13 November 2012 |By Popular News
နေတိုးက 'အောင်မြင်၊ ကျော်ကြား၊ စူးရှ၊ ထက်မြက်' ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာ ၄ ကိုယ်ခွဲ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်နေပြီး ဒီဇာတ်ကားက နေတိုးအတွက် ပထမဆုံး ၄ ကိုယ်ခွဲ ဇာတ်ရုပ်လည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး နေတိုးက.."ဇာတ်ရုပ်အရ ၄ယောက် အဆုံ ခန်းလေးတွေကို နည်းပညာပိုင်းနဲ့ ထည့်ပြီး ရိုက်မယ်။ ပလော့လေးတွေကို အရင်နဲ့ မတူတဲ့ ဆန်းတာလေးတွေ တွေ့ရမယ်။ ၄ကိုယ်ခွဲ ၄ ယောက်ရဲ့ နာမည်က ဇာတ်ကားနာမည် အတိုင်းပဲ။ စတူဒီယို ရိုက်ကူးမှု ပုံစံတွေ လည်း ပြောင်းထားတယ်။ ၄ကိုယ်ခွဲ ဆိုပေမယ့် ခက်ခဲမှုတော့ မရှိပါဘူး။ တင်ပြပုံ ဇာတ်ကွက်တွေလည်း ဆွဲဆောင်မှု ရှိအောင် ပရိသတ်ကို ပြန်လှည့်ပြီး ဇာတ်ကို ကစားထားတယ်"လို့ ပြောပြပါတယ်။
နေတိုးက ၄ကိုယ်ခွဲ ဇာတ်ရုပ် ရိုက်ကူးမှု နဲ့ပတ်သက်ပြီး ဇာတ်လမ်းကိုတော့ ကုမ္ပဏီက ရွေးချယ်ပေးတာဖြစ်ပြီး၊ ပရိ သတ်တွေအနေနဲ့ မတူတဲ့ ပုံစံ တစ်မျိုးကို ကြည့်စေချင်တဲ့အတွက် ဖြစ်ကြောင်း၊ ၄ကိုယ်ခွဲ ဖြစ်တဲ့အတွက် ပိုပင်ပန်း၊ ပိုဂရုစိုက်ရပြီး ကိုယ်ခွဲ ရိုက်ကူးမှု ပုံစံကို သေချာ လေ့လာပြီးမှ ရိုက်ကြတာ ဖြစ်ကြောင်း တအားကြီး ပြင်ဆင်စရာတော့ မလိုဘဲ သူရိုက် ဖူးနေကျ ဇာတ်ရုပ်တွေဖြစ်ကြောင်း နေတိုးက ပြောပြပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။