ဂစ်တာဂုရုကြီး Zakk Wylde ရဲ့ တစ်ကိုယ်တော် အယ်ဘမ်အသစ်
………………………………………………………
SSFS ရဲ့ ရပ်နီးရပ်ဝေးမှ မိတ်ဆွေ
ညီအကို သူငယ်ချင်းများ အားလုံး ပျော်ရွှင်မူနဲ့
ပြီးပြည့်စုံပြီး လိုအင်ဆန္ဒတွေ အားလုံပိုင်ဆိုင်နိုင်မယ့် နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့ SSFS ကနှစ်သစ်မှာဂစ်တာဂုရုကြီး တစ်ဦးဖြစ်တဲ့ Zakk Wylde ရဲ့ တစ်ကိုယ်တော် အယ်ဘမ်အသစ် Book of Shadows II နဲ့ စတင်ပေးလိုက်ပါမယ်။ ဒါဟာ Ozzy Osbourne ရဲ့ ဂစ်တာသမား Pride & Glory, Black Label Society အဖွဲ့တွေရဲ့ ဦးဆောင်လူ, အဆိုတော် နဲ့ ဂစ်တာသမားကြီး Zakk ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်ဘမ်ပဲဖြစ်ပါတယ်။
သူ့ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် အယ်ဘမ် Book of Shadows (1996) ထွက်ရှိအပြီး နှစ်ပေါင်းနှစ်ဆယ် အကြာမှာ ထွက်ရှိလာတဲ့ ဒုတိယ အယ်ဘမ်ပဲဖြစ်သလို ပထမအယ်ဘမ် အတိုင်းပဲ အခူးစတစ်ဂစ်တာသံတွေနဲ့ အတူ သူ့ရဲ့ ဂစ်တာဆိုလို တွေကို ကြားရမှာပါ။
Zakk ဟာ Ozzy Osbourne က 82' မှာ ဂစ်တာသမား Randy Rhoads ကြွေလွင့်ခဲ့ရပြီးနောက် ဝင်ရောက်လာတဲ့ Jake E. Lee ရဲ့ နေရာ ကိုထပ်မံဝင်ရောက်လာတဲ့ Ozzy ကြီးရဲ့ တတိယမြောက် ဂစ်တာသမားပဲဖြစ်သလို ozzy နဲ့ အကြာဆုံး လက်တွဲခဲ့တဲ့ ဂစ်တာသမား လည်းဖြစ်ခဲ့တာပါပဲ။ Randy Rhoads နဲ့ အယ်ဘမ် နှစ်ချပ်, Jake E. Lee နဲ့ အယ်ဘမ် နှစ်ချပ်, Zakk နဲ့က အယ်ဘမ် ငါးချပ် ထွက်ရှိထားခဲ့တာကို ကြည့်ရင် ဒီအဖြေက အမှန်ဆုံးဖြစ်မှာပါ။
Ozzy ကြီးနဲ့အယ်ဘမ် ထွက်ရှိခဲ့တဲ့ ဂစ်တာသမားက ငါးယောက်ပဲဖြစ်ပြီး ကျန်တဲ့ Cover (ပြန်ဆို) အယ်ဘမ်ဖြစ်တဲ့ Under Cover (2005) မှာ Jerry Cantrell (Alice in Chains), Scream (2010) မှာ Guss G တို့ပဲဖြစ်သလို Zakk ကတော့ Ozzy ကြီးနဲ့ အတူ
No Rest for the Wicked (1988)
No More Tears (1991)
Ozzmosis (1995)
Down to Earth (2001)
Black Rain (2007)
တို့ပဲဖြစ်ပါတယ်။ အထူးသဖြစ်တော့ Zakk နဲ့ ထွက်ရှိခဲ့တဲ့ Ozzy ကြီးရဲ့အယ်ဘမ်တွေထဲက သီချင်းတွေဟာ ကျွန်တော် တို့ဆီမှာ ပြန်ဆိုတာပိုများမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ Zakk ကိုပိုမိုရင်းနှီးခဲ့မှာပါ။
Pride & Glory နဲ့က အယ်ဘမ်တစ်ချပ်ပဲ ထွက်ရှိခဲ့ပြီး သူ့ရဲ့ အဓိက တီးဝိုင်း Black Label Society နဲ့ကတော့ အယ်ဘမ် ၁၀ ချပ်ရယ် best of နဲ့ live အယ်ဘမ် ၆ ချပ်ထွက်ရှိထားခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် Zakk Wylde နံမည်နဲ့က အယ်ဘမ် နှစ်ချပ်ပဲထွက်ရှိထားခဲ့သလို ဒီအယ်ဘမ် နှစ်ချပ်လုံးက ပုံစံတစ်မျိုးကွဲထွက် နေခဲ့တာကို Book of Shadows (1996) ပထမ အယ်ဘမ်နားထောင်ဖူးသူတိုင်း သတိထားမိမှာပါ။ နှစ်နှစ်ဆယ်အကြာ အခုထွက်လာတဲ့ အယ်ဘမ်ဟာလည်း သူ့ရဲ့ ပထမအယ်ဘမ်ရဲ့ အဆက်လို့တောင် ပြောရမှာဖြစ်ပြီး နံမည်ပေးထားတာ ကိုက Book of Shadows II ပဲဖြစ်ပါတယ်။
