အမှိုက်မကောက်ရင်နေပါ … အမှိုက်မပစ်ပါနဲ့ …
မိမိ မိသားစုဝင်၊ သူငယ်ချင်း၊ သားသမီး၊ လုပ်ဖော်ကိုင်ဖက်၊ ၀န်ထမ်းများကို လမ်းပေါ်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်းကို ရှက်စရာကောင်းသော အမူအကျင့်အဖြစ်ပြောပါ။
၎င်းတို့ အဲဒါမျိုးလုပ်ခဲ့ရင် ဝေဖန်၍ အကျိုးအကြောင်း ပြောပြပါ။ ကိုယ်ကိုယ်တိုင်က စံပြအဖြစ်နေထိုင်ပါ။ တိုင်းပြည်တိုးတက်ချင်ရင် အမှိုက်ကို စည်းကမ်းတကျ ပစ်တာကနေ စရပါတယ်။
ကျွန်တော်ဆိုရင် အရင်က ဒီလိုပဲ ဂရုမစိုက်ပဲ ဟိုပစ် ဒီပစ်နေခဲ့တာပါပဲ။ လွန်ခဲ့တဲ့ ၉ နှစ်လောက်က အလုပ်လုပ်တော့ Chairman က ဦးလေးအရင်း၊ သူက အမှိုက်ပစ်တာ တော်တော်မကြိုက်တဲ့သူ၊ အဲဒီတော့ သူ့ကိုကိုယ်တွေက လေးစားကြတော့ ကိုယ်တွေလည်း မပစ်ဖြစ်တော့ဘူးပေါ့။ ကိုယ့်ဝန်ထမ်းတွေ ရှေ့မှာလည်း ဆင်ခြင်နေရင်းနဲ့ လုံးလုံးကို မပစ်ဖြစ်တော့ဘူး။
အမှိုက်ပစ်တာက ကူးစက်ရောဂါလိုပဲ။ လမ်းတစ်လမ်းမှာ တစ်နေရာမှာ ခွေးစာလေး စကျွေးကြည့်၊ အမှိုက်လေး နည်းနည်းချကြည့်၊ အခြားလူတွေက ဒီနေရာအမှိုက်ပစ်လို့ ရတယ် ထင်လာတယ်၊ ပြီးရင် ပစ်ချင်ရာ ပစ်တော့တာပဲ။ ရန်ကုန် ပြည်လမ်း ရင်ပြင်ရှေ့ ရွှေတိဂုံဘုရားဖူးလို့ရတဲ့ လမ်းမပေါ်မှာ ကားစီးသွားရင်း တော်ရုံတန်ရုံလူ ဘယ်အမှိုက်ပစ်ရဲမလဲ၊ သန့်နေတာကိုး။
တစ်ခါတုန်းက ၂၀၀၉ လောက်ဖြစ်မယ်၊ ကျွန်တော် တာဝန်ယူစီမံခန့်ခွဲတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ၀န်ထမ်း ၆၀ လောက်ရှိမယ်၊ သန့်ရှင်းရေးလုပ်တာ ဘယ်လိုမှကို စိတ်တိုင်းမကျတဲ့ အခြေအနေဖြစ်လာတယ်၊ ဘယ်လို Checklist တွေနဲ့ စစ်သည်ဖြစ်စေ လိုချင်သလောက်မရဘူး၊ ကောင်းမလာဘူး။ ကျွန်တော်က Management လုပ်ရင် နေ့စဉ်လိုက်ပြောနေရတာထက် စနစ်နဲ့လည်နေတာမျိုးကို ကြိုက်တယ်၊ နေ့တိုင်း ဒါပဲ ပြောနေရရင် ရှေ့မရောက်ဘူး။ Planning, Organizing, Leading, Controlling တစ်ပတ်လည်ရင် ကစားကွက်ကောင်းရင် အိမ်မှာနေရင်တောင် under-control ဖြစ်နိုင်ပါတယ်။
အဲဒါနဲ့ အမှိုက်ကိစ္စက ဘာကြောင့်လည်း အဖြေရှာရင်း သူတို့အဆောင်ကို ရောက်သွားတယ်၊ အားလားလား နေရာတကာမှာ ကွမ်းတံတွေးတွေ ဖိနပ်စုတ်တွေ၊ သဲတွေ၊ အင်္ကျီ ဘောင်းဘီ အဟောင်းတွေ မလျှော်ပဲထားတဲ့ အ၀တ်တွေ တစ်ရှူးသုံးပြီးသားတွေရောပေါ့။
