24 November 2012 |By Popular News
ပြေဇင်က ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ရိုက် ကူးနေတဲ့ ‘၂၁ ရာစု သား တရားစီရင်ခန်း’ ဇာတ်ကားကို ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ဆုရွှန်းလဲ့ တို့နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ ပြေဇင်က စရိုက်ကြမ်းပြီး ဆုရွှန်းလဲ့ရဲ့ ယောက်ျား နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။
ပြေဇင်က ကားရိုက်တဲ့အခါမှာ အခုအချိန်ထိ ကိုယ့်ဘက် ကရွေးချယ်ပြီး ရိုက်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ်ရိုက်ရ တဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး တာဝန်ကျေအောင် သရုပ်ဆောင်ဖြစ်တယ်လို့ သိရပါတယ်။
”ဇာတ်ကားကို ဘယ်သူနဲ့ပဲရိုက်ရိုက် ပညာယူ ဖြစ်တယ်။သူတို့ရဲ့ ရိုက်ပုံ ရိုက်နည်းတွေက တစ်ယောက်နဲ့တစ်ယောက် တင်ပြပုံ မတူဘူးလေ။ ဦးညီကို ဒါကဘယ်လိုလေး ရိုက်တာလဲဆိုပြီး မေးတယ်။ သင်ယူရတယ်။ အဲဒီလို သင်ယူတဲ့အခါမှာ ပညာတွေလည်းရတယ်။ ကျွန်တော့်ကို ကားရိုက်ဖို့ခေါ်ကြ တဲ့ ဒါရိုက်တာတွေ အားလုံးက ကျွန်တော့် သင်ဆရာတွေပါပဲ။ ရိုက်ကွင်းပေါ်မှာလည်း ကားရိုက်ရင်းနဲ့ ရရင်ရသလို ပညာတွေကို သင်ယူဖြစ်တယ်။ လေ့လာဖြစ်တယ်”လို့ ပြောပါတယ်။ ”ကမ်းလှမ်းလာမယ့် ကုမ္ပဏီတွေနဲ့ မင်းသားတွေ ရှိလာမယ်ဆိုရင် ဒါရိုက်တာ အဖြစ် စိတ်ကူးရှိပြီး မရိုက်ဖြစ်ခဲ့ရင်လည်း ကိုယ်ရိုက်ပြချင်တဲ့ ဇာတ်လမ်း ပုံစံကို ကုမ္ပဏီတွေနဲ့ မင်းသားတွေကို ပြကြည့်ပြီး ရိုက်ကူးဖို့ လက်ခံတယ် ဆိုရင်တော့ ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ရှိပါတယ်”လို့ ပြေဇင်က ပြောပါတယ်။
ကားရိုက်နား နေတဲ့ အချိန်တွေမှာ ဘာတွေကို လေ့လာဖြစ်လဲလို့ မေးကြည့် တဲ့ အခါမှာ ပြေဇင်က “ကားရိုက်နားနေတဲ့ အချိန်တွေမှာ ကျွန်တော်တခြား လုပ်စရာအလုပ် ဘာမှမရှိတဲ့ အတွက်ကြောင့် ကျွန်တော်စာဖတ်တယ်။ ကျွန်တော် ရိုက်ချင်တဲ့ ဇာတ်မျိုးလေးတွေ ဖတ်ဖြစ်တယ်။ အိမ်မှာလည်း ကျွန်တော့်အဖေထားခဲ့တဲ့ စာအုပ်တွေကဖတ်လို့ မကုန်အောင် ရှိတဲ့အတွက် စာတွေဖတ်ဖြစ်တယ်”လို့ ပြောပါတယ်။ ပြေဇင်က ၂ဝ၁၃ ဇန်နဝါရီ ၅ရက်နေ့မှာ မင်္ဂလာပွဲ ပြုလုပ်မှာဖြစ်တဲ့အတွက် ကားရိုက်ရင်းနဲ့ အားရင် အားသလို မင်္ဂလာပွဲကိစ္စကို စီစဉ်ဖြစ်နေပြီး မင်္ဂလာဖိတ်စာ ကိုလည်း နှစ်ယောက်အတူ စိတ်ကြိုက်ရွေးချယ်ပြီး စီစဉ်ဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။