Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 13, 2012

ကလေးကိစ္စ

By သစ္စာနီ on Monday, November 12, 2012 at 11:49pm ·

တစ်နေ့သ၌ ကျွန်ုပ်သည် တခြား စာရေးရန် ကိစ္စမရှိသည်နှင့် နှပ်သုံးဖော်တို့ ညီလာခံကိုပင် စာတစ်စောင် ပေတစ်ဖွဲ့ ပြုရန် ပြတင်းတံခါး ဖွင့်ကာ မျှော်ပါသော်လည်း နှပ်သုံးဖော်မှာ အတော်ကြာအောင် ပေါ်မလာဘဲ ရှိလေသည်။ ကျွန်ုပ်က စိတ်ပျက်လက်လျှော့မည် ပြုတော့မှ ကစားကွင်းထဲ ဝင်လာသော နှပ်ချေးထူ နှပ်ချေးယိုနှင့် နှပ်ချေးတွဲလောင်းကို တွေ့ရလေသည်။ သူတို့စကားအရ နှပ်ချေးယို၏ အမေသည် မျက်နှာမြင် မီးထွက်သည့်အတွက် နှပ်ချေးယိုက ဒကာခံကာ အကြော် ဝယ်ကျွေးသည်ကို စားသောက်လာကြခြင်း ဖြစ်ကြောင်း သိရလေသည်။


နှပ်ချေးတွဲလောင်း။ ။ နှပ်ချေးယို၊ အခု မင်းအမေ မွေးတာ ဘယ်နှယောက်မြောက် ကလေးလဲ။



နှပ်ချေးယို။ ။ ပဉ္စမမြောက် ကလေးလေ။ ရတနာရှိရာ ရတနာလာစု ဆိုတာ ဒါကို ခေါ်တာပေါ့။



နှပ်ချေးထူ။ ။ အချင်းချင်း အမြင်ကပ်အောင် ကြွားမနေနဲ့ကွာ။ မင်းတို့အိမ်မှာ ပြောင်ပြောင်လက်လက်ဆိုလို့ ငါတော့ ပုလင်းကွဲပဲ တွေ့တယ်။ ဘယ်က ရတနာလဲ။



နှပ်ချေးယို။ ။ ငါ့အမေ နာမည်က ဒေါ်ရတနာလေ။



နှပ်ချေးတွဲလောင်း။ ။ တရုတ်ပြည်မှာလို တစ်အိမ်ထောင် ကလေး တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ ဥပဒေသာ ရှိရင် မင်းအမေတော့ ဒုက္ခပဲ။



နှပ်ချေးယို။ ။ အမေရိကန်က ဒေါ်ဂျနီဖာဒန်နီယယ် ကိုတော့ မမီသေးပါဘူး။ တစ်လောက အဲဒီ ကြီးတော်ကြီးက ၁၇ နှစ်ယောက်မြောက် ကလေးကို မွေးတယ်။ သူ့ကလေးတွေမှာ အကြီးဆုံးက ၁၉ နှစ်၊ အငယ်ဆုံးက ၂ နှစ်၊ အမွှာက ၂ ကြိမ်ပါသေးတယ်။ ဒီကြီးတော်ကြီးကိုတော့ မွေးလွန်းလို့ “ရှင်မွေးလွန်း” ဘွဲ့တောင် ပေးဖို့ ကောင်းနေပြီ။



နှပ်ချေးတွဲလောင်း။ ။ အဓိက ကတော့ စီးပွားရေးပဲပေါ့ကွာ။ ကလေးဆိုတာ မွေးတာထက် ကြီးပြင်းလာအောင် စောင့်ရှောက်ဖို့ ပိုခက်ခဲတယ်တဲ့။ မဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့ ကလေး လူမမည် သေဆုံးမှုနှုန်းက အခုချိန်ထိ မြင့်မားနေတုန်းပဲ။



နှပ်ချေးယို။ ။ ဟုတ်တယ်လေ၊ လေကောင်းလေသန့် ရပြီး အလင်းရောင် မျှတတဲ့ နေစရာ ရှိရမယ်။ သန့်ရှင်းပြီး ကျန်းမရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေနဲ့ မိလ္လာစနစ်လည်း ရှိရမယ်။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်ကိုလည်း လိုအပ်သလောက် စားသောက်နိုင်ရမယ်။



