Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 10, 2012

အတ္တကို မြင်တွေ့ခြင်း...


ရုပ်ဝတ္ထုပစ္စည်းတိုင်းတွင် အရိပ်များ ရှိပါသည်... ကိုယ့်ကိုယ်တိုင်တွင်လည်း အရိပ်ရှိပါသည်။ အရိပ်ဆိုသည်မှာ ပုံသဏ္ဍာန်သာလျှင် ဖြစ်ပါသည်...။ ကောက်ကြောင်းများသာ ဖြစ်ပါသည်..။ ပီပီပြင်ပြင်ထင်ထင်ရှားရှား မဟုတ်ပါ...။ သို့သော် အရိပ်ဆိုသည်မှာ တကယ်ပင် ရှိပါသည်...။

လူသားတို့တွင် စိတ်၏ဦးဆောင်ရာသို့ ရုပ်သည်လိုက်ပါရသည်....၊ ရုပ်တွင် အရိပ်ရှိလျှင် ရုပ်ကို ဦးဆောင်သော စိတ်တွင်လည်း အရိပ်ရှိရပါမည်....။ ထို့ကြောင့် စိတ်တွင်လည်း အရိပ်ရှိပါသည်....။
ရုပ်၏အရိပ်ကို သာမန်မျက်စိဖြင့် မြင်နိုင်ပါသည်...။ စိတ်၏အရိပ်ကိုကား ပညာမျက်စိဖြင့် သာလျှင် မြင်နိုင်ပါမည်။
လူတို့သည် သာမန်အားဖြင့် ရုပ်ဝတ္ထုများ၏ အရိပ်ကိုပင် မမြင်မတွေ့မိသော... ဂရုမပြုမိသော အချိန်များ များစွာရှိနေခဲ့ရာ.. သတိနှင့်အသိတို့ဖြင့် ကြည့်ရှုရသော စိတ်၏ အရိပ်ကိုကား မြင်နိုင်ရန် လွန်စွာဝေးကွာ လွန်းလှပါသည်....။
စိတ်တွင် အရိပ်များ ရှိပါသည်....။ ထိုအရိပ်များကြောင့်ပင်လျှင် သတိရခြင်း....၊ တမ်းတခြင်း...၊ ကြည်နူးခြင်း..ကျေနပ်ခြင်း စသည့် စိတ်ခံစားမှုများကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်....။ ထိုအရိပ်များကို ပြန်လည်ပြုပြင်၍ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားခဲ့ကြခြင်းဖြစ်ပါသည်...။
စိတ်၏ အရိပ်များသည်ပင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တည်းဟူသော ကာလ(၃)ပါးကို ဖြစ်ပေါ်စေပါသည်..။
ထိုအရိပ်များ၏ ရိုက်ခတ်မှုသည်ပင် နူးညံ့ခြင်းနှင့် ရက်စက်ခြင်းများကို ဖြစ်ပေါ်စေပါသည်။
အရိပ်များကို ကြည့်၍ပင် အကောင်း အဆိုး၊ လှပခြင်းနှင့် အကျည်းတန်ခြင်းများကို ဖန်တီးကြပါသည်......၊
စိတ်၏ အရိပ်များသည် ဘ၀၏ ရှေ့ဆောင်တရားများပင်ဖြစ်ပါသည်..။ ကိုယ်ပြုခဲ့သမျှ စိတ်၏အရိပ်များကို မှတ်မှတ်သားသားကြည့်ရှုခံစာနိုင်လျှင်.. အတိတ်က အကျည်းတန်ခဲ့သော အရိပ်များကို ပြန်လည်ပြုပြင်၍ လှပသည့် နှစ်သက်သည့် အရိပ်သစ်များကိုဖန်တီးကြပါသည်....။
စိတ်၏ အရိပ်များကို မည်သူဖန်တီးပြုပြင်နေပါသနည်း... ကိုယ် ကိုယ်တိုင်ပင် ဖြစ်ပါ သည်။ တစ်ခဏအတွင်းအဆောတလျင် ဆုံးဖြတ်ခဲ့ခြင်း... စိတ်ရှည်လက်ရှည် သေချာစွာတွေးတော၍ ဆောင်ရွက်ခဲ့ခြင်းစသည့် စိတ်၏စေစားရာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသမျှ အရိပ်များသည်... ပစ္စုပ္ပန်တွင် မည်သို့ ဖြစ်ပေါ်စေကာမူ... အနာဂတ်တွင် ကွာခြားသောသက်ရောက်မှုများ ကို စီမံပေးစွမ်းပါသည်....။ အရိပ်ဟောင်းလေးများကို တမ်းတချိန်နှင့် ရွံမုန်းချိန်များသည် လူသားတိုင်းတွင် ရှိနေကြပါသည်...။