အဲဒါနဲ့ အဲဒီအခြေအနေတွေကို ဓါတ်ပုံရိုက်၊ မန်နေဂျာခေါ် သန့်ရှင်းရေး
လုပ်ခိုင်း၊ ဓါတ်ပုံတွေကို အဆောင်မှာကပ်၊ နောက်ဆုံး 5 S ထဲကလို Before/
After ပုံတွေ ကပ်တဲ့အခါ ၀န်ထမ်းတွေလည်း မြင်သာလာတယ်။ အဲဒီအခါမှာ
အလုပ်ခွင်သန့်ရှင်းရေးပါ အလိုလိုကောင်းလာပါတယ်။
မျက်စိဖွင့်ကတည်းက အမှိုက်ပုံမှာ နေနေရင် အမှိုက်နဲ့ တူတဲ့ ရလာဒ်တွေပဲ ရလာလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံတိုးတက်ချင်ရင် အမှိုက်တွေအရင်ရှင်းရမယ်။ အရင်အမှိုက်တွေကိုရှင်းဖို့အ တွက်
နောက်အမှိုက်တွေ မဖွမှရမယ်။ အဲဒါကြောင့် အခု နှစ်သစ်ကစပြီး ကိုယ်တိုင်လည်း
မပစ်ပဲနေကြရအောင်၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း
အမှိုက်ပစ်တာရှက်စရာလုပ်ရပ်ဆိုတာ သိလာအောင် လုပ်ပေးကြရအောင်ပါ။
ကျွန်တော်ဆိုရင် သန့်ရှင်းရေးလုပ်တာတော်တဲ့ မိန်းမရှာယူထားတယ်၊ သားနှစ်ယောက်နဲ့ ကျနော်က ဖွ၊ သူကရှင်း 😬😬😬😄 စတာပါ၊ သန့်ရှင်းရေးက အိမ်ကနေစရပါမယ်၊ အိမ်ကနေ လမ်း၊ ရပ်ကွက်၊ မြို့နယ် ပြီးတော့မှ တစ်နိုင်ငံလုံး ကောင်းလာမှာပါ။ အခုဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ကစပြီး တစ်ဦးချင်းစီကနေ ပြုပြင်ကြရအောင်။
ကိုနိုင်ကြီး MBA(UK)
Certified NLP Master Practitioner
Certified John Maxwell Team Member
၁၇.၄.၂၀၁၆
နှစ်ဆန်းတစ်ရက်နေ့
#KoNaingGyiNotes
#NaingWinAungCoach
Photo - Thiri Su
မိမိ မိသားစုဝင်၊ သူငယ်ချင်း၊ သားသမီး၊ လုပ်ဖော်ကိုင်ဖက်၊ ၀န်ထမ်းများကို လမ်းပေါ်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်းကို ရှက်စရာကောင်းသော အမူအကျင့်အဖြစ်ပြောပါ။
၎င်းတို့ အဲဒါမျိုးလုပ်ခဲ့ရင် ဝေဖန်၍ အကျိုးအကြောင်း ပြောပြပါ။ ကိုယ်ကိုယ်တိုင်က စံပြအဖြစ်နေထိုင်ပါ။ တိုင်းပြည်တိုးတက်ချင်ရင် အမှိုက်ကို စည်းကမ်းတကျ ပစ်တာကနေ စရပါတယ်။
ကျွန်တော်ဆိုရင် အရင်က ဒီလိုပဲ ဂရုမစိုက်ပဲ ဟိုပစ် ဒီပစ်နေခဲ့တာပါပဲ။ လွန်ခဲ့တဲ့ ၉ နှစ်လောက်က အလုပ်လုပ်တော့ Chairman က ဦးလေးအရင်း၊ သူက အမှိုက်ပစ်တာ တော်တော်မကြိုက်တဲ့သူ၊ အဲဒီတော့ သူ့ကိုကိုယ်တွေက လေးစားကြတော့ ကိုယ်တွေလည်း မပစ်ဖြစ်တော့ဘူးပေါ့။ ကိုယ့်ဝန်ထမ်းတွေ ရှေ့မှာလည်း ဆင်ခြင်နေရင်းနဲ့ လုံးလုံးကို မပစ်ဖြစ်တော့ဘူး။
