ညတစ်ဝက်ခန့် အိပ်ရေးပျက်လျှင် လူတစ်ယောက်၏ မှတ်ဥာဏ်ကို ချို့ယွင်းစေနိုင်ပြီး ဦးနှောက်ဆဲလ် များ၏ ပုံမှန်အပြုအမူကို ပြောင်းလဲစေနိုင် ကြောင်း အမေရိကန်သုတေသီများက ပြောကြားသည်။ အမေရိကန်နိုင်ငံ နယူးအော်လင်းစ်မြို့တွင် ပြု လုပ်ခဲ့သည့် အမေရိကန် ဦးနှောက်နှင့် အာရုံကြော ပညာရှင်များ၏ နှစ်ပတ်လည် ဆွေးနွေးမှု၌ အိပ်စက် ခြင်း၏ အရေးပါပုံကို အဓိကထား၍ စာတမ်းများတင်ပြ ခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင် လူငါးဦးလျှင် တစ်ဦးမှာ ဆိုးရွားသော အိပ်ပျက်ခြင်းပြဿနာနှင့် ကြုံတွေ့ရသော လက္ခဏာများတွေ့ရပြီး ယင်းအတွက် ကြောင့် အိပ်ပျက်ခြင်းနှင့် ဆက်စပ်နေသော အဝလွန်မှု၊ နှလုံးရောဂါပြဿနာများနှင့် မှတ်ဥာဏ်ပြဿနာများ မှာ အများပြည်သူ ကျန်းမာရေး ပြဿနာများ ဖြစ်လာ ကြောင်း သိရှိရသည်။
ယင်းညီလာခံတွင် တင်ပြသော အချက်များ၌ အိပ်ပျက်ခြင်းကြောင့် အရေးကြီးသော ဦးနှောက်အစိတ်အပိုင်းများ၏ ကွန်ရက်လုပ်ဆောင်မှုကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ယင်းကွန်ရက်ပျက်ယွင်းခြင်းကြောင့်အယ်လ် ဇိုင်းမားရောဂါကို ပိုဆိုးစေခြင်း၊ ဆက်သွယ်ပြောဆိုမှု ဆိုင်ရာ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက်ခြင်း စသော အကြောင်းအရာများကို တွေ့ရှိခဲ့သည်။ ကြွက်များနှင့် စမ်းသပ်ရာတွင် စိတ်ချောက်ချား စရာ အမှတ်ရမှုများကို အိပ်စက်ခြင်းဖြင့် လျော့ပါးစေ နိုင်ကြောင်းလည်း သုတေသီများက တင်ပြခဲ့ကြသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။