ခြေထောက်ကနေ ချွေးတွေ အထွက်များပြီး အနံ့ဆိုးရတာကို ခြေဆီထွက်တယ်လို့ ခေါ်ကြပါတယ်။ ခြေဖဝါးမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ထွက်တဲ့ ချွေးတွေ ပေါင်းစပ်ရာက အနံ့ဆိုး ထွက်ရှိတာ ဖြစ်ပါတယ်။ ခြေဆီအထွက်များပြီး အနံ့နံနေရင် ကာယကံရ
ှင်ရော ဘေးပတ်ဝန်းကျင်က လူတွေပါ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ခြေဆီအထွက်များပြီး အနံ့နံနေသူတို့အတွက် လုပ်ဆောင်နိုင်တဲ့ အလွယ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
- ခြေဖဝါးကို ပုံမှန် ဆေးကြောသန့်စင်ပေးပါ။ ခြေဖဝါးကို ရေချိုးချိန်မှာသာမက အပြင်ကနေ အိမ်ပြန်ရောက်ချိန်မှာ ဆေးကြောပြီး ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။
- ခြေစွပ်ဝတ်မယ်ဆိုရင် ချည်သားနဲ့ လုပ်ထားတဲ့ အမျိုးအစားကို ရွေးချယ်ပါ။ နိုင်လွန်နဲ့ လုပ်ထားတဲ့ ခြေစွပ်ကို ရှောင်ပါ။
- ရှူးဖိနပ်ထဲမှာ ပေါင်ဒါမှုန့် ဖြူးထားပါ။ တကယ်လို့ ရှူးဖိနပ်မှာ ခြေဆီနံ့ စွဲနေရင် တစ်ရက်လောက် နေပူလှန်းထားပြီးမှ စီးသင့်ပါတယ်။
- ခြေထောက်က အနံ့နံနေရင် ညနေ အိမ်ပြန်ရောက်ချိန်မှာ ဆား ဒါမှမဟုတ် ဆော်ဒါမှုန့် ဒါမှမဟုတ် ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ထားတဲ့ ရေဇလုံထဲမှာ ခြေထောက်ကို စိမ်ပေးပါ။ ပြီးရင် ခြေထောက်ကို ခြောက်သွေ့အောင် သုတ်ပေးရပါမယ်။
ကြယ်စင်
By Good Health
http://shwebeauty.com/?p=4293

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။