16 November 2012 |By Health Digest
(၁) ပုံမှန်အခြေအနေမှာ ဒဏ်ရာ (Wound) က သူ့ဘာသာသူ သွေး တိတ်သွားပါလိမ့်မယ်။ သွေးတိတ်ခြင်း က ပုံမှန်မဟုတ်ဘဲ ကြာရှည်နေရင် ဒဏ်ရာကို သန့်ရှင်းတဲ့ အဝတ်စ ဒါမှ မဟုတ် ပတ်တီးဖြင့် မိနစ် ၂၀ ခန့် အသာအယာဖိပေးပါ။ ဆက်ပြီး ဒဏ်ရာက သွေးထွက်နေသေးတယ် ဆိုရင် ဆေးဘက်ဆိုင်ရာ အကူအညီယူပါ။
(၂) ဒဏ်ရာကို ၁၅ မိနစ်ကြာ သန့်ရှင်းသောရေဖြင့် ဆေးကြောပေး ပါ။ ဒီလိုလုပ်ခြင်းက ဒဏ်ရာ အတွင်းရှိ ဖုန်စတဲ့ အညစ်အကြေးနှင့် အခြား သောအရာများကို ဖယ်ရှားလိုက် ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပိုးဝင်ခြင်း (Infection)ကို လျော့နည်းစေတယ်။ ဒဏ်ရာထဲမှာ စူးဝင်နေတဲ့ အစအန များ ကျန်နေသေးတယ်ဆိုရင် အရက် ပြန်နှင့် ပိုးသတ်ထားတဲ့ ဇာကနာကို သုံးကာ ဖယ်ရှားပါ။ ဒဏ်ရာကို ဆေး ကြောဖို့ ဆပ်ပြာ ဒါမှမဟုတ် လိုးရှင်း (Lotion) ကို မသုံးပါနှင့်။
(၃) Antiseptic Cream အလွှာပါး လေး လိမ်းပေးပါ။ ယင်းသို့ ပြုလုပ် ခြင်းက အနာထဲ ပိုးမဝင်အောင် ကာကွယ်ပေးပြီး ဒဏ်ရာကို သူ့ ဘာသာသူ အမြန်ကျက်စေပါတယ်။ အသုံးပြုတဲ့ ခရင်မ်နှင့် ဓာတ်မတည့် ခြင်းမျိုး ရှိ၊ မရှိ အသေအချာ ဂရုစိုက် ကြည့်ပါ။ (လက္ခဏာက ခရင်မ် အသုံး ပြုရာနေရာမှာ အနီကွက်ထခြင်းမျိုး ပါဝင်ပါတယ်။)
(၄) ဒဏ်ရာကို ပတ်တီးစည်းပါ။ ဒဏ်ရာ သေးရင် ပလာစတာနှင့် လုံ လောက်ပြီး ဒဏ်ရာကြီးရင် ပတ်တီး စည်းရပါမယ်။ ဒီလိုလုပ်ထားခြင်းဖြင့် ဒဏ်ရာကို နောက်ထပ် ထိခိုက်မိခြင်းမှ အကာအကွယ်ပေးသလို ပိုးဝင်ခြင်းမှ လည်း အကာအကွယ် ပေးပါတယ်။
(၅) ပတ်တီးကို နေ့စဉ်လဲပေးပါ။ အကောင်းဆုံးအချိန်ကတော့ ရေချိုး ပြီးစ ပတ်တီးစိုနေစဉ်မှာ ဖြစ်ပါတယ်။
(၆) အနာဒဏ်ရာ ကျက်စပြုရင် ပလာစတာ သို့မဟုတ် ပတ်တီးကို ချွတ်ပေးပါ။ အနာဒဏ်ရာကို လေသလပ်ခံ ပေးခြင်းက အနာကျက်ခြင်းနည်းစဉ် ကို လျင်မြန်စေပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။