အမှိုက်ပစ်တာက ကူးစက်ရောဂါလိုပဲ။ လမ်းတစ်လမ်းမှာ တစ်နေရာမှာ ခွေးစာလေး စကျွေးကြည့်၊ အမှိုက်လေး နည်းနည်းချကြည့်၊ အခြားလူတွေက ဒီနေရာအမှိုက်ပစ်လို့ ရတယ် ထင်လာတယ်၊ ပြီးရင် ပစ်ချင်ရာ ပစ်တော့တာပဲ။ ရန်ကုန် ပြည်လမ်း ရင်ပြင်ရှေ့ ရွှေတိဂုံဘုရားဖူးလို့ရတဲ့ လမ်းမပေါ်မှာ ကားစီးသွားရင်း တော်ရုံတန်ရုံလူ ဘယ်အမှိုက်ပစ်ရဲမလဲ၊ သန့်နေတာကိုး။
တစ်ခါတုန်းက ၂၀၀၉ လောက်ဖြစ်မယ်၊ ကျွန်တော် တာဝန်ယူစီမံခန့်ခွဲတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ၀န်ထမ်း ၆၀ လောက်ရှိမယ်၊ သန့်ရှင်းရေးလုပ်တာ ဘယ်လိုမှကို စိတ်တိုင်းမကျတဲ့ အခြေအနေဖြစ်လာတယ်၊ ဘယ်လို Checklist တွေနဲ့ စစ်သည်ဖြစ်စေ လိုချင်သလောက်မရဘူး၊ ကောင်းမလာဘူး။ ကျွန်တော်က Management လုပ်ရင် နေ့စဉ်လိုက်ပြောနေရတာထက် စနစ်နဲ့လည်နေတာမျိုးကို ကြိုက်တယ်၊ နေ့တိုင်း ဒါပဲ ပြောနေရရင် ရှေ့မရောက်ဘူး။ Planning, Organizing, Leading, Controlling တစ်ပတ်လည်ရင် ကစားကွက်ကောင်းရင် အိမ်မှာနေရင်တောင် under-control ဖြစ်နိုင်ပါတယ်။
အဲဒါနဲ့ အမှိုက်ကိစ္စက ဘာကြောင့်လည်း အဖြေရှာရင်း သူတို့အဆောင်ကို ရောက်သွားတယ်၊ အားလားလား နေရာတကာမှာ ကွမ်းတံတွေးတွေ ဖိနပ်စုတ်တွေ၊ သဲတွေ၊ အင်္ကျီ ဘောင်းဘီ အဟောင်းတွေ မလျှော်ပဲထားတဲ့ အ၀တ်တွေ တစ်ရှူးသုံးပြီးသားတွေရောပေ
မျက်စိဖွင့်ကတည်းက အမှိုက်ပုံမှာ နေနေရင် အမှိုက်နဲ့ တူတဲ့ ရလာဒ်တွေပဲ ရလာလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံတိုးတက်ချင်ရင် အမှိုက်တွေအရင်ရှင်းရမယ်။ အရင်အမှိုက်တွေကိုရှင်းဖို့အ
ကျွန်တော်ဆိုရင် သန့်ရှင်းရေးလုပ်တာတော်တဲ့ မိန်းမရှာယူထားတယ်၊ သားနှစ်ယောက်နဲ့ ကျနော်က ဖွ၊ သူကရှင်း 😬😬😬😄 စတာပါ၊ သန့်ရှင်းရေးက အိမ်ကနေစရပါမယ်၊ အိမ်ကနေ လမ်း၊ ရပ်ကွက်၊ မြို့နယ် ပြီးတော့မှ တစ်နိုင်ငံလုံး ကောင်းလာမှာပါ။ အခုဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ကစပြီး တစ်ဦးချင်းစီကနေ ပြုပြင်ကြရအောင်။
ကိုနိုင်ကြီး MBA(UK)
Certified NLP Master Practitioner
Certified John Maxwell Team Member
၁၇.၄.၂၀၁၆
နှစ်ဆန်းတစ်ရက်နေ့
#KoNaingGyiNotes
#NaingWinAungCoach
Photo - Thiri Su
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။