ထုံးစံအတိုင်း အခူးစတစ် ဂစ်တာသံတွေနဲ့အတူ သူရဲ့ ဂစ်တာဆိုလို လှလှလေးတွေကို ခံစားရမှာပါ။ Loudwire ကတော့ southern rock, country, blues and americana ပုံစံတွေ ပေါင်းစပ်ပါဝင်ထားတဲ့ heavy rock နဲ့ metal သမားတစ်ယောက်ရဲ့ အယ်ဘမ် အဖြစ်ပြောထားခဲ့သလို အခူးစတစ် ဂစ်တာသံတွေဖုံးလွှမ်းနေခဲ့တဲ့အပြင် မာကျောပြီး သိမ်မွေ့နူးညံပျော့ပြောင်းမှုတွေကိုလည်း တစ်ပြိုင် တည်းတွဲပြီး ခံစားရမှာဖြစ်ပါတယ်။ ညဥ့်နက်ပိုင်းတွေမှာ ဒီအရသာကို ပိုမို ခံစားမိမှာဖြစ်ပြီး ပီယာနို သံတွေ တစ်ယော သံတွေ နဲ့အတူ Zakk ရဲ့ electric ဂစ်တာ ဆိုလို သံတွေဟာ လှပပြည့်စုံနေခဲ့တဲ့ အပြင်
ရသတစ်မျိုး ကိုလည်း ခံစားရမှာပါပဲ။ ဒီအယ်ဘမ်ဟာ နားထောင်ကြည့်ပြီးရင်တော့ တံဆိပ်ကပ်ဖို့ စိတ်ပါလက်ပါ ရှိတော့မှာမဟုတ်တာတော့ ကျိန်းသေလောက်ပါတယ်။
အထူးသဖြစ် သူ့ရဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Book of Shadows ဟာ Southern rock နဲ့ folk rock ပုံစံတွေဆိုတာ ခင်ဗျားတို့ ခံစားမိဖူးပြီးသား ဖြစ်ခဲ့မှာပါ။ အဲဒီအယ်ဘမ်ထဲက Between Heaven and Hell မှာ အခူးစတစ်ဂစ်တာ နဲ့ ဟာမူနီးကား အင်တိုလ် လေးကိုနားထောင် လိုက်ရတာနဲ့တင် ဒီအရသာကို ခံစားမိမှာပဲ ဖြစ်ပြီး Road Back Home မှာ southern rock ဟန်တွေကို အဓိကတွေ့ရဖြစ်သလို Throwin' It All Away သီချင်းဟာ Zakk ရဲ့ အရင်းနှီးဆုံး မိတ်ဆွေလည်းဖြစ်သလို တောက်ပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ထားပေမယ့် အကြွေစောခဲ့ရတဲ့ Blind Melon ရဲ့ အဆိုတော် Shannon Hoon ရဲ့ အကြောင်းကို ရေးသားပေးထားခဲ့တာဖြစ်ပါတယ်။ (Shannon Hoon ကတော့ GN'R ရဲ့ Use Your Illusion အယ်ဘမ်ထဲက Don't Cry သီချင်းမှာ backing လိုက်ပေးထားသလို တစ်ခြားသီချင်း တွေမှာလည်းပါဝင်ပေးထားပါတယ် သူ့ရဲ့ Blind Melon နဲ့ အယ်ဘမ်တွေဟာလည်း အမိုက်စား အယ်ဘမ်တွေပါပဲ)
အခုထွက်ရှိလာတဲ့ အယ်ဘမ် အသစ်ဖြစ်တဲ့ Book of Shadows II အယ်ဘမ်မှာတော့ အဖွင့်သီချင်း ဖြစ်တဲ့ Autumn Changes နဲ့တင် ဒီအယ်ဘမ်ရဲ့ အရသာကို စတင်ခံစားမိမှာပဲ ဖြစ်သလို Eyes of Burden သီချင်းမှာ ဂန္တဝင် southern rock တီးဝိုင်း Lynyrd Skynyrd ရဲ့ အငွေ့အသက်တွေ Darkest Hour, Sorrowed Regert, Sleeping Dogs စတဲ့ သီချင်းတွေမှာ KB သံတွေ electric ဂစ်တာသံတွေ ရဲ့ ပေါင်းစပ်ထားပုံတွေကြောင့် ကွဲပြားတဲ့ ရသပုံစံကို ခံစားရအုံးမှာပဲ ဖြစ်ပါတယ်။ ဒါဟာ southern rock (သို့) blues (သို့) country rock စသဖြစ် အရသာမျိုးစုံ ခံးစားမိမှာ ဖြစ်ပါတယ်။ Zakk ရဲ့ အသံဟာ ပြည့်စုံလွန်းတယ် လိုတော့မပြောနိုင်သလို ဒီလူကြီးဟာ
ပုံစံမျိုးစုံကို ဘုရားပေးထားတဲ့ သူ့ရဲ့ အသံနဲ့ ပိုင်ပိုင်နိုင်နိုင် သေသေသပ်သပ် ဆိုနိုင်တယ် ဆိုတာကတော့ ကျိန်းသေလွန်းနေမှာပါ။
ကျွန်တော်တို့ စကော်ပီယံများက ဘော်ဒါတွေ အတွက် သူ့ရဲ့ 1996 ကထွက်ထားတဲ့ Book Of Shadows နဲ့ ဒီလ ၈ ရက်နေ့ကမှ ထွက်ထားတဲ့ Book Of Shadows II အယ်ဘမ် နှစ်ချပ်လုံးကို ဒေါင်းဖို့ လင့်တွေပါဖြည့်ဆည်း ပေးထားပါတယ်။
…\ထွဋ်/…
ခင်သောမင်သော
စေကာ္ပီယံမ် ား
DL : http://www.mediafire.com/download/gi1f8w8903balzd/BOS96.rar
DL : http://www.mediafire.com/download/ncyxop6frox2wnm/BOS16.rar
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။