ဘဝမှာ စိတ်ဖိစီးမှု ကင်းကင်းနဲ့ သက်ရှည်ကျန်းမာနိုင်ဖို့က တကယ် မလွယ်ကူပါဘူး။ အသက်ရာကျော်ရှည်သူ အများစုဟာ နေထိုင်တဲ့ ရက်အများ စုမှာ ပျော်ရွှင်မှု ရှိကြသလို ကျန်းမာရေးလည်း ကောင်းမွန်တတ်ကြပါတယ်။ အဲဒီလို စိတ်ပျော်ရွှင်ပြီး သက်ရှည်ကျန်းမာတဲ့ ဘဝပိုင်ဆိုင်ဖို့ဆိုရင် အလွယ်နည်းတွေ ရှိနေပါတယ်။
(၁) တစ်ယောက်တည်း အထီးကျန်စွာ မနေပါနှင့်
အမျိုးသမီးတွေက အမျိုးသားတွေထက် ဘာကြောင့် အသက်ရှည်ရသလဲဆိုပြီး အံ့သြနေပါသလား။ အဓိက အကြောင်းရင်း တစ်ရပ်ကတော့ သူတို့က ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး သူတို့အခက်အခဲနဲ့ ပြဿနာတွေကို တခြားသူတွေထံ ရင်ဖွင့် ပြောဆိုလေ့ ရှိတာကြောင့်ပါ။ သင်လည်း ဘဝမှာ စိတ်ဖိစီးမခံစားနေရရင် တစ်ယောက်တည်း မျိုသိပ်ပြီး အိုမင်းအောင် မနေပါနဲ့။ သင့်က နားလည်မှု ပေးနိုင်မယ့်သူတွေကို ပြောပြလိုက်ရင် စိတ်ဖိစီးမှုတွေ အတန်အသင့် ပြေလျော့သွားပါလိမ့်မယ်။ တခြားသူရဲ့ ချစ်ခြင်းမေတ္တာ၊ ကရုဏာသက်မှုနဲ့ အားပေးမှုကို ရတဲ့အခါ ကိုယ်တွင်း ဖိစီးမှုက လျော့ကျသွားနိုင်ပါတယ်။
(၂) နှစ်ခြိုက်စွာ အိပ်ပျော်အောင် အိပ်ပါ
ရယ်မောတာ တစ်ခုတည်းနဲ့ ကိုယ်ခံစွမ်းအားကောင်းအောင် တည်ဆောက်လို့ မရပါဘူး။ တစ်ညမှာ ခုနစ်နာရီခန့် အိပ်စက်ပေးမှသာ သက်ရှည်စေပြီး စိတ်ဖိစီးမှု လျော့ကျမှာပါ။ အိပ်ရေးဝရင် မှတ်ဉာဏ်ကောင်းပြီး ကိုယ်ခံစွမ်းအားစနစ်လည်း ကောင်းမွန် နေပါလိမ့်မယ်။
(၃) ဝမ်းဗိုက်ပြည့်သည်အထိ အသက်ပြင်းပြင်း ရှူသွင်းပါ
ဘယ်အချိန် ဘယ်နေရာမှာမဆို လုပ်နိုင်ပါတယ်။ အဆုတ်တစ်ခုလုံး ပြည့်တဲ့အထိ နှာခေါင်းကနေ လေတွေ ရှူသွင်းလိုက်ပါ။ အောက်ဆီဂျင်ဓာတ် ရရှိတာကြောင့် သင့်အနေနဲ့ ပိုမိုပျော်ရွှင်လာသလို ပိုပြီး တက်ကြွနေပါလိမ့်မယ်။
(၄) မကြာခဏ ရယ်မောပါ
ရယ်မောတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေရုံသာမက လူမှုဆက်သွယ်ရေးကို ခိုင်ခံ့စေကာ သွေးဖိအားကျစေပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။