22 November 2012 |By Good Health
လူ့အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ Probiotic အားဖြည့် ဆေးဝါးတွေဟာ အအေးမိ
ဝေဒနာကို တွန်းလှန် နိုင်ကြောင်း လေ့လာမှုအရ တွေ့ရှိခဲ့ရပါ တယ်။ တက္ကသိုလ် ကျောင်းသားတွေ ဟာ အိပ်ရေးမဝဖြစ် တတ်ကြပြီး စိတ်ဖိစီးမှု များကာ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် နေထိုင်ရတာကြောင့် အအေးမိဝေဒနာ နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို မကြာခဏ ခံစားရလေ့ရှိတယ် လို့ သုတေသီတွေက ဆိုပါတယ်။ လေ့လာသူတွေက အအေးမိဝေဒ နာခံစားနေရတဲ့ တက္ကသိုလ် ကျောင်းသားတွေကို လူ့အကျိုးပြု ဘက်တီးရီးယားပါ ဝင်တဲ့ Probiotic အားဖြည့်ဆေးကို မှီဝဲစေပြီး လေ့လာခဲ့ရာ အားဖြည့်ဆေး သောက်အပြီးမှာ အအေးမိရောဂါဖြစ် တဲ့ကြာချိန်ဟာ ပုံမှန်ထက် နှစ်ရက် နည်းသွားပြီး ရောဂါလက္ခဏာဟာလည်း ပုံမှန်ထက် ၃၄ ရာခိုင်နှုန်း ပြင်းထန်မှု လျော့နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နှာပိတ်တာနဲ့ လည်ချောင်းနာတာ လိုမျိုး အအေးမိဝေဒနာ လက္ခဏာတွေ ဟာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတုန့်ပြန်တဲ့ စနစ်က ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နေတာ ကြောင့်ပါ။ Probiotic အားဖြည့်ဆေး တွေဟာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတုန့် ပြန်မှုကို လျှော့ချနိုင်တဲ့အတွက် ခုခံ အားစနစ်ရဲ့ တုံ့ပြန်မှုကို ထိန်းချုပ်ထား နိုင်လို့ပါ။
http://yoyarlay.com/health/therapy/32532-2012-11-22-06-19-37

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။