







စစ်မှန်ခြင်းဖြင့်










မှတ်ချက်။ ။ အစကတော့ ဒီစာလေးကို နီဒါတေလာ ရဲ့ Album တစ်ခု အောက်မှာ ဆက်ရေးပေးမလို့ပါဘဲ။

ဒါပေမယ့် မနေ့ည က နဲ့ ဒီမနက် ကြားမှာ ဓါတ်ပုံ Album ကို အကြောင်းတစ်ခုကြောင့် အဖျက်ခံလိုက်ရပါတယ်။

ဘယ်သူ့ကြောင့် ဆိုတာလဲ သိနေပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။