နှပ်ချေးထူ။ ။ တော်တော့၊ မဖြစ်နိုင်တာတွေ မပြောနဲ့။ ဒီနေ့ ကမ္ဘာမှာ လူဦးရေ သန်းတစ်ထောင်ကျော်ဟာ လူမွဲစာရင်းဝင် ဖြစ်နေတယ်။ အဲဒါဟာ နေ့စဉ် ဝင်ငွေ တစ်ဒေါ်လာလောက်ပဲ ရတဲ့သူတွေကို ပြောတာ။ အာရှပစိဖိတ် ဒေသမှာ အများဆုံးပဲ။



နှပ်ချေးယို။ ။ ဒါကတော့ ကြိုးစားရမှာပေါ့၊ တရုတ်ပြည်မှာ ၁၉၉၀ ခုနှစ်လောက်ကဆို လူ ၃ ဦးမှာ တစ်ဦးဟာ လူမွဲစာရင်းဝင်တဲ့။ အခုတော့ လူ ၁၀ ဦးမှာ တစ်ဦးပဲ လူမွဲ စာရင်းဝင်တော့တယ်။ ဒါတွေကို အတုယူရမှာပေါ့။ အခု ဗီယက်နမ်မှာ လူငယ်တွေ အရပ်မြင့်ရေးကို စီမံကိန်းချပြီး အကောင်အထည် ဖော်နေပြီတဲ့။



နှပ်ချေးထူ။ ။ ဘာတွေ လုပ်မှာလဲ။



နှပ်ချေးယို။ ။ တစ်နိုင်ငံလုံး ၁၄ နှစ်အောက် လုငယ်တွေနဲ့ သက်ဆိုင်တယ်လေ။ သူတို့ကို ခန္ဒာကိုယ် ဖွံ့ဖြိုး တိုးတက်စေတဲ့ အစားအစာတွေကို ပုံမှန် စားသောက်နိုင်အောင်၊ ပြီးတော့ ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစားနဲ့ ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ရမှာပေါ့။ ဒုတိယ ကမ္ဘာစစ်က ဂျပန်ငပုလို့ အခေါ်ခံခဲ့ရတဲ့ ဂျပန်တွေရဲ့ အရပ်အမောင်းဟာ အခုဆို အားလုံးက မော့ကြည့်ရတဲ့ အခြေအနေ ရောက်နေပြီ မဟုတ်လား။ ဒါလည်း စီမံကိန်းချ ဆောင်ရွက်ခဲ့တာပဲ။ မကြာသေးခင်ကလည်း သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ နောက်ဆို မြန်မာ့လက်ရွေးစင် ဘောလုံးသမားဆို ၅ ပေ ၈ လက်မ အထက်ပဲ ရွေးတော့မယ်တဲ့။



နှပ်ချေးထူ။ ။ ကလေးမို့လို့ ကလေးစကား ပြောတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းလိုလို ကလေးသူငယ် စောင့်ရှောက်ရေး ကိစ္စတွေကို ဦးစားပေးသင့်တယ်။ ဒီနေ့ ကလေးတွေဟာ နောင်တစ်နေ့ရဲ့ လူကြီးအလောင်းအလျာတွေပဲ။ သူတို့ထဲမှာ နိုင်ငံကို အုပ်ချုပ်တဲ့သူတွေ မပါဘူးလို့ မပြောနိုင်ဘူး။



နှပ်ချေးတွဲလောင်း။ ။ နင်မပါဘူးလို့တော့ ပြောနိုင်ပါတယ်။



နှပ်ချေးယို။ ။ အဲဒါတွေက အဘက်ဘက်က ပြည့်စုံဖို့လိုတယ်။ တိုင်းပြည် စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်ရမယ်။ ဒေသတွင်း ငြိမ်းချမ်းရေလည်း ရှိရမယ်။ အာဖဂန်နစ္စတန်မှာဆို အကြမ်းဖက်မှုတွေကြောင့် ကျောင်းမသွားနိုင်တဲ့ ကလေး ၃ သိန်းကျော်တောင် ရှိတယ်တဲ့။



နှပ်ချေးတွဲလောင်း။ ။ ဒါဆို ကျောင်းမှန်မှန် တက်နေရတဲ့ တို့တစ်တွေ ကံထူးတာပေါ့နော်။





ဤတွင် နှပ်သဘင် ပြီး၍ သွားပါလေတော့သတည်း။





Ecovision၊ ၁၂ မတ် ၂၀၀ဂ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။