ထို တမ်းတချိန်နှင့် ရွံမုန်းချိန်လေးများသည် မိမိကိုယ်တိုင်၏ ပြုမူဆောင်ရွက်မှုကြောင့် ဖြစ်လာခဲ့သလို ကိုယ်တိုင် မည်သို့မျှ ပြောင်းလဲရန် မတတ်နိုင်ခဲ့သော အခြေအနေများလည်း ရှိခဲ့ပါသည်။
ထို အရိပ်လေးများသည် ပြုပြင်နိုင်သော အခြေအနေတွင် ရှိသလို မပြုနိုင်သော အခြေအနေတွင်လည်း ရှိနေခဲ့ကြပါသည်...။
ထို့ကြောင့် အနာဂတ် လှပစေဖို့အတွက် စိတ်၏ အရိပ်ကလေးအား မပြတ်မလတ်သော အသိဖြင့် စောင့်ကြည့်နေနိုင်ရန် လိုအပ်မည် ဖြစ်သည်ဟု တွေးတောမိပါသည်...။
သက်ရှိသတ္တ၀ါဖြစ်သော.... အခြေအနေအရပ်ရပ်ကို ပြုပြင်ပြောင်းလဲနိုင်သော... အသိဥာဏ်ရှိသော လူသားဟူသမျှသည်... စိတ်၏ အရိပ်ကလေးများကို ပိုင်ဆိုင်သူများဖြစ်သည်နှင့် အညီ ရှေ့ဆက်၍ လှပသော အရိပ်ကလေးများကို ဖန်တီးနိုင်ကြသူများလည်း ဖြစ်ပါသည်....။
ဘ၀ကွာခြားချက်များအရ လှပသောအရိပ်ကလေးများကို အားလုံးဖန်တီးနိုင်ရမည်ဟု မဆိုလိုပါ...၊ တတ်နိုင်သမျှ... ခွင့်လွှတ်ခြင်း...၊ သည်းခံခြင်း...၊ ကိုယ်ချင်းစာခြင်း...၊ နားလည်ပေးခြင်းနှင့် ပြုပြင်ပေးခြင်း..၊ ပြုပြင်ပေးလိုခြင်း.. ဟူသောမွန်မြတ်သည့် သူတော်ကောင်းတရားတို့အား တတ်နိုင်သမျှ လက်ကိုင်ထား၍ လှပသော အရိပ်ကလေးများကို ဖန်တီးနိုင်ကြလျှင်အစက်ကလေးတစ်စက်မျှသော အရိပ်လှလှလေးများမှသည် ကြီးမားကျယ်ပြန့်သောအရိပ်လွင်ပြင်ကြီးအား ခိုလှုံနိုင်ကြမည် ဖြစ်ပါသည်...။
စိတ်၏ အရိပ်များအား ရုတ်တရက်ကြည့်လျှင် ပီပြင်ထင်ရှားမှုများ မှုံဝါးနေမည်ဖြစ်သော် လည်း သတိထား၍ ကြိမ်ဖန်များစွာ စောင့်ကြည့်လျှင် ကြည်လင်သော ရေအပြင်တွင် မြင်ရသကဲ့သို့ မိမိ၏ စိတ်သဏ္ဍာန်အား ထင်ရှားစွာ မြင်တွေ့ရမည်ဖြစ်ပါသည်...။
ထိုသို့ မြင်တွေ့ရခြင်းသည် အနာဂတ်အတွက် လှပသော ပုံရိပ်များထုဆစ် ဖန်တီးနိုင်ရန် ကုန်ကြမ်းပစ္စည်းရရှိခြင်းပင်ဖြစ်ပါသည်....။ တစ်နည်းအားဖြင့် အတ္တ (Ego) ကို ပြန်လည်မြင်တွေ့ခြင်းပင် ဖြစ်ပါသည်...။ အတ္တကို မြင်တွေ့လျှင်... စွန့်ပယ်ရမည့် စိတ်၏အရိပ်ကို သေချာစွာ မြင်တွေ့ပြီး ဖြစ်ပါသည်။
စိတ်၏ တည်ငြိမ်မှုနှင့် တည့်မတ်မှန်ကန်မှုဟူသာ.... သမာဓိတရားခိုင်မာလာပါက ကြည်လင်သန့်စင်သောစိတ်၏ အရိပ်ကလေးအား ထင်ရှားစွာ မြင်တွေ့၍ လှပသော အနာဂတ်များကို ပုံဖော် ဖန်တီးနိုင်ကြပါစေကြောင်းခင်ဗျား....
http://www.lubo601.com/2012/11/blog-post_4317.html#